ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးတွင် ပြည်သူများပူးပေါင်းပါဝင်လှူဒါန်း

၂၆.၈.၂၀၁၈၊ ရန်ကုန် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့်အတူယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးတွင် ကျင်းပပြုလုပ်သည့် ရေဘေးသင့် ဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူငွေများ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ပြည့်တန်ဆာဆိုင်ရာ ဥပဒေ (မူကြမ်း)နှင့် ပတ်သက်၍ အစည်းအဝေးကျင်းပ

နေပြည်တော်၊ ၂၈.၈.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၈.၈.၂၀၁၈ ရက်နေ့ နေ့လည် (၁း၀၀)နာရီတွင် ပြည့်တန်ဆာဆိုင်ရာ ဥပဒေ (မူကြမ်း) အစည်းအဝေးကို လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက အဖွင့်အမှာစကားပြောကြားပြီး ဌာနဆိုင်ရာ အကြီးအကဲများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများနှင့် UN အဖွဲ့အစည်းများမှ (၄၂)ဦး တက်ရောက်ဆွေးနွေးခဲ့ပါသည်။

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးအောင်အား World Bank မှ လာရောက်တွေ့ဆုံ

နေပြည်တော်၊ ၂၈.၈.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးစိုးအောင်အား World Bank မှ Infrastructure Specialist and Task Team Leader ဖြစ်သူ Ms.Henrike Brecht က နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။

မသန်စွမ်းမှုဆိုင်ရာ ဝေါဟာရအသုံးအနှုန်းလက်စွဲလမ်းညွှန်စာအုပ် ပြုစုထုတ်ဝေမည်

ရန်ကုန်၊ သြဂုတ် ၂၈ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ကဦးဆောင်၍ မြန်မာနိုင်ငံ နားမကြားသူများ ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့နှင့် မသန်စွမ်းအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုဖြင့်ပြုစုထားသော “ မသန်စွမ်း မှုဆိုင်ရာ ဝေါဟာရအသုံးအနှုန်းလက်စွဲလမ်းညွှန်စာအုပ်” အတည်ပြုထုတ်ဝေနိုင်ရေးအတွက် တွေ့ဆုံညှိနှိုင်းခြင်းကို ရန်ကုန်မြို့ လူမှုဝန်ထမ်းဦးစီးရုံးတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအားOpen Society Myanmar အဖွဲ့ကလာရောက်တွေ့ဆုံ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအားOpen Society Myanmar မှ အမှုဆောင်ညွန်ကြားရေးမှူး ဒေါက်တာဝင်းသိန်း ဦးဆောင်သော အဖွဲ့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ပြည်သူများအတွက် အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်သော ဘေးဒဏ်ခံ ဘက်စုံသုံးအဆောက်အဦများ ဆောက်လုပ်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပန်းတောင်းမြို့နယ်၊ မင်းရပ်ရပ်ကွက်တွင် အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်ထားသော သဘာဝဘေးဒဏ်ခံဘက်စုံသုံး အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုကို သွားရောက်ကြည့်ရှုပြီး ပြည်သူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံကာ လိုအပ်ချက်များ ဖြေရှင်း ဖြည့်ဆည်းပေးခြင်းများကို ဆောင်ရွက် ခဲ့ပါသည်။ အဆိုပါ သဘာဝဘေးဒဏ်ခံ ဘက်စုံသုံးအဆောက်အဦအား ပတ်ဝန်းကျင်ရှိ ကြခတ်ရပ်ကွက်နှင့် မင်းရပ် ရပ်ကွက်တို့မှ အိမ်ခြေ(၇၁၇)မှ လူဦးရေစုစုပေါင်း သုံးထောင်ကျော်ခိုလှုံ နိုင်မည်ဖြစ်ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေတောင်မြို့နယ် ကျွန်းကလေး ရွာတွင် ဆောက်လုပ်ထားသော သဘာဝဘေးဒဏ်ခံဘက်စုံသုံး အဆောက်အဦအားသွား ရောက်ကြည့်ရှု ပြီး ဒေသခံပြည်သူလူထုများနှင့်တွေ့ဆုံကာ

ရခိုင်ပြည်နယ်ရှိ ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် (UEHRD) ပြည်ထောင်စုစီမံကိန်းသို့ Mobile Medical Clinic ရွေ့လျားဆေးကုသခန်းလှူဒါန်း

ရခိုင်ပြည်နယ်ရှိ ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး ပြန်လည်နေရာ ချထားရေး ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD)သို့ International Language & Business Center (ILBC)Co. Ltdနှင့်Care Well Medical Co. ltdတို့ပူးပေါင်းပြီး ရူပါသိဒ္ဓိ လျှပ်စစ်ကား ထုတ်လုပ်ရေး စက်ရုံတွင် ထုတ်လုပ်ထားသည့် Mobile Medical Clinic ရွေ့လျားဆေးကုသခန်း လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စက်မှုဇုန်(၁)ရူပါသိဒ္ဓိ လျှပ်စစ်ကား ထုတ်လုပ်ရေး စက်ရုံဝင်း အတွင်း၌ ကျင်းပသည်။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စု ၀န်ကြီးဒေါက်တာမြင့်ထွေး၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

မြန်မာနိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (၂၀၁၈-၂၀၃၀) ဆိုင်ရာ လုပ်ငန်းအစီအစဉ်များဖော်ဆောင်ရေး ၀န်ကြီးဌာနအဆင့် ညှိနှိုင်းဆွေးနွေး

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းရေးတွင် မြန်မာနိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ သာယာဝပြောမှုနှင့် မိတ်ဖက်ဖြစ်မှု၊ ပြည်သူနှင့် ကမ္ဘာကြီးပါဝင်သော မဏ္ဍိုင်ကြီး(၃)ခုကို အခြေခံပြီး ရည်မှန်းချက် ပန်းတိုင် (၅)ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်ဖြစ်ပါသည်။ ရည်မှန်းချက်ပန်းတိုင် (၅)ရပ်မှာ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ လုံခြုံရေးနှင့် ကောင်းမွန်သော အုပ်ချုပ်ရေး၊ စီးပွားရေး တည်ငြိမ်အားကောင်းလာရေး၊ အလုပ်အကိုင် ဖန်တီးရေးနှင့် ပုဂ္ဂလိက ကဏ္ဍဦးဆောင် သည့်ဖွံ့ဖြိုးတိုးတက်ရေး၊ (၂၁)ရာစု လူမှုအသိုက်အ၀န်းအတွက် လူသားအရင်းအမြစ်နှင့် လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝ အရင်းအမြစ်များနှင့် ပတ်ဝန်းကျင် တည်တံ့ရေးတို့ဖြစ်ပါပြီး ထိုရည်မှန်းချက်ပန်းတိုင်များ ပြည့်မီစေရန် ၀န်ကြီးဌာန အသီးသီးက တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်းရှိ သင်တန်သူများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တွေ့ဆုံအားပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော်ကြီးကို သွားရောက် ဖူးမျှော် ကြည်ညိုကာ ပန်း၊ ဆီမီး၊ ရေချမ်း ဆက်ကပ်ခဲ့ပြီး အလှူငွေများ ပေးအပ်လှူဒါန်း၍ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြိတ်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းသို့ ရောက်ရှိပြီး နိုင်ငံတော်က တာဝန်ယူစောင့်ရှောက်ထားသော အမျိုးသမီးများနှင့် ကလေးများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားပြောကြားကာ သင်ကြားပေးနေသည့် ပညာရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ ထို့နောက် တာဝန်ရှိသူများက ကျောင်း၏ လိုအပ်ချက်များကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။