ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်မှုနှင့် သက်ငယ်မုဒိမ်းမှုကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်း

မကွေးတိုင်းဒေသကြီး၊ ၂၆.၆.၂၀၁၇                    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် Save the Children , Gurdian အဖွဲ့တို့ ပူးပေါင်း၍ ပခုက္ကူ မြို့အတွင်းရှိ ကျွန်းညိုကြီး ကျေးရွာ၊ ဆင်လန်းကျေးရွာ၊ ချိုင်ကျေးရွာ  ပန်းတိုင်းခြုံကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်ဖြစ်သောအမှတ် (၁၁)ရပ်ကွက်တို့တွင် ၂၁.၆.၁၇ ရက်နေ့မှ ၂၃.၆.၁၇ ရက်နေ့ထိ ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်မှုနှင့်  သက်ငယ်မုဒိမ်းမှုကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ 

ရပ်ရွာအခြေပြု စက်ချုပ်သင်တန်း ဖွင့်လှစ်ခြင်း

ပဲခူးတိုင်းဒေသကြီး၊ ၂၃.၆.၂၀၁၇ ပဲခူးမြို့၊ ကြခတ်တောရဓမ္မရိပ်သာကျောင်း၌ ရပ်ရွာအခြေပြုစက်ချုပ်သင်တန်း (၂/၂၀၁၇)ကို သင်တန်းသူ(၃၀)ဦးဖြင့် (၂၁.၆.၂၀၁၇)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီချိန်တွင် ဖွင့်လှစ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဦးသုတနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ ပြီး သင်တန်းဖွင့်ပွဲတွင် ကြခတ်တောရဆေရာတော် နှင့် ညွှန်ကြားရေးမှူး ဦးသုတ တို့မှ အမှာစကား ပြောကြားခဲ့ပါသည်။ ဤသင်တန်းဖွင့်လှစ်ပေးခြင်းဖြင့် အမျိုးသမီးများအတွက် အလုပ်အကိုင် အခွင့်အလမ်း များ / ဝင်ငွေရလုပ်ငန်းဖြင့် ဘဝရပ်တည်ရေးကို အထောက်အကူများ ရရှိစေမည် ဖြစ်ပါသည်။

ပဲခူး အမှတ်(၂)မူလတန်းကြိုကျောင်းတွင် သွေးလွန်တုပ်ကွေးအသိပညာပေးဟောပြောပွဲ  နှင့် ပန်းချီပြိုင်ပွဲ ကျင်းပခြင်း

ပဲခူးတိုင်းဒေသကြီး၊  ၂၃.၆.၂၀၁၇     ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ အမှတ်(၂) မူလတန်းကြိုကျောင်းတွင် (၂၃.၆.၂၀၁၇) ရက်နေ့ နေ့လည် (၀၂:၀၀)နာရီ၌ Len Sen ဆေးကုမ္ပဏီမှ ဖိတ်ကြားပေးမှုဖြင့် ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ ရန်လင်းမြင့်မှ သွေးလွန်တုပ်ကွေး အသိပညာပေးဟောပြောခြင်းနှင့် ကလေးပန်းချီပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ကြောင်း သင်းရရှိပါသည်။

ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ အစည်းအဝေး ကျင်းပခြင်း

မကွေးတိုင်းဒေသကြီး၊ ၂၃.၆.၂၀၁၇         (၂၃.၆.၂၀၁၇)ရက်နေ့ မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးတွင် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေအရ တည်ထောင်ဖွင့်လှစ်သော နေ့ကလေးထိန်းဌာနနှင့် မူလတန်း ကြိုကျောင်းများ၊ ရပ်ရွာအခြေပြုနှင့် အိမ်အခြေပြုလုပ်ငန်းများအတွက် မှတ်ပုံတင်ကြေး၊ တည်ထောင် ခွင့်ပြုမိန့်၊ သက်တမ်းတိုးမြှင့်ကြေးနှင့်  အခြားအခကြေးငွေများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အတည် ပြုချက်ရယူ သတ်မှတ်နိုင်ရေးအတွက် တိုင်းဒေသကြီးကြီးကြပ်ရေးအဖွဲ့ အစည်းအဝေးကို ကျင်းပခဲ့ရာ

နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံး ဝန်​ကြီးဌာန၏​ထောက်​ပံ့မှုဖြင့် မြစ်ကြီးနားမြို့ရှိ IDP Camp များသို့ မွေးမြူရေးဝက်ထောက်ပံ့ပေးခြင်း

ကချင်ပြည်နယ်၊ ၂၃.၆.၂၀၁၇ နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံး ဝန်​ကြီးဌာန၏​ထောက်​ပံ့မှုဖြင့် ကချင်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ့ မြစ်​ကြီးနားမြို့ရှိ IDP Camp များဖြစ်​သည့်​မလိယန်​၊ ဘက်​လင်​နှင့်​စိန့်​​ယောဟန်​စခန်းများသို့ ဝက် ​၈၄ ​ကောင်​နှင့်​ တစ်​လခွဲစာအစာဖိုး များကို မြို့နယ်​တိ​မွေးကုဆရာဝန်​အကူအညီရယူလျက်​​ထောက်​ပံ့​ပေးခဲ့ပါသည်​။

မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းအဖွဲ့(၁၅)ကြိမ်မြောက် ပုံမှန်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ၂၃.၆.၂၀၁၇ ၂၀၁၇ ခုနှစ်၊ ဇွန်လ(၂၂)ရက်နေ့တွင် နေပြည်တော်၊ Grand Amara ဟိုတယ်၌ ကျင်းပပြု လုပ်သော မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းအဖွဲ့(၁၅)ကြိမ်မြောက် ပုံမှန်ညှိနှိုင်းအစည်းအဝေးသို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးမှ တက်ရောက်၍ အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။ မိုင်းနှင့်စစ်ကျန် ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်နိုင်ရန်(၂၇.၄.၂၀၁၂)ရက်နေ့တွင် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်း အဖွဲ့ကိုဖွဲ့စည်း၍ မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းများအား စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်(၁၄)ခုအနက် (၉) ခုတွင် မြေမြှပ်မိုင်းများနှင့်စစ်ကျန်ပေါက်ကွဲစေတတ်သော ပစ္စည်းများရှိနေနိုင်သည့်အတွက် မိုင်းအန္တရာယ်ကာကွယ်ရေးသည် မြန်မာနိုင်ငံတွင် ဦးစားပေးဆောင် ရွက်ရမည့်အရေးကိစ္စတစ်ခုဖြစ်ပါကြောင်း၊ထို့ကြောင့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ကရင်ပြည်နယ်တို့တွင် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ဒေသတွင်းလူမှုအဖွဲ့အစည်းများ၊နိုင်ငံတကာအစိုးရမဟုတ်သောလူမှုရေးအဖွဲ့အစည်းများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန်အတွက် ပြည်နယ်အဆင့်မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းအဖွဲ့များ ကိုဖွဲ့စည်း၍ အသိပညာပေးလုပ်ငန်းများ၊ ထိခိုက်ဒါဏ်ရာရရှိသူ ကူညီထောက်ပံ့ပေးရေးလုပ်ငန်းများ၊ သတင်းအချက်အလက်စီမံခန့်ခွဲမှုလုပ်ငန်းများ၊ မိုင်းရှင်းလင်းရေးအထောက်အကူပြုလုပ်ငန်းများကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသွားခဲ့ပါသည်။

လူမှုဝန်ထမ်းဦးစီးဌာန နှင့်ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း

နေပြည်တော်၊ ၂၃.၆.၂၀၁၇ (၂၃.၆.၂၀၁၇) ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခေတ္တ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အလုပ် အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ဒေါက်တာဥမ္မာတို့သည် လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ မန္တလေး မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း အဆင့်‌မြှင့်တင်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာစာချွန်လွှာအား လက်မှတ် ရေးထိုးဆောင်ရွက်ခဲ့ကြပါသည်။

မူကြိုအရွယ်ရင်သွေးငယ်များ၏ မိဘများနှင့်တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ၂၃.၆.၂၀၁၇ (၂၂.၆.၂၀၁၇)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် မူကြိုအရွယ်ရင်သွေးငယ်များ၏ မိဘများနှင့်တွေ့ဆုံ၍ ရင်သွေးငယ်များ အတွက် ပြုစုစောင့်ရှောက်ရေး နည်းလမ်းများနှင့် ဖွံ့ဖြိုးတိုးတက်မှုများအား ရှင်းလင်းဆွေးနွေးခဲ့ ပါသည်။

ပဲခူး အမှတ်(၂) မူလတန်းကြိုကျောင်းသို့ မြို့နယ်ကျောင်းကျန်းမာရေးဌာနမှ ကလေးငယ်များအား ကျန်းမာရေးနှင့် ပတ်သက်၍ ဟောပြောခြင်း

ပဲခူးတိုင်းဒေသကြီး၊ ၂၃.၆.၂၀၁၇      ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ အမှတ်(၂) မူလတန်းကြိုကျောင်းသို့ (၂၁.၆.၂၀၁၇) ရက်နေ့ နံနက် (၁၀:၀၀)နာရီချိန်တွင် ပဲခူးမြို့နယ် ကျောင်းကျန်းမာရေးဌာနမှ ဒေါက်တာ ကျော်ရဲဝင်း ( ဦးစီးအရာရှိ၊ သွား ကျန်းမာရေး) ဦးဆောင်သည့်အဖွဲ့မှ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးစစ်ဆေးခြင်း၊ ကလေးငယ်များအား ကျန်းမာရေးနှင့် ပတ်သက်၍ဟောပြောခြင်းများ ပြုလုပ်ခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြိုလှုပ်ရှားမှု အနေဖြင့် အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ၂၃.၆.၂၀၁၇ ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှ (၂၆.၆.၂၀၁၇)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြိုလှုပ်ရှားမှုအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း အကြောင်း အသိပညာပေး ဆွေးနွေးပွဲအခမ်းအနားကို ပြည်သူလူထုအတွင်း မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးခြင်းနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို သိရှိစေရန်ရည်ရွယ်၍ (၁၅.၆.၂၀၁၇) ရက်နေ့တွင် ဆက်စပ်ဌာနဆိုင်ရာများနှင့် World Vision (Myanmar) တို့ပူးပေါင်း၍ ကျောင်းသား/သူ တက်ရောက်အင်အား (၂၀ဝ)ဦးဖြင့် ဖျာပုံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းတွင် ပြုလုပ်ခဲ့ပါသည်။