ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊၂၀၁၇၊ဒီဇင်ဘာ ၆
ဗန်းမော်ခရိုင်လူမှုဝန်ထမ်းရုံးနှင့်မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့၊ဗန်းမော်ခရိုင်ရုံးခွဲတို့မှပူးပေါင်း၍(၃.၁၂.၂၀၁၇)ရက်နေ့တွင် ကျရောက်သည့်အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားအား(၅.၁၂.၂၀၁၇)ရက်နေ့တွင်ဗန်မော်မြို့၊မြို့တော် ခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအခမ်းအနားတွင်မြို့နယ်အမျိုုးသားဒီမိုကရေစီပါတီနာယကဦးမရန်ဘောက်မှအဖွင့်အမှာစကား
ပြောကြားပြီး ကမ္ဘာ့ကုလသမဂ္ဂမှပေးပို့သောသဝဏ်လွှာကိုဗန်းမော်ခရိုင်လူမှုဝန်ထမ်းရုံး၊လက်ထောက်ညွန်ကြားရေးမှူးဦးသန်းထွန်းအောင်
မှ ဖတ်ကြားပါသည်။