မကွေးတိုင်းဒေသကြီး၊၂၀၁၈၊ဇန်နဝါရီ ၃၀ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးစိုးအောင်သည်ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊တိုင်းဒေ သကြီးဦးစီးမှူးများနှင့်တာဝန်ရှိသူများ၊သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့လိုက်ပါလျက် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းတစ်ရပ်ဖြစ်သည့်မိခင်ဝိုင်းများတိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက်မင်းဘူးမြို့ ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်လူမှုဝန်ထမ်းဦးစီးဌာနမှဖွင့်လှစ်သင်ကြားလျက်ရှိသောမင်းဘူးမြို့နယ်ေကျးရွာ(၅)ရွာမှသင်တန်းသူမိခင်များ နှင့် ပံ့ပိုးသူများ အဖွဲ့ ကို မွန်းလွဲပိုင်းတွင် သွားရောက်တွေ့ဆုံရာတွင် မိခင်ဝိုင်းများဖွင့်လှစ်ရသည့် ရည်ရွယ်ချက် များ ဖြစ်သည့် ကလေးသူငယ်များပပြုစုပျိုးထောင်ပေးသည့်နည်းလမ်းကိုရပ်ရွာလူထုအတွင်းပျံ့နှံ့ရောက်ရှိစေရန်ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ရေးအ တွက်ပျြစုပျိုးထောင်ခြင်းလုပ်ငန်းကိုရပ်ရွာမှစုပေါင်းတာဝန်ယူလုပ်တတ် စေရန်နှင့် ကလေးဘက်စုံဖွံ့ဖြိုးရေးအတွက် ပြုစုပျိုး ထောင်တတ်စေရန် စသည့် ရည်ရွယ်ချက်များကို အကောင်အ ထည်ဖော်နေမှုများ ရှင်းလင်း ပြောကြား ပြီး သင်တန်းအဖွဲ့က ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ပြန်လည်ဆွေးနွေးမှုအပါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။