မြန်မာနိုင်ငံကလေးများနေ့၊ ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၃)နှစ်မြောက်မွေးနေ့ အကြိုဂုဏ်ပြုအခမ်းအနားအစီအစဉ်ကျင်းပခြင်း

ရှမ်းပြည်နယ်၊၂၀၁၈၊ဖေဖေါ်ဝါရီ ၁၃ ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးလက်အောက်ရှိတောင်ကြီး၊ရပ်စောက်နှင့်အောင်ပန်းမူလတန်းကြိုကျောင်းများမှရင်သွေး ငယ်လေးများ၏ဆေးရောင်ခြယ်၊ကဗျာ၊သီချင်း၊ပဒေသာကပွဲများနှင့်ဒေသထွက် အစားအစာ များကျွေးမွေးခြင်းဖြင့်မြန်မာ နိုင်ငံကလေးများနေ့၊ ဗိုလ် ချုပ်အောင်ဆန်း၏ (၁၀၃)နှစ်မြောက်မွေးနေ့ အကြိုဂုဏ်ပြုအခမ်းအနား အစီအစဉ်ကို (၉.၂.၂၀၁၈) ရက်နေ့တွင် ပြုလုပ် ကျင်းပခဲ့ပါသည်။

မြန်မာကလေးများနေ့ အထိမ်းအမှတ်ပြင်ပ လေ့လာရေးသွားရောက်ခြင်း

ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ၂၀၁၈၊ဖေဖေါ်ဝါရီ ၉ မြန်မာကလေးများနေ့အထိမ်းအမှတ်အဖြစ်လူမှုဝန်ထမ်းဦးစီးဌာန၊မူလတန်းကြိုကျောင်း၊ကျိုင်းတုံမြို့မှကျောင်းသား/ကျောင်းသူ ကလေးငယ်များ အားပြင်ပလေ့လာရေး ခရီးအဖြစ်(၉.၂.၂၀၁၈)ရက်နေ့၌ ကျိုင်းတုံမြို့ရှိ ဘုရားများ၊ သမိုင်းပြခန်းနှင့် ပန်းဥယျာဉ်များ သို့ကျောင်းအုပ်နှင့်ကြီးကြပ်သူဆရာမ များ လိုက်ပါစောင့်ရှောက် ၍ ပို့ ဆောင်ပေးခဲ့

ကလေးများနေ့ဆေးရောင်ခြယ်ပန်းချီပြိုင်ပွဲကျင်းပခြင်း

မန္တလေးတိုင်းဒေသကြီး၊၂၀၁၈၊ ဖေဖေါ်ဝါရီ ၉ လူမှုဝန်ထမ်းဦးစီးဌာန၊မသန်စွမ်းသက်ငယ်သင်တန်းကျောင်း၊မန္တလေးမြို့တွင်(၁၃.၂.၂၀၁၈)ရက်နေ့တွင်ကျရောက်မည့်မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အဖြစ်ကလေးများနေ့ဆေးရောင်ခြယ်ပန်းချီပြိုင်ပွဲအား(၉.၂.၂၀၁၈)ရက်နေ့၌ကျင်းပပြုလုပ်ခဲ့ပြီးယင်းသင်တန်းကျောင်းမှမသန်စွမ်း ကလေး ငယ်များ ပါဝင် ယှဉ်ပြိုင်

မိခင်ဝိုင်းများသို့ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း

ကချင်ပြည်နယ်၊၂၀၁၈၊ဖေဖေါ်ဝါရီ ၉ လူမှုဝန်ထမ်းဦးစီးဌာန၊ဗန်းမော်ခရိုင်လူမှုဝန်ထမ်းရုံးမှကြီးမှူး၍ဗန်းမော်မြို့နယ်၊ညောင်ပင်သာကျေးရွာအုပ်စုတွင်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသော မိခင်ဝိုင်း(၁)၊(၂)များသို့ထောက်ပံ့ကြေးပစ္စည်းများပေးအပ်ခြင်းအခမ်းအနားအား(၈.၂.၂၀၁၈)ရက်နေ့တွင်ညောင်ပင်သာကျေးရွာအုပ်စု၊အုပ်ချုပ်ရေးမှူး ရုံး၌ကျင်းပခဲ့ပြီးဗန်းမော်ခရိုင်လူမှုဝန်ထမ်းရုံး၊လက်ထောက်ညွှန်ကြားရေးမှူးမှမိခင်ဝိုင်းများသို့ထောက်ပံ့ပစ္စည်းများအားအသီးသီးပေး အပ်ခဲ့

လူငယ်ရေးရာမူဝါဒဆိုင်ရာလုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးတိုက်တွန်း

နေပြည်တော်၊၂၀၁၈၊ဖေဖေါ်ဝါရီ ၉ Danishnstitute for Partiesand Democracy (DIPD) မှ ဦးဆောင်၍ ပါတီစုံဒီမိုကရေစီ အစီအစဉ်တွင် ပါဝင်သောနိုင်ငံရေး ပါတီပေါင်းစုံမှ လူ ငယ် (၄၀)ဦးတို့ အား လူငယ်ရေးရာမူဝါဒ လုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက် မှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပွဲကို (၈.၂.၂၀၁၈) ရက်နေ့၊ နံနက်က ဝန်ကြီးရုံးရှိ လူမှုဝန်ထမ်းဦးစီးဌာန အစည်းအေဝေး ခန်းမတွင် ကျင်းပခဲ့ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီအစည်းအဝေး(၁/၂၀၁၈)ကျင်းပ

နေပြည်တော်၊၂၀၁၈၊ဖေဖေါ်ဝါရီ ၈ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင်မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီအစည်းအဝေး (၁/၂၀၁၈)ကို (၇.၂.၂၀၁၈) ရက်နေ့၊ မွန်းလွဲ(၁)နာရီ၌ ဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာမြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေး ရာကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာ စကား‌ပြောကြားခဲ့ပါသည်။

မိခင်ဝိုင်းများသို့ ကွင်းဆင်းဆောင်ရွက်ခြင်း

ဧရာဝတီတိုင်းဒေသကြီး၊၂၀၁၈၊ဇန်န၀ါရီ ၇ လူမှုဝန်ထမ်းဦးစီးဌာန၊ ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကျော်သည် ဖျာပုံခရိုင်အတွင်းတွင် ဖွင့်လှစ်ဆောင်ရွက်လျက် ရှိသောမိခင်ဝိုင်းများသို့(၆.၂.၂၀၁၈)ရက်နေ့၌သွားရောက်ကြီးကြပ်ဆောင်ရွက်ခြင်း၊ပံ့ပိုးကူညီမှုများဆောင်ရွက်ပေးခြင်းတို့အားပြုလုပ်ဆောင် ရွက်ပေးခဲ့

မိခင်ဝိုင်းများသို့ ကွင်းဆင်းဆောင်ရွက်ခြင်း

တနင်္သာရီတိုင်းဒေသကြီး၊၂၀၁၈၊ဇန်န၀ါရီ ၇ တနင်္သာရီတိုင်းဒေသကြီး ၊ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲတွင်ဖွင့်လှစ်ဆောင်ရွက်လျက် ရှိသောမော်ကြီးရွာမိခင်ဝိုင်း၊၊ဂန့်ဂေါ်တောင်ရွာ မိခင် ၀ိုင်း၊ဖောင်းတောရွာမိခင်ဝိုင်း(၁)၊(၂) များ သို့ (၆.၂.၂၀၁၈) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန ၊တနင်္သာရီတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးဒေါ်ခင်စန်းရီ မှ ကွင်းဆင်း စစ်ဆေးဆောင်ရွက်

မူကြိုကျောင်းပေါင်းစုံကာယစွမ်းရည်ပြိုင်ပွဲကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၈၊ဇန်န၀ါရီ ၇ လူမှုဝန်ထမ်းဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှကြီးမှူးကျင်းပသော(၁၀၃)နှစ်ပြည့်ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကိုကြိုဆိုဂုဏ်ပြုသော အားဖြင့် ကလေးများနေ့အကြို လှုပ်ရှားမှုအဖြစ် ရန်ကုန်တိုင်းဒေသကြီး မူကြိုကျောင်းပေါင်းစုံ ကာယ စွမ်းရည်ပြိုင် ပွဲအား (၂.၂.၂၀၁၈) ရက်နေ့ ကျင်း ပပြု လုပ်ခဲ့ပါသည်။ ယင်းပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးဒေါက်တာကေသီကျော်၊ ဒုတိယညွှန်ကြားရေးမှူးဒေါ် နန္ဒာနွယ်ဟန်၊ ဗဟန်းမြို့နယ် ၊အထွေထွေအုပ်ချုပ်ရေးဥိးစီးဌာန ၊ဒုဦးစီးမှူးဦးရန်နိုင်ငြိမ်းတို့မှ ဖဲကြိုးဖြတ်၍ပြိုင်ပွဲ အခမ်းအနား အားဖွင့်လှစ်ခဲ့ ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံသံအမတ်ကြီးမှ လာရောက် တွေ့ဆုံ

နေပြည်တော်၊၂၀၁၈၊ဖေဖေါ်ဝါရီ ၅ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာ ၀င်းမြတ်အေးအားမြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး H.E. Mr. Pier Giorgio Aliberti (၂.၂.၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါ ၀န်ကြီးရုံးမေခလာခန်းမ ၌ လာရောက်တွေ့ ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီး H. E. Mr. Pier Giorgio Aliberti က ရခိုင်ပြည်နယ် တွင် အစိုးရ၏ ဆောင်ရွက်ချက်များ အပေါ်အသိအမှတ်ပြုပါကြောင်း၊ ရခိုင်ပြည်နယ်ဖြစ်စဉ် ၏ ရှုပ်ထွေးမှု ကို နားလည် ပါကြောင်း ၊နေရပ် စွန့်ခွာသူများပြန်လည် လက် ခံရေးလုပ်ငန်း တိုးတက်မှုဖြစ်စဉ်များ၊ UEHRD ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပူးပေါင်းကူညီနိုင်မည့်နည်းလမ်းများ၊ အီတလီနိုင်ငံမှ အစိုးရမ ဟုတ်သောနိုင်ငံ တကာအဖွဲ့အ စည်းဖြစ်သည့် Emergency အဖွဲ့မှ ရခိုင်ပြည်နယ် တွင် ကျန်းမာရေး ဆိုင်ရာ လိုအပ်ချက်များ ဆန်းစစ်ရန် လာရောက် လိုသည့်ကိစ္စများကို မေးမြန်း ဆွေးနွေးခဲ့ပါသည်။