၂၀၂၃ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် မော်လမြိုင်ခရိုင် GBV အသိပညာပေးအစီအစဉ်ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးခန်းမ၌ (၅-၁၂-၂၀၂၃)ရက်နေ့၊ မွန်းလွဲ (၁၄း၀၀) နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။
၂၅-၁၁-၂၀၂၃ (စနေနေ့)၊ မွန်ပြည်နယ် မွန်ပြည်နယ်အမျိုးသမီးကော်မတီက ကြီးမှူးပြီး ၂၀၂၃ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို (၂၅-၁၁-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
နေပြည်တော်၊ နိုဝင်ဘာလ ၂၅ ရက် ၂၀၂၃ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီက ဦးဆောင်၍ ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်၊ Hotel Max ၊ ကုမုဒြာခန်းမ၌ ကျင်းပခဲ့ပါသည်။
၂၀.၁၁.၂၀၂၃၊ ရန်ကုန် (၂၀.၁၁.၂၀၂၃) ရက်နေ့ နံနက် (၁၁:၃၀)နာရီတွင် ကြည့်မြင်တိုင်မျက်မမြင်ကျောင်း၌ ကျင်းပပြုလုပ်သည့် (၂၀.၁၁.၂၀၂၃) ရက်နေ့မှ (၁၆.၂.၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်ဆောင်ရွက်သည့် “မျက်မမြင်လက်စမ်းစာ အရေး/အဖတ် (၃) လသင်တန်း” ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး၊ ခရိုင်ဦးစီးမှူးများ၊ မသန်စွမ်းကျောင်းများမှ ကျောင်းအုပ်များနှင့် သင်တန်းသား (၁၀) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
၂၀.၁၁.၂၀၂၃၊ ရန်ကုန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ကျရောက်သည့် (၃၄) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို (၂၀.၁၁.၂၀၂၃) ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင် အမျိုးသမီးကလေးများသင်တန်းကျောင်း (ရန်ကုန်) တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့ဝင်များ၊ ခရိုင်ဦးစီးမှူးများ၊ ဌာနငယ်/ သင်တန်းကျောင်းများမှ ကျောင်းအုပ်များ၊ မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများ၊ မသန်စွမ်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ နန်းဦးဖွံ့ဖြိုးရေးပရဟိတဂေဟာမှ ကလေးများ စုစုပေါင်း (၂၄၀) ဦး တက်ရောက်ခဲ့ကြပါသည်။
၂၀ နိုဝင်ဘာ ၂၀၂၃၊ နေပြည်တော်     (၃၄) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို (၂၀-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပ......
၁၆ နိုဝင်ဘာလ ၂၀၂၃ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှ (၁၆) ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ၊ ဟာလောင်းမြို့တွင် ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၉) ကြိမ်မြောက် အာဆီယံလူမှု ဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာသက်သက်ဇင်နှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဘာသာရပ်ဆိုင်ရာတာဝန်ခံများ ပါဝင်တက်ရောက်ခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို (၃.၁၁.၂၀၂၃) ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရှမ်းပြည်နယ်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
လူမှုကာကွယ်စောင့်ရှောက်ရေး အညွှန်းကိန်းတွက်ချက်ရေးညှိနှိုင်း အစည်းအဝေးအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌လည်းကောင်း၊ နေ့လယ်ပိုင်းတွင် လူမှုစီးပွားရေးဆိုင်ရာလုပ်ငန်း (Social Enterprise) သင်တန်းဆင်းပွဲအခမ်းအနားကို ပညာရေးဝန်ကြီးဌာန၊ Naypyitaw State Academy တွင်လည်းကောင်းကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ပါ ဝန်ကြီးဌာနများမှ ဝန်ထမ်းများအား ဖွင့်လှစ်ပို့ချပေးမည့် “ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ Hotel Amara ၌ ကျင်းပပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။