၈-၁၁-၂၀၂၁ နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာန၏ ဖွဲ့စည်းပုံတိုးချဲ့ပြင်ဆင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းအစည်း အဝေးအား ယနေ့မွန်းလွဲပိုင်းတွင် ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ပါသည်။

၅.၁၁.၂၀၂၁ နေပြည်တော်

ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်မှုများ ဆိုင်ရာအစည်းအဝေးအား ယနေ့မွန်းလွဲပိုင်းက ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊   ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

၃.၁၁.၂၀၂၁၊ နေပြည်တော်     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနက ဖွင့်လှစ်ထားရှိသည့် လူငယ်နှင့်အမျိုးသမီးသင်တန်းကျောင်းများအတွက် သင်တန်း ကျောင်းဆိုင်ရာလက်စွဲ (Standard Operating Procedure)(SoP) ရေးဆွဲထားရှိမှုအပေါ် ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့နံနက်က Video Conferencing စနစ်ဖြင့် ကျင်းပ ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးများနှင့် သင်တန်း ကျောင်းအသီးသီးမှ တာဝန်ခံ/ကျောင်းအုပ်များ တက်ရောက်ကြပါသည်။

၂၅.၁၀.၂၀၂၁၊ နေပြည်တော်

Generic Social Work သင်တန်းဖွင့်ပွဲအခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်တို့က တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

၁။      လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဆောင်သော တာဝန်ရှိသူများနှင့်အတူ ၁၇-၁၀-၂၀၂၁ ရက်နေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ ကန်သုံးဆင့်ရေပြင်တွင် ကျင်းပပြုလုပ်သော ဖိုင်ဘာစက်လှေ(40HP)များ စမ်းသပ်မောင်းနှင်မှုအား ကြည့်ရှုခြင်းနှင့် လွှဲပြောင်းလက်ခံ ဆောင်ရွက်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက  ဝန်ကြီးဌာနအနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု‌ စက်ဝန်းအတိုင်း ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ အလျင်အမြန်တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ  ဘေးဖြစ်ပွားနေစဉ် အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့်ပစ္စည်းများဖြစ်သည့် Speed Boat၊ ဖိုင်ဘာစက်လှေ၊ အသက်ကယ်အင်္ကျီ၊ ဘောကွင်း၊ အသက်ကယ်ကြိုးခွေ၊ ရေစုပ်စက်၊ တာပေါ်လင်၊ ရေသန့်ဆေးများကို နှစ်စဉ်ဝယ်ယူဖြည့်တင်းပြီး ကြိုတင်စုဆောင်းထားရှိကာ လိုအပ်ချက်အရ ထောက်ပံ့ပေးနေမှုအခြေအနေများကို ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်အမျိုးမျိုးကြောင့် ထိခိုက်ဆုံးရှုံးခဲ့သည့် အခြေအနေများနှင့် လိုအပ်သောကြိုတင်ပြင်ဆင်မှု စီမံခန့်ခွဲမှုလုပ်ငန်းများ၊ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြပါသည်။
နေပြည်တော်၊အောက်တိုဘာ ၁၅ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှကြီးမှူး၍ အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသော စတုတ္ထအကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးအဆင့် အစည်းအဝေး(4th ASEAN Ministerial Meeting on Women – 4th AMMW)ကို (၁၅.၁၀.၂၀၂၁)ရက်နေ့၊ မြန်မာ စံတော်ချိန်နံနက်(၀၈:၃၀)နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
(၂၃) ကြိမ်မြောက် အာဆီယံအမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးဆိုင်ရာကော်မရှင်အစည်းအဝေး (23rd ACWC) အား (၁၂.၁၀.၂၀၂၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၈:၃၀ မှ ၁၂:၀၀) ထိလည်းကောင်း၊ (၈)ကြိမ် မြောက် အာဆီယံ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက် ရေးနှင့်မြှင့်တင်ရေးဆိုင်ရာကော်မရှင် အစည်းအဝေး- အာဆီယံ အမျိုးသမီးရေးရာ ကော်မတီ အစည်းအဝေး (8th ACWC- ACW Meeting)အား နေ့လည် (၁:၃၀ မှ ၃:၃၀) ထိ လည်း ကောင်း virtually ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူလူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ စန်းစန်းအေး နှင့် အာဆီယံ အမျိုးသမီးအခွင့်အရေးများဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ မြန်မာနိုင်ငံ အမျိုး သမီးရေးရာ အဖွဲ့ချုပ်၊ ဥက္ကဋ္ဌ၊ ဒေါက်တာသက်သက်ဇင်နှင့် သက်ဆိုင်ရာ ဘာသာရပ်တာဝန်ခံ များမှ တက်ရောက်ခဲ့ပါသည်။
၂၀၂၁ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှကြီးမှူး၍ အာဆီယံအမျိုးသမီးကော်မတီအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင် ကျင်းပသည့် (၂၀)ကြိမ်မြောက် အာဆီယံ အမျိုးသမီးကော်မတီ အစည်းအဝေး(20th ACW –ASEAN Committee on Women Meeting)နှင့်(၁၃)ကြိမ်မြောက် အာဆီယံအမျိုးသမီးကော်မတီ အပေါင်းသုံး အစည်းအဝေး (13th ACW plus 3 Meeting) များကို လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(လုပ်ငန်း)ဒေါ်ခင်မေနု နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။