ထားဝယ်၊ ၁.၉.၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ မူလတန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းများနှင့် မိခင်ဝိုင်းများရှိကလေးငယ်များ၏ မိဘများ၊ ဆရာ၊ဆရာမများ၊ အုပ်ထိန်းသူများနှင့် တွေ့ဆုံ၍ ရှေးဦးအရွယ်ကလေးသူငယ်များ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။
နေပြည်တော်၊ ၃၀-၈-၂၀၁၉ တစ်ဘက်နိုင်ငံသို့ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံ က ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ASEAN-ERAT အဖွဲ့၏ ကနဦးလိုအပ်ချက်ဆန်းစစ် လေ့လာမှုအစီရင်ခံစာအား ၂၀၁၉ခုနှစ်၊ ဧပြီလအတွင်း အတည်ပြုခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ အစီရင်ခံစာတွင် ပါဝင်သည့် အာဆီယံအနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍရပ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
နေပြည်တော် ၊ ၂၉-၈-၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဗြိတိန်သံရုံး၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန (Department of International Development –DFID) အကြီ်းအကဲအဖြစ် တာဝန်ထမ်းဆောင်ရန် အသစ်ရောက်ရှိ လာသူ Mr. Rurik Marsden အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံပါသည်။
နေပြည်တော် ၊ ၂၇-၈-၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Mines Advisory Group (MAG) အဖွဲ့မှ Country Director ဖြစ်သူ Mr. Bekim Shala ဦးဆောင်သောအဖွဲ့က ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ ဂါရဝပြုလာရောက်တွေ့ဆုံခဲ့ပါသည်။
နေပြည်တော်၊ ၂၆.၈.၂၀၁၉ ပဋိပက္ခအတွင်း အမျိုးသမီးများအားအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းစီမံချက်(မူကြမ်း) အတည်ပြုနိုင် ရေးနှင့် Technical Working Group ဖွဲ့စည်း ဆောင်ရွက်နိုင်ရေး အကြံပြုဆွေးနွေးခြင်း များအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
ရန်ကုန်၊ ၂၁-၈-၂၀၁၉ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှူးရုံး၌ Japn Heart အဖွဲ့အစည်းနှင့် တွေ့ဆုံ ခဲ့ပါသည်။ တွေ့ဆုံရာတွင် ဂျပန်နိုင်ငံမှ မသန်စွမ်းသူများဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေသည့် အဖွဲ့အစည်း များနှင့် ရင်းနှီးစွာ လက်တွဲဆောင်ရွက်နေသည့်အခြေအနေ၊ အမြင်အာရုံ မသန်စွမ်းသူများအတွက်
‌နေပြည်တော်၊ ၁၉.၈.၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက အဖွင့်အမှာ စကားပြောကြားရာတွင် CRC၊ CEDAW ၊ CRPD စတဲ့ Convention(၃)ခု၏ အတွေ့အကြုံများအရ CEDAW Report တင်ခဲ့စဉ်က Regular Report တင်သွင်းခဲ့သလို Exceptional Report ကိုလည်း တင်သွင်းခဲ့ ရပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦစီးဌာနဘက်က CRPD ကိုလည်း Regular Report တင်သွင်းရမည်ဖြစ် ပါကြောင်း၊ CEDAW နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ Exception Report တောင်းလာတဲ့အတွက်