ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အင်ဒိုနီးရှားနိုင်ငံမှ လှူဒါန်းသော စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊၂၀၁၇၊စက်တင်ဘာ၂၇ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည်ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် တာဝန်ရှိသူများနှင့်အတူ (၂၆.၉.၂၀၁၇)ရက်နေ့၊ နံနက် ၉ နာရီတွင် ရဟတ်ယာဉ်ဖြင့် စစ်တွေမြို့မှ ရသေ့တောင်မြို့နယ်တွင်းရှိ ကျေးရွာများသို့ သွားရောက်ပြီး အင်ဒိုနီးရှားနိုင်ငံမှ လှူဒါန်းသောစားနပ်ရိက္ခာများကိုကူညီထောက်ပံ့ပေးသည်။

လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ရာတွင် Red Cross Movement ၏ အကောင်အထည်ဖော်မှုများ စနစ်တကျဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

နေပြည်တော်၊၂၀၁၇၊စက်တင်ဘာ ၂၆ ARSAအကြမ်းဖက်တိုက်ခိုက်မှုများကြောင့်ရခိုင်ပြည်နယ်မြောက်ပိုင်းရှိလူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်သူအားလုံးကိုRed Cross Movementဖြင့်ကူညီထောက်ပံ့မှုများကိုထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး တစ်ရပ်ကိုစစ်တွေမြို့၊ပြည်နယ်အစိုးရဧည့်ရိပ်သာခန်းမတွင် ၂၀၁၇ခုနှစ်၊ စက်တင်ဘာလ၊ (၂၅)ရက်နေ့ ည (၇)နာရီတွင် ကျင်းပရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ Red Cross Movement တွင် ပါဝင်သော မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS)၊ ICRC နှင့် IFRC တို့မှ တာဝန်ရှိသူများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပါသည်။

စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊တည်ထောင်ခွင့်ပြုမိန့်မှတ်ပုံတင်ရေးနှင့်ထောက်ပံ့ရေးလုပ်ငန်းလမ်းညွှန်နှင့် ဂေဟာ/သင်တန်းကျောင်းများတွင်အနိမ့်ဆုံးရှိရမည့်ပြုစုစောင့်ရှောက်ခြင်းနှင့်အကာအကွယ်ပေးခြင်း ဆိုင်ရာစံချိန်စံညွှန်းစာအုပ် များမိတ်ဆက်ဖြန့်ချိခြင်းအခမ်းအနား

နေပြည်တော်၊၂၀၁၇၊စက်တင်ဘာ ၂၆ ၂၀၁၇ခုနှစ်၊စက်တင်ဘာလ(၂၆)ရက်နေ့၌နေပြည်တော်၊သင်္ဂဟဟိုတယ်၌စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊တည်ထောင်ခွင့်ပြုမိန့်မှတ်ပုံ တင်ရေးနှင့်ထောက်ပံ့ရေးလုပ်ငန်းလမ်းညွှန်နှင့်ဂေဟာ/သင်တန်းကျောင်းများတွင်အနိမ့်ဆုံးရှိရမည့်ပြုစုစောင့်ရှောက်ခြင်းနှင့်အကာအကွယ်ပေးခြင်းဆိုင်ရာစံချိန်စံညွှန်းစာအုပ် များမိတ်ဆက်ဖြန့်ချိခြင်းအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပါသည်။

မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့်ဉာဏစွမ်းရည်ပြိုင်ပွဲအခမ်းအနားကျင်းပခြင်း

ရှမ်းပြည်နယ်၊ကျိုင်းတုံခရိုင်၊၂၀၁၇၊စက်တင်ဘာ၊၂၆ လူမှုဝန်ထမ်းဦးစီးဌာန၊ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံးကွပ်ကဲမှုအောက်ရှိတာချီလိတ်မူလတန်းကြိုကျောင်းတွင်(၂၆.၉.၂၀၁၇)ရက်နေ့၌မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့်ဉာဏစွမ်းရည်ပြိုင်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများသို့သင်ကြားမှု အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ ပေးအပ်ခြင်း

ပဲခူးတိုင်းဒေသကြီး၊၂၀၁၇၊စက်တင်ဘာ ၂၆ ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးကွပ်ကဲမှုအောက်ရှိလူမှုဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြုကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအနက် ကျောင်း(၁၅)ကျောင်းအား ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွင်း သင်ကြားမှု အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီကိုဖွဲ့စည်းပြီးဖြစ်သဖြင့် ပိုမိုကောင်းမွန် သော ကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်းပြောကြား

နေပြည်တော်၊၂၀၁၇၊စက်တင်ဘာ၂၆ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည်(၂၅.၆.၂၀၁၇)ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ ဧည့်ခန်းမ၌ မြန်မာနိုင်ငံမသန်စွမ်းသူများ အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မသန်စွမ်းသူများနှင့် စပ်လျဉ်းပြီး ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေနွေးကြပါသည်။

နံနက်ခင်းဟောပြောပွဲ(Morning Talk)ပြုလုပ်ခြင်း

ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၇၊စက်တင်ဘာ ၂၅ လူမှုဝန်ထမ်းဦးစီးဌာန၊မသန်စွမ်းသက်ကြီးသင်တန်းကျောင်း၊ရန်ကုန်မြို့တွင်(၂၅.၉.၂၀၁၇)ရက်နေ့၌နံနက်ခင်းဟော ပြောပွဲ(Morning Talk) အစီအစဉ်ကျင်းပပြုလုပ်ခဲ့ပြီး

၂၀၁၆/၂၀၁၇မိဘဆရာသင်းနှစ်ပတ်လည်အစည်းအဝေးနှင့်ဉာဏစွမ်းရည်ပြိုင်ပွဲဆုပေးပွဲအခမ်းအနား ကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၇၊စက်တင်ဘာ၂၅ လူမှုဝန်ထမ်းဦးစီးဌာန၊ချမ်းမြေ့အိမ်မူလတန်းကြိုကျောင်း၊ရန်ကုန်မြို့တွင်(၂၃.၉.၂၀၁၇)ရက်နေ့၌၂၀၁၆/၂၀၁၇မိဘဆရာသင်းနှစ်ပတ်လည် အစည်းအဝေးနှင့်ဉာဏစွမ်းရည်ပြိုင်ပွဲဆုပေးပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊တိုင်းဒေသကြီးဦးစီးမှူး တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီးကျောင်းသား/ကျောင်းသူကလေးများမှပုံပြင်၊ကဗျာ၊သီချင်းများဖြင့်ပြိုင်ပွဲဝင်ခဲ့ကြပါသည်။

မိဘဆရာအသင်းအစည်းအဝေးကျင်းပခြင်း

ရှမ်းပြည်နယ်၊၂၀၁၇၊စက်တင်ဘာ ၂၅ လူမှုဝန်ထမ်းဦးစီးဌာန၊ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးကွပ်ကဲမှုအောက်ရှိအေးသာယာမူလတန်းကြိုကျောင်းတွင်(၂၃.၉.၂၀၁၇)ရက်နေ့၌ မိဘဆရာအသင်းအစည်းအဝေးကျင်းပပြုခဲ့ပါသည်။

INGOs၊ NGOsများနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်း

ဧရာဝတီတိုင်းဒေသကြီး၊၂၀၁၇၊စက်တင်ဘာ၂၅ လူမှုဝန်ထမ်းဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးတွင်(၂၁.၉.၂၀၁၇)ရက်နေ့၌INGOs၊NGOsများနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြု လုပ် ခဲ့ရာ