ဝါဆိုသင်္ကန်း ဆက်ကပ်ပူဇော်ခြင်း

နေပြည်တော် ဇူလိုင် ၁၁ လူမှုဝန်ထမ်းဦးစီးဌာန၊ စစ်တွေကလေးပြုစုရေးဌာနတွင် (၇.၇.၂၀၁၇)ရက်နေ့၌ ဆရာမများနှင့် ကလေးငယ်များမှ

ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ မဟာဗျူဟာ လုပ်ငန်းအစီအစဉ် (ECI) အကောင်အထည်ဖော်ခြင်းဆိုင်ရာ မိတ်ဆက်အခမ်းအနားကျင်းပ

နေပြည်တော် ၊ဇူလိုင် ၁၁ (၁၀.၇.၂၀၁၇)ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌လည်းကောင်း၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ လည်းကောင်း ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးမှု အခြေအနေတိုင်းတာ စစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ မဟာဗျူဟာလုပ်ငန်းအစီအစဉ် ECI အကောင် အထည်ဖော်ခြင်း ဆိုင်ရာ မိတ်ဆက်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

တိုက်ပွဲရှောင်ပြည်သူလူထုထံသို့ထောက်ပံ့လှူဒါန်းမှုများပြုလုပ်ခြင်း

နေပြည်တော် ဇူလိုင်၁၁ ၈.၇.၂၀၁၇ရက်နေ့၊ဝါဆိုလပြည့်နေ့တွင်ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ တောင်ကြီးမြို့မှ ပြည်နယ်ဦးစီးမှူးးသည်အခြားဌာနဆိုင်ရာတာဝန်ရှိုပုဂ္ဂိုလ်များနှင့်

လူမှုဝန်ထမ်းဦးစီးဌာန လုပ်ငန်းစီမံကိန်းများနှင့် ဌာနဖွဲ့စည်းပုံဆိုင်ရာ သုံးသပ်ညှိနှိုင်းအစည်းအဝေးပြုလုပ်

နေပြည်တော်၊ ဇူလိုင် ၉ ပြည်သူလူထုအတွင်း လူမှုရေးပြဿနာများ၊ ဘေးဒုက္ခများကြုံတွေ့ရင်ဆိုင်ရပြီး အကူအညီ များလိုအပ်လျက်ရှိသူများကို ထိရောက်သော အထောက်အပံ့များနှင့် လူမှုရေးဝန်ဆောင်မှုအကူ အညီများပေးနိုင်ရေးအတွက် လုပ်ငန်းအလိုက် သက်ဆိုင်ရာတာဝန်ခံများနှင့် သုံးသပ်ညှိနှိုင်းခြင်း နှင့်အကူအညီများ တစ်နိုင်ငံလုံးသို့ ဖြန့်ကျက်လွှမ်းခြုံစေရေးနှင့်လုပ်ငန်းများကို စီမံကိန်းနှင့်အညီ လိုက်လျောညီထွေစွာ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေးအတွက် လူမှုဝန်ထမ်း ဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးမှဦးဆောင်ပြီး လူမှုဝန်ထမ်းဦးစီး ဌာန၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါသည်။ အဆိုပါညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းတာဝန်ခံများအလိုက် တိုးချဲ့ဆောင်ရွက်လာမည့် လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ထားရမည့်အချက်များ၊ လက်ရှိဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန်လုပ်ငန်းများကို ခွင့်ပြုဘဏ္ဍာငွေနှင့် အချိန်မီ၊ ထိရောက်စွာဆောင်ရွက်ပြီးစီးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးချက်များအပေါ်မူတည်ပြီး အထောက်အပံ့ပေးမှု စံသတ်မှတ်ချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက်ပြုစုပြီး တိုင်းဒေသကြီး/ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးများထံအသိ ပေးအကြောင်းကြားစာထုတ်ပြန်နိုင်ရန်

ကလေးသူငယ်အခွင့်အရေး အပြည့်အဝဖော်ဆောင်ပေးနိုင်ရန် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မှာကြား

နေပြည်တော်၊ ၂၉-၆-၂၀၁၇ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများ ထောက်ပံ့ရေးစည်းမျဉ်းနှင့် ဂေဟာ၊ သင်တန်း ကျောင်းများတွင် အနိမ့်ဆုံး ရှိရမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် ကာကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်းများ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်တွင်ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက ပရဟိတလုပ်ငန်းများကို စေတနာ့ဝန်ထမ်းအဖွဲ့အစည်း များက နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိပြီး ဆောင်ရွက်မှုပုံစံမှာလည်း အမျိုးမျိုးရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ အချို့ဂေဟာများသည် အစိုးရအသိအမှတ်ပြုဖြစ်ပြီး (၃၄၅)ခု ရှိကြောင်း၊ အစိုးရအသိအမှတ်မပြုရသေးသော ပရဟိတဂေဟာ (၄၀၆)ခုခန့်ရှိကြောင်း၊

တောင်ကြီးမူလတန်းကြိုကျောင်း၏ မိဘအသိပညာပေးဆွေးနွေးပွဲပြုလုပ်

ရှမ်းပြည်နယ်၊ ၂၉.၆.၂၀၁၇ ၂၉.၆.၂၀၁၇ရက်နေ့ မွန်းလွဲပိုင်း (၀၂း ၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး လက်အောက်ရှိ တောင်ကြီးမူလတန်းကြိုကျောင်း၌ ကျင်းပပြု လုပ်သည့် မိဘအသိပညာပေးဆွေးနွေးပွဲကို ကျောင်းအုပ် ဒေါ်ဆွီခိဏ်းဟမ်မှ ဦးဆောင်၍ ကလေးဖွံ့ဖြိုးမှု(Child Development) နှင့် ပတ်သက်သည့်အကြောင်းအရာများဆွေးနွေးခြင်း ၊

နှစ်(၇၀)မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှု ညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ၂၉.၆.၂၀၁၇ (၂၉.၆.၂၀၁၇)ရက်နေ့၊ နေ့လည် (၁၄:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံး၊ ပုသိမ်မြို့၊ ပုသိမ်မူလတန်းကြိုကျောင်းစုဝေးခန်းမ၌ နှစ်(၇၀)မြောက် အာဇာ နည်နေ့အထိမ်းအမှတ် လှုပ်ရှားမှုများဆောင်ရွက်ရန် အကြိုညှိနှိုင်းအစည်းအဝေးကို

ကလေးပြုစုရေးဌာနနှင့်မူလတန်းကြိုကျောင်းများ သွေးလွန်တုတ်ကွေး အသိပညာပေးအခမ်းအနားနှင့် ခြင်းဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း

မကွေးတိုင်းဒေသကြီး၊ ၂၉.၆.၂၀၁၇ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကလေးပြုစုရေးဌာနနှင့် ရေနံချောင်း ၊ ချောက် ၊ ပခုက္ကူ၊ တရုတ်ကော ၊ ဆတ်သွား ၊ တောင်ပြင်(၂)မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်များ သွေးလွန်တုတ်ကွေး ရောဂါဖြစ်ပွါးမှု လျော့နည်းစေရန်နှင့် ပပျောက်စေရေး အတွက် ကျောင်းတွင်း၊ကျောင်းပြင် ခြင်ဆေးဖျန်းခြင်း၊ ကလေးမိဘများအား သွေးလွန်တုတ်ကွေးအသိပညာပေး ဟောပြောပွဲများ ကျင်းပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

ကချင်ပြည်နယ်တွင် ​ရှေဦးအရွယ်​က​လေးသူငယ်​ပြုစုပျိုး​ထောင်​​ရေးနှင့်​ဖွံ့ ဖြိုး​ရေးဆိုင်​ရာပထမ အကြိမ်​လုပ်​ငန်းညှိနိုင်းအစည်းအ​ဝေးကျင်းပ

ကချင်ပြည်နယ်၊ ၂၉.၆.၂၀၁၇ ၂၈-၆-၂၀၁၇ ရက်​​နေ့ ​နေ့လယ်​ ၂း၀၀ နာရီအချိန်​တွင် ​ရှေဦးအရွယ်​က​လေးသူငယ်​ပြုစုပျိုး​ထောင်​​ရေးနှင့်​ဖွံ့ ဖြိုး​ရေးဆိုင်​ရာကချင်​ပြည်​နယ်​လုပ်​ငန်း​ကော်​မတီ၏ ပထမ အကြိမ်​လုပ်​ငန်းညှိနိုင်းအစည်းအ​ဝေးကို ကချင်​ပြည်​နယ်​အစိုးရအဖွဲ့အစည်းအ​ဝေးခန်းမ ၃ ၌ကျင်းပပြုလုပ်​ခဲ့ပါသည်​။ အစည်းအ​ဝေးသို့ပြည်​နယ်​အစိုးရအဖွဲ့ လူမှု​ရေးဝန်​ကြီးဌာန ဝန်​ကြီး Dr.သင်းလွင်​ နှင့်​​ကော်​မတီဝင်​များ တက်​​ရောက်​ကြပြီး​ရှေ့လုပ်​ငန်းစဉ်​များ​ ဆွေး​နွေးခဲ့ကြောင်းသတင်းရရှိပါသည်။

မိုင်းအန္တရာယ်​အသိပညာ​ပေး​ရေးအဖွဲ့ ညှိနိုင်းအစည်းအ​ဝေးကျင်းပ

ကချင်ပြည်နယ်၊ ၂၉.၆.၂၀၁၇ ကချင်​ပြည်​နယ်​မြစ်​ကြီးနားမြို့ City Park Royal အစည်းအ​ဝေးခမ်းမ၌ ပြည်​နယ်​မိုင်းအန္တရာယ်​အသိပညာ​ပေး​ရေးအဖွဲ့ ညှိနိုင်းအစည်းအ​ဝေးကို ၂၇-၆-၂၀၁၇ ရက်​​နေ့တွင် ကျင်းပပြုလုပ်​ခဲ့ပါကြောင်း၊ ဖွင့်​ပွဲအခမ်းအနားသို့ ပြည်​နယ်​အစိုးရအဖွဲ့၊ လူမှု​ရေးဝန်​ကြီးဌာန ဝန်​ကြီး Dr သင်းလွင်​ တက်​​ရောက်​ ချီးမြှင့်ခဲ့ပါကြောင်းနှင့် ပြည်​နယ်​လွတ်​​တော်​ကိုယ်​စားလှယ်​များ ဆက်​စပ်​ဌာနဆိုင်​ရာများ ကြက်​​ခြေ နီတပ်​ဖွဲ့ ဝင်​များ UNICEF, INGO ,NGO များမှ တာဝန်​ရှိသူများတက်​​ရောက်​ခဲ့ကြောင်းသတင်းရရှိပါသည်​။