ဒုတိယအကြိမ်မိဘအသိပညာပေးဆွေးနွေးပွဲကျင်းပခြင်း

ရှမ်းပြည်နယ်၊ကျိုင်းတုံခရိုင်၊၂၀၁၇။အောက်တိုဘာ၁၉ လူမှုဝန်ထမ်းဦးစီးဌာန၊ကျိုင်းတုံမူလတန်းကြိုကျောင်းတွင်(၁၇.၁၀.၂၀၁၇)ရက်နေ့၌ဒုတိယအကြိမ်မိဘအသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ် ခဲ့ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် (၁၃)ကြိမ်မြောက် အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတက်ရောက်ဖွင့်လှစ်

ရန်ကုန်၊၂၀၁၇၊အောက်တိုဘာ၁၉ မြန်မာနိုင်ငံမှအလှည့်ကျအိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပသည့်လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ဖွင့်ပွဲကို (၁၈.၁၀.၂၀၁၇)ရက်နေ့၊နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်၌ ပြုလုပ်ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်ဖွင့်လှစ် အမှာစကား ပြောကြားပါသည်။

ဒုတိယဝန်ကြီး၊ဦးစိုးအောင်အား ဖိလစ်ပိုင်နိုင်ငံကြက်ခြေနီအသင်းဥက္ကဌ Senator Richard Gordon နှင့်မြန်မာနိုင်ကြက်ခြေနီအသင်းဂုဏ်ထူးဆောင်ဥက္ကဌ ပါမောက္ခဒေါက်တာသာလှရွှေတို့က လာရောက်တွေ့ဆုံ

နေပြည်တော်။၂၀၁၇၊အောက်တိုဘာ၁၉ ဒုတိယဝန်ကြီးဦးစိုးအောင်အားဖိလစ်ပိုင်နိုင်ငံကြက်ခြေနီအသင်းဥက္ကဌSenatorRichardGordon၊မြန်မာနိုင်ငံကြက်ခြေနီအသင်းဂုဏ်ထူးဆောင် ဥက္ကဌပါမောက္ခဒေါက်တာသာလှရွှေနှင့်ဥက္ကဌဖြစ်သူပါမောက္ခဒေါက်တာဒေါ်မြသူတို့အဖွဲ့က(၁၇.၁၀.၂၀၁၇)ရက်နေ့၊ညနေပိုင်းတွင်အဆိုပါ ဝန်ကြီးရုံး၊မေခလာခန်းမ၌လာရောက် တွေ့ဆုံခဲ့ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး (၁၂)ကြိမ်မြောက် အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အာဆီယံအစိုးရအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှု အစည်းအဝ

ရန်ကုန်၊၂၀၁၇၊အောက်တိုဘာ ၁၉ အာဆီယံBluePrintပါအသိုက်အဝန်းကြီး(၃)ရပ်အနက်မှအာဆီယံလူမှုအသိုက်အဝန်းအကြားလူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ အပြန်အလှန် ဆက်သွယ်မှု ကူညီဆောင်ရွက်မှုများ အားကောင်းခိုင်မာစေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် 12th ASEAN GO-NGO Forum on Social Welfare and Development အစည်းအဝေးနှင့် ASEAN အဆင့်မြင့်အရာရှိကြီးများ ဆက်စပ်အစည်းအဝေး များကို ရန်ကုန်၊ ဆူးလေရှန်ဂရီလာ ဟိုတယ်တွင် (၁၇.၁၀.၂၀၁၇)ရက်နေ့၊နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက တက်ရောက်ဖွင့်၍ အဖွင့်စကား ပြောကြားခဲ့ပါသည်။

ကျိုင်းတုံမြို့ရှိလူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ဌာန/ကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း

ရှမ်းပြည်နယ်၊ကျိုင်းတုံခရိုင်၊၂၀၁၇၊အောက်တိုဘာ၁၇ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ဗမာတိုင်းရင်းသားရေးရာဝန်ကြီးဒေါက်တာအောင်သန်းမောင်၊ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ပြည်နယ်ဦးစီးမှူးတို့သည် ကျိုင်းတုံမြို့ရှိလူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိကလေးပြုစုရေးဌာန၊အမျိုးသမီးသက်မွေးအတတ်ပညာသင်တန်းကျောင်းနှင့်မူးယစ်ပြန်လည် ထူထောင်ရေးစခန်းတို့အား(၁၄.၁၀.၂၀၁၇)ရက်နေ့တွင်လာရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ

အဟာရဒါနနှင့်ဆေးပစ္စည်းများလှူဒါန်းခြင်း

ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၇၊အောက်တိုဘာ ၁၇ လူမှုဝန်ထမ်းဦးစီးဌာန၊သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၊ရန်ကုန်မြို့တွင်ပြုစုစောင့်ရှောက်လျက်ရှိသောဘိုး/ဘွားများအား ဦးအောင်ဇော်မြင့်+အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီသီရိပျံချီဒေါက်တာဒေါ်မြတ်မြတ်အုန်းခင(ပြည်ထောင်စုဝန်ကြီးငြိမ်း)မိသားစု မှဒေါက်တာမြတ်မြတ်အုန်းခင်၏မွေးနေ့အလှူအဖြစ်(၁၆.၁၀.၂၀၁၇)ရက်နေ့၌တစ်နေ့လုံးစာကျွေးမွေးလှူဒါန်း၍ဆေးပစ္စည်းများလာရောက် လှူဒါန်းခဲ့ရာ

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအားကျေးရွာလူထုသို့ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားတက်ရောက်ခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊၂၀၁၇၊အောက်တိုဘာ ၁၇ ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးစီး၍နှင့်actionaid(မြန်မာ)မှပူးပေါင်းကျင်းပသည့်ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအားကျေးရွာလူထုသို့ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားအား(၁၇.၁၀.၂၀၁၇)ရက်နေ့တွင်ကျင်းပပြုလုပ်ရာလူမှုဝန်ထမ်းဦးစီးဌာန၊ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးတက်ရောက်ခဲ့ပြီး

ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအကြောင်းအသိပညာပေးဟောပြောခြင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူခရိုင်၊၂၀၁၇၊အောက်တိုဘာ ၁၇ လူမှုဝန်ထမ်းဦးစီးဌာန၊ကျောက်ဖြူခရိုင်လူမှုဝန်ထမ်းရုံးမှခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိဝန်ထမ်းများသည်(၁၆.၁၀.၂၀၁၇)ရက်နေ့၊မွန်းလွဲ(၁၃း၀၀)နာရီ တွင်ကျောက်ဖြူမြို့နယ်၊ဝါးနက်ချိုင်ကျေးရွာ၌လူမှုဝန်ထမ်းလုပ်ငန်းများနှင့်ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးများ ပါဝင်သော ပြည်ထောင်စုစီမံကိန်း၊ (Union Enterprise For Humanitarian Assistance, Resettlement and Development in Rakhine - UEHRD)ကို အကောင်အထည်ဖော်ရေး ရှေ့ပြေး

ရခိုင်ပြည်နယ်၊၂၀၁၇၊အောက်တိုဘာ ၁၇ ရခိုင်ပြည်နယ်တွင်းလူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ပန်လည်နေရာချထားရေး၊ဖွံ့ဖြိုးရေးများပါဝင်သောပြည်ထောင်စု စီမံကိန်း၊ (Union Enterprise For Humanitarian Assistance, Resettlement and Development in Rakhine - UEHRD)ကို အကောင်အထည်ဖော်ရေး ရှေ့ပြေးစီမံချက် အကောင်အထည်ဖော်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်တို့နှင့်အတူ မောင်တောမြို့နယ် လောင်းဒုံ၊ ဘဒကား၊ ပန်းတောပြင် ကျေးရွာများသို့သွားရောက်၍ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ အထောက်အပံ့များ ဖြစ်သည့် စားနပ်ရိက္ခာပစ္စည်းများ ပေးအပ်ခြင်း၊ ပြန်လည်နေရာချထားရေးအတွက် အိမ်ရာများ စတင် ဆောက်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ ပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

ဧရာဝတီတိုင်းဒေသကြီး၊၂၀၁၇၊အောက်တိုဘာ ၁၆ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးးများဖြင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား(၁၃.၁၀.၂၀၁၇)ရက်နေ့တွင်ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ပုသိမ်မြို့၌ကျင်းပပြုလုပ်ခဲ့ပြီးတိုင်းဒေသကြီးဦးစီးမှူးမှဌာနလုပ်ငန်းဆောင်ရွက်ချက်များနှင့်ပက်သက်၍ရှင်းလင်းဆွေးနွေးပြီး