ရခိုင်ပြည်နယ်၊စစ်တွေ၊၂၀၁၇၊အောက်တိုဘာ ၃၀
ရခိုင်ပြည်နယ်အတွင်းUEHRDလုပ်ငန်းများကိုဆောင်ရွက်ရာတွင်ဘက်ပေါင်းစုံမှပူးပေါင်းပါဝင်နိုင်ပြီးအားလုံးပါဝင်သောအင်အားတစ်ရပ်ဖြင့်အကောင် အထည်ဖော်နိုင်ရေးကို စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း UEHRD ၏ ရည်ရွယ်ချက်ကို အကောင်အထည် ဖော်ဆောင်ရာတွင် ပြည်တွင်းရှိသောအင်အားကို အဓိကထားပြီး မူလအခြေအနေများထက် ပိုမိုကောင်းမွန်သော အခြေအနေတစ်ရပ်ကို ပြန်လည်ပြင်ဆင်ဆောင်ရွက်နေကြကြောင်း၊လူသားချင်းစာနာမှုအကူအညီပေးရေးလုပ်ငန်းများနှင့်အတူဖွံ့ဖြိုးတိုးတက်ရေးကိုလည်းတစ်ပြိုင်နက် တည်းဆောင်ရွက် နေကြောင်း ဖြင့် (၂၉.၁၀.၂၀၁၇)ရက်နေ့၊နံနက်ပိုင်းက စစ်တွေမြို့၊ ပြည်နယ်အစိုးရရိပ်သာအစည်းအဝေးခန်းမတွင် ကျင်းပသော ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ UEHRD ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းမြတ်အေး က ပြောကြားခဲ့ပါသည်။