ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးများ ပါဝင်သော ပြည်ထောင်စုစီမံကိန်း၊ (Union Enterprise For Humanitarian Assistance, Resettlement and Development in Rakhine - UEHRD)ကို အကောင်အထည်ဖော်ရေး ရှေ့ပြေး

ရခိုင်ပြည်နယ်၊၂၀၁၇၊အောက်တိုဘာ ၁၇ ရခိုင်ပြည်နယ်တွင်းလူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ပန်လည်နေရာချထားရေး၊ဖွံ့ဖြိုးရေးများပါဝင်သောပြည်ထောင်စု စီမံကိန်း၊ (Union Enterprise For Humanitarian Assistance, Resettlement and Development in Rakhine - UEHRD)ကို အကောင်အထည်ဖော်ရေး ရှေ့ပြေးစီမံချက် အကောင်အထည်ဖော်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်တို့နှင့်အတူ မောင်တောမြို့နယ် လောင်းဒုံ၊ ဘဒကား၊ ပန်းတောပြင် ကျေးရွာများသို့သွားရောက်၍ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ အထောက်အပံ့များ ဖြစ်သည့် စားနပ်ရိက္ခာပစ္စည်းများ ပေးအပ်ခြင်း၊ ပြန်လည်နေရာချထားရေးအတွက် အိမ်ရာများ စတင် ဆောက်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ ပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

ဧရာဝတီတိုင်းဒေသကြီး၊၂၀၁၇၊အောက်တိုဘာ ၁၆ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးးများဖြင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား(၁၃.၁၀.၂၀၁၇)ရက်နေ့တွင်ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ပုသိမ်မြို့၌ကျင်းပပြုလုပ်ခဲ့ပြီးတိုင်းဒေသကြီးဦးစီးမှူးမှဌာနလုပ်ငန်းဆောင်ရွက်ချက်များနှင့်ပက်သက်၍ရှင်းလင်းဆွေးနွေးပြီး

လူမှုဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြုကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများထောက်ပံ့ကြေးပေးအပ်ခြင်း

မွန်ပြည်နယ်၊၂၀၁၇၊အောက်တိုဘာ ၁၆ မွန်ပြည်နယ်အတွင်းရှိလူမှုဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြုကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း(၅၂)ကျောင်းအား၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက်ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကိုမွန်ပြည်နယ်လူမှုဝန်ထမ်းရုံးတွင်(၁၆.၁၀.၂၀၁၇)ရက်နေ့၌ကျင်းပပြုလုပ်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UN Under Secretary General, Mr. Jeffery Feltman နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Mr. Vikram Misri တို့က လာရောက်တွေ့ဆုံ

နေပြည်တော်၊၂၀၁၇၊အောက်တိုဘာ ၁၆ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UN Under Secretary General, Mr. Jeffery Feltman နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Mr. Vikram Misri တို့က အဆိုပါဝန်ကြီးရုံး မေခလာခန်းမတွင် (၁၅.၁၀.၂၀၁၇)ရက်နေ့၊မွန်းလွဲပိုင်းတွင် သီးခြားစီ လာရောက် တွေ့ဆုံပါသည်။

အပြည်ပြည်ဆိုင်ရာမျက်မမြင် လမ်းလျှောက်တုတ်နေ့အခမ်းအနားကျင်းပခြင်း

မကွေးတိုင်းဒေသကြီး၊၂၀၁၇၊အောက်တိုဘာ၁၆ ၂၀၁၇ခုနှစ်၊အောက်တိုဘာလ(၁၅)ရက်နေ့တွင်ကျရောက်သောအပြည်ပြည်ဆိုင်ရာမျက်မမြင်လမ်းလျှောက်တုတ်နေ့အခမ်းအနားကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊လူမှုှုဝန်ထမ်းဦးစီးဌာန၊မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးနှင့်Mili(မကွေး)တို့ ဦးဆောင်ကျင်းပပြု လုပ်ခဲ့ပါသည်။

ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် ဒုက္ခခံစားနေကြရသည့် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် အလှူငွေများပေးအပ်

နေပြည်တော်၊၂၀၁၇၊အောက်တိုဘာ၁၆ ARSAအစွန်းရောက်အကြမ်းဖက်သမားများ၏တိုက်ခိုက်မှုဖြစ်စဉ်များကြောင့်ဒုက္ခခံစားနေကြရသည့်ရခိုင်ပြည်နယ်ရှိပြည်သူများ၏အရေးပေါ် လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက်ဒေါက်တာကောင်းမြတ်ကွယ်လွန်ခြင်း(၆)နှစ်ပြည့်အဖြစ်လှူဒါန်းငွေကျပ်သိန်း(၂၀)အား လည်းကောင်း၊FutureGreenပရဟိတလူငယ်များအသင်းကလှူဒါန်းငွေကျပ်(၁၀)သိန်းကိုလည်းကောင်းအဆိုပါရုံးခွဲသို့(၁၄.၁၀.၂၀၁၇)ရက်နေ့တွင်လာရောက် လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

အာဆီယံနိုင်ငံများက မြန်မာနိုင်ငံအပေါ် နားလည်မှု၊ယုံကြည်မှု၊ ခိုင်မြဲသော လက်တွဲမှုနှင့် ညီညွတ်ပေါင်းစည်းမှုကို ပြသ

ရန်ကုန် ၊၂၀၁၇၊အောက်တိုဘာ ၁၆ ရခိုင်ပြည်နယ်အတွင်းရှိပြည်သူများအတွက်အာဆီယံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးဗဟိုဌာန(AHACentre)မှလူသားချင်းစာနမှု ဆိုင်ရာအကူအညီများထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို(၁၄.၁၀.၂၀၁၇)ရက်နေ့၊နံနက်ပိုင်းကရန်ကုန်မြို့ရှိသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဗဟိုဌာန(ရန်ကုန်ရုံးခွဲ)တွင်ကျင်းပရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးတက်ရောက်၍ထောက်ပံ့ပစ္စည်းများကိုလက်ခံရယူပြီးကျေးဇူးတင် စကားပြန်လည်ပြောကြားပါသည်။

စိတ်လူမှုရေးဆိုင်ရာပံ့ပိုးကူညီမှု ၊ ကလေးပျော်နေရာများဖန်တီးပေးမှုနှင့်ထိခိုက်လွယ် အုပ်စုများအလိုက် လူမှုအကူအညီထောက်ပံ့ပေးမှုအခြေအနေ

ရခိုင်ပြည်နယ်၊၂၀၁၇၊အောက်တိုဘာ ၁၆ ရခိုင်ပြည်နယ်မောင်တောဒေသနှင့်ရသေ့တောင်မြို့နယ်တို့တွင်(၂၅.၈.၂၀၁၇)ရက်နေ့၌ARSAအစွန်းရောက်အကြမ်းဖက်သမားများ၏တိုက်ခိုက် မှုကြောင့်စစ်တွေမြို့နယ်၊ပုဏ္ဏားကျွန်းမြို့နယ်၊ကျောက်တော်မြို့နယ် နှင့် မြောက်ဦးမြို့နယ် တို့တွင် ‌ခေတ္တခိုလှုံရာ ရောက်ရှိလျှက်ရှိသော တိုင်းရင်းသားပြည်သူများအား

သွေးပေါင်ချိန်ခြင်း၊သွေးချိုစစ်ဆေးခြင်းကိုယ်အလေးချိန်တိုင်းတာခြင်းသင်ခန်းစာများသင်ကြားသင်ကြားပို့ချခြင်း

ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၇၊အောက်တိုဘာ ၁၃ လူမှုဝန်ထမ်းဦးစီးဌာန၊သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၊ရန်ကုန်မြို့တွင်ဖွင့်လှစ်လျက်ရှိသောသက်ကြီးရွယ်အိုပြုစုစောင့်ရှောက် သူများသင်တန်း(CaregiverTraining)မှသင်တန်းသား/သင်တန်းသူများအား

ဆိုင်ကယ်ပြင်သင်တန်း၁/၂၀၁၇ ပိတ်ပွဲအခမ်းအနားကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၇၊အောက်တိုဘာ ၁၃ (၁၂.၁၀.၂၀၁၇)ရက်နေ့၊နံနက်(၀၉း၀၀)နာရီအချိန်တွင်လူမှုဝန်ထမ်းဦးစီးဌာန၊ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၊ကော့မှူးမြို့၌ဆိုင်ကယ်ပြင် သင်တန်း၁/၂၀၁၇သင်တန်းပိတ်ပွဲအခမ်းအနားအားကျင်းပပြုလုပ်ခဲ့ပြီးကျောင်းအုပ်ကြီးမှသင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။