ပဉ္စမအကြိမ်မြောက်မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနားကျင်းပခြင်း

ရခိုင်ပြည်နယ်၊စက်တင်ဘာ ၁၃ (၁၃.၉.၂၀၁၇)ရက်နေ့တွင်ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့၊ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ပဉ္စမအကြိမ်မြောက်မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာကျောက်ဖြူခရိုင်လူမှုဝန်ထမ်းရုံးမှလက်ထောက်ညွှန်ကြားရေးမှူးတက်ရောက်ခဲ့ပြီး

မြောင်းမြခရိုင်လူမှုဝန်ထမ်းရုံးနှင့်မြောင်းမြမူလတန်းကြိုကျောင်းသို့သွားရောက်စစ်ဆေးခြင်း

ဧရာဝတီတိုင်းဒေသကြီး ၊စက်တင်ဘာ ၁၃ လူမှုဝန်ထမ်းဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှတိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့သည်(၁၂.၉.၂၀၁၇)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်လူမှုဝန်ထမ်းရုံးနှင့်မြောင်းမြမူလတန်းကြိုကျောင်းသို့သွားရောက်၍

ခရိုင်/မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးများကျင်းပခြင်း

ဧရာဝတီတိုင်းဒေသကြီး၊စက်တင်ဘာ ၁၃ (၁၂.၇.၂၀၁၇)ရက်နေ့နံနက်(၁၀း၀၀)နာရီတွင်ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ (၂း၀၀)နာရီအချိန်တွင်မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီညှိနှိုင်းအစည်းအဝေးများကျင်းပခဲ့ပါသည်။

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ခေတ္တနေရပ်စွန့်ခွာတိုင်းရင်းသားများအတွက် လှူဒါန်းငွေများကို စနစ်တကျထိရောက်စွာ အသုံးပြုသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

နေပြည်တော်၊ စက်တင်ဘာ၁၃ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၁၁-၉-၂၀၁၇) ရက်နေ့တွင် ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA)မှ ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Janet E.Jacksonအား အဆိုပါ ၀န်ကြီးရုံး၊ မေခလာခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

အ‌ခြေခံစစ်တမ်းကောက်ယူခြင်း စိတ်လူမှုပံ့ပိုးကူညီမှုပေးခြင်းနှင့် ကလေးပျော်နေရာများ ဖန်တီးပေးခြင်း

ရခိုင်ပြည်နယ်၊စက်တင်ဘာ ၁၃ လူမှုဝန်ထမ်ဦးစီးဌာနမှနေရပ်စွန့်ခွာ၍စစ်တွေမြို့ပေါ်ရှိမဏိရတနာဘုန်းတော်ကြီးကျောင်း၊ဘုရားလေးဆူဘုန်း တော်ကြီးကျောင်း၊ ဆုတောင်းပြည့်ဘုန်းတော်ကြီးကျောင်း၊လရောင်ဝင်းဘုန်းတော်ကြီးကျောင်းတို့တွင်ခေတ္တခိုလှုံရောက်ရှိလာသောတိုင်းရင်းသားပြည်သူများအား အဖွဲ့(၄)ဖွဲ့ဖြင့်လူမှုရေးဆိုင်ရာအခြေခံစစ်တမ်းကောက်ယူ ခြင်း၊ စိတ်လူမှုပံ့ပိုးကူညီပေးခြင်းနှင့် ကလေးပျော်နေရာများ ဖန်တီးပေးခြင်း တို့ကို (၁၀.၉.၂၀၁၇)ရက်နေ့တွင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

သုံးမြွှာပူးမွေးဖွားသောမိခင်များအား မိခင်ဆုနှင့် ကလေးဆု များထောက်ပံ့ပေးအပ်ခြင်း

ပဲခူးတိုင်းဒေသကြီး၊စက်တင်ဘာ ၁၂ ပဲခူးမြို့၊ ဟင်္သာကုန်း(၁၉)ရပ်ကွက်၊ အောင်စိုးမိုးလမ်းတွင် နေထိုင်သော ဦးဇော်ဦး၊ ဒေါ်အေးမြင့်မြင့်မော် တို့မှ ယောက်ျားလေး သုံးမြွှာပူး မွေးဖွားခြင်းနှင့် အင်းတကော်မြို့၊ အမှတ်(၉၀၆) စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ ကိုယ်ပိုင် အမှတ်၊ တ-၄၅၈၇၁၅ တပ်သား နန်းဝင်း၏ ဇနီး ဒေါ်ဇာဇာမှ မိန်းကလေးသုံးမြွှာပူး မွေးဖွား ခြင်းတို့အတွက်

မိဘဆရာအသင်းနှစ်ပတ်လည်နှင့်ဉာဏပြိုင်ပွဲဆုပေးပွဲအခမ်းအနားကျင်းပခြင်း

မန္တလေးတိုင်းဒေသကြီး ၊စက်တင်ဘာ ၁၂ လူမှုဝန်ထမ်းဦးစီးဌာန၊မူလတန်းကြိုကျောင်းအမှတ်(၁)၊မန္တလေးမြို့၌(၁၂.၉.၂၀၁၇)ရက်နေ့တွင်မိဘဆရာအသင်းနှစ်ပတ်လည်နှင့်ဉာဏပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားအားကျင်းပပြုလုပ်ခဲ့ပါသည်။

ကရင်ပြည်နယ်အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ယက်ပြည်နယ်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

ကရင်ပြည်နယ် ၊စက်တင်ဘာ ၁၂ ကရင်ပြည်နယ်အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ယက်ပြည်နယ်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဘားအံမြို့၊ခွဲကဘောင်မိုတယ်တွင်(၈.၉.၂၀၁၇)ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ရာကရင်ပြည်နယ်လူမှုဝန်ထမ်းရုံးပြည်နယ် ဦးစီးမှူး တက်ရောက်ခဲ့ပါသည်။

ဉာဏစွမ်းရည်(ကဗျာ၊သီချင်း၊ပုံပြော)ပြိုင်ပွဲကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီး ၊စက်တင်ဘာ ၁၂ လူမှုဝန်ထမ်းဦးစီးဌာန၊မူလတန်းကြိုကျောင်းအမှတ်(၅)၊ရန်ကုန်မြို့၌(၁၂.၉.၂၀၁၇)ရက်နေ့တွင်ကျောင်းသား/ ကျောင်းသူကလေးများ၏ဉာဏစွမ်းရည် (ကဗျာ၊သီချင်းပုံပြော) ပြိုင်ပွဲကျင်းပ

ဝန်ကြီးဌာနနှင့်MOU လက်မှတ်ရေးထိုးထားသော DRC/ Diakonia/ DCA/ NCA အဖွဲ့များမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်ခြင်း

နေပြည်တော်၊စက်တင်ဘာ ၁၂ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန Monitoring and Evaluation Team အဖွဲ့သည် (၁၀.၉.၂၀၁၇)) ရက်နေ့မှ (၁၂.၉.၂၀၁၇)) ရက်နေ့အထိ ကယားပြည်နယ်အတွင်းရှိ ကျေးရွာများတွင် ဝန်ကြီးဌာနနှင့် MOU လက်မှတ်ရေးထိုးထားသော DRC/ Diakonia/ DCA/ NCA အဖွဲ့များမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစားငွေကြေး ထောက်ပံ့ပေးခြင်းလုပ်ငန်း စိုက်ပျိုးရေးကိရိယာ (AgriculturalTools)ထောက်ပံ့ပေးခြင်းလုပ်ငန်းမိုင်းအန္တရာယ်အသိပညာပေးခြင်းလုပ်ငန်းမိုင်းအန္တရာယ်ထိခိုက်ခံရသူများအားပြန်လည်ထူထောင်ရေး လုပ်ငန်းကျန်းမာရေးစောင့်ရှောက်မှုနှင့်အမျိုးသမီးစွမ်းအားမြင့်တင်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်ခဲ့ပါသည်။