နေပြည်တော်၊ ၂၅.၃.၂၀၁၉ လူငယ်ရေးရာမူဝါဒဆိုင်ရာ မဟာဗျူဟာအဆင့် စီမံချက်မူကြမ်း အတည်ပြုဆွေးနွေးပွဲ ကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက တက်ရောက်အမှာစကား ပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းရည်ပြည့်ဝသော လူသားအရင်းအမြစ်များဖြစ်ပေါ်လာစေရန် ပဋိသန္ဓေတည်ချိန်မှ အစပြု၍ သက်ကြီးရွယ်အိုထိ
နေပြည်တော်၊ ၂၅.၃.၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဒေါ်နော်ပွယ်စေးနှင့် တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင်များ၊ အဖွဲ့အစည်းအသီးသီးက လူငယ်များနှင့်တွေ့ဆုံ၍ လူငယ်ရေးရာမူဝါဒ ဆိုင်ရာကိစ္စများကို တွေ့ဆုံဆွေးနွေး ခဲ့ကြပါသည်။
နေပြည်တော်၊ ၂၅.၃.၂၀၁၉ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Burgener အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထို့သို့ တွေ့ဆုံရာတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၏ ရုံးနှင့် ဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်လျက်ရှိသော နေရပ်စွန့်ခွာသူများအတွက် မြန်မာနိုင်ငံအစိုးရမှ ဆောင်ရွက်နေမှုများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပါဝင်သည့် “ Factsheet” ရေးသားပြုစုနေမှု နောက်ဆုံးအခြေအနေများ၊ အဆိုပါ “Factsheet” အား
ရန်ကုန်၊ ၂၃.၃.၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင်များ၊ အဖွဲ့အစည်းအသီးသီးက လူငယ်များနှင့်တွေ့ဆုံ၍ လူငယ်ရေးရာမူဝါဒဆိုင်ရာ ကိစ္စများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
မတ်လ ၂၂၊ စစ်တွေ လူငယ်ရေးရာမူဝါဒဆိုင်ရာနှင့်ပတ်သက်၍ ပြည်ထောင်စုနယ်မြေရှိ လူငယ်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌လည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ လူငယ်များနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ လည်းကောင်း ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားပါသည်။
မတ်လ ၂၁၊ စစ်တွေ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ညနေပိုင်းက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ အစည်းအဝေးခန်းမတွင် ရခိုင်ပြည်နယ်တွင် လက်တလောဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်နေရသောမိသားစုများအား စနစ်ကျပြီး လက်ဝယ်အရောက် ထောက်ပံ့နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။

နေပြည်တော်၊ ၂၁.၃.၂၀၁၉
    လူငယ်ရေးရာမူဝါဒနှင့်ပတ်သက်၍ ပြည်ထောင်စုနယ်မြေအတွင်းရှိ လူငယ်များနှင့်တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးက လူငယ်ရေးရာမူဝါဒကို နိုင်ငံတော်အစိုးရသစ်လက်ထက် ရက်(၁၀၀)စီမံချက်တွင် ထည့်သွင်းဆောင်ရွက်ခဲ့ပြီးလူငယ်ထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာများမှ လူငယ်များ၊ ရပ်ရွာအတွင်းရှိ လူငယ်များအားလုံးပါဝင် စေလိုကြောင်း၊ လူငယ်များ၏အခွင့်အရေးမြှင့်တင်ပေးရန် ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်ပေးရန်

မန္တလေး၊ ၁၇.၃.၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ မိခင်ဝိုင်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် တိုင်းလူငယ်ရေးရာကော်မတီ အဖွဲ့ဝင်များအပါအဝင် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ လူငယ်အဖွဲ့အစည်းများအား တွေ့ဆုံဆွေးနွေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။
နေပြည်တော်၊ ၁၅.၃.၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး H.E Ms. Andrea Faulkner နှင့် UNICEF ဌာနေကိုယ်စားလှယ် Ms. June Kunnugi တို့က ယမန်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ အသီးသီးလာရောက် တွေ့ဆုံ ခဲ့ပါသည်။ သြစတြေးလျသံအမတ်ကြီးနှင့် တွေ့ဆုံရာတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် သြစတြေးလျအစိုးရမှ ပညာသင်ဆုများပေးအပ်နေမှုအခြေအနေများ၊