ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီအစည်းအဝေး (၂/၂၀၂၁)

ဇွန်လ ၂၊ နေပြည်တော်
    ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင် ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အစည်းအဝေး(၂/၂၀၂၁)ကို ယနေ့နံနက်ပိုင်းက   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၏ စုပေါင်း အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်ခဲ့ပါ သည်။ 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကို ( ၁- ၆-၂၀၂၁ )ရက်နေ့၌ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့ပါသည်။ ထိုအစည်းအဝေးတွင် တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူးက ၂၀၁၉-၂၀၂၀ ခုနှစ်နှင့် ၂၀၂၀-၂၀၂၁ ခုနှစ် အတွင်း ဆောင်ရွက်ခဲ့သော ကလေးသူငယ်အရေးကိစ္စများနှင့် ရှေ့လုပ်ငန်းစဉ်များကို တင်ပြခဲ့ပါသည်။
    ထို့နောက် တက်ရောက်လာသော ကော်မတီဝင်များက မိမိတို့ဌာန/အဖွဲ့အစည်းများမှ ဆောင် ရွက်လျက်ရှိသော ကလေးသူငယ်အရေးကိစ္စများကို ဆွေးနွေးခဲ့ကြပါသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းသူများနှင့် အသက်(၈၅)နှစ်အထက် သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ခြင်းနှင့် ဝန်ကြီးဌာနလက်အောက်ရှိ

ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးမှ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားသို့တက်ရောက်

ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဦးထွန်းဦးသည် တောင်ကြီး မူလတန်းကြိုကျောင်းတွင် ပြုလုပ်သော ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ပြီး သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ပါသည်။
 

အာဆီယံအဆင့်မြင့်အရာရှိကြီး ယဉ်ကျေးမှုဆိုင်ရာဖိုရမ်သို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာ ဘာသာရပ်တာဝန်ခံများ Virtual Conferencing ဖြင့် အစည်းအဝေးတက်ရောက်ခဲ့ခြင်း

နေပြည်တော်၊ ၂၇.၅.၂၀၂၁ ASEAN High-Level Cultural Forum on Promoting an Adaptive ASEAN Community of Greater Understanding, Tolerance and a Sense of Regional Agendas Among the Peoples ASEAN အား (၂၇.၅.၂၀၂၁) ရက်နေ့၊ နေ့လယ် (၁၂:၃၀)နာရီ မှ (၁၅:၀၀) နာရီထိ Virtually ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာအဆင့်မြင့် အရာရှိကြီးများအစည်းအဝေး(SOMSWD)၏ ကိုယ်စားလှယ်ဖြစ်သူ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးနှင့် သက်ဆိုင်ရာ ဘာသာရပ်တာဝန်ခံများ တက်ရောက်ခဲ့ပါသည်။

မိုင်းဆတ်ခရိုင်လူမှုဝန်ထမ်းရုံးမှ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ် (ဇန်နဝါရီ၊ဖေဖော်ဝါရီ၊မတ်) အတွက် လူမှုရေးပင်စင်ထောက်ပံ့

၂.၅.၂၀၂၁

ရှမ်းပြည်နယ်(အရှေ့)၊ မိုင်းဆတ်ခရိုင်လူမှုဝန်ထမ်းရုံး၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်သောင်းသောင်းအေးမှ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ် (ဇန်နဝါရီ၊ဖေဖော်ဝါရီ၊မတ်) အတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးကိုမိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၊ ကျတီကျေးရွာအုပ်စုမှ အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွား(၈)ဦးနှင့် တန့်ဆိုင်ကျေးရွာအုပ်စုမှဘိုးဘွား(၂)ဦးအားရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်အတူအိမ်တိုင်ရာရောက်သွားရောက်ထောက်ပံ့ခဲ့ပါသည်။

မိုင်းဆတ်ခရိုင်လူမှုဝန်ထမ်းရုံးမှ မြို့နယ်ကလေးသူငယ်များဆိုင်ရာကော်မတီနှင့်အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

(၁၂.၅.၂၀၂၁) ရက်နေ့၌ ရှမ်းပြည်နယ်(အရှေ့)၊ မိုင်းဆတ်ခရိုင်လူမှုဝန်ထမ်းရုံးမှ မိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံးခန်းတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီနှင့်အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပါသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ ပြည်ထောင်စုနယ်မြေ၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊မသန်စွမ်းသူများနှင့်အသက်(၈၅)နှစ်အထက် သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ခြင်းများဆောင