သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ဆေးဖြန်းခြင်းဆောင်ရွက်

ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံး၊ ၁၉.၆.၂၀၁၇           လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံးလက်အောက်ရှိ ကျိုင်းတုံမူလတန်းကြိုကျောင်း၊  ကလေးပြုစုရေး၊ ပြန်လည်ထူထောင်ရေးစခန်း၊ အမျိုးသမီးသက်မွေးအတက်ပညာသင်ကျောင်းတို့တွင် ပြစုစောင့်ရှောက်ထားသော ရင်သွေးငယ်များ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် (၁၈.၆.၂၀၁၇)ရက်နေ့တွင် ပြည်သူ ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ခြင်ဆေးဖြန်းခြင်းလုပ်ငန်းအားဆောင်ရွက်ခဲ့ပါသည်။

ရပ်ရွာအခြေပြု မူကြိုကျောင်းများအတွက် သင်ထောက်ကူပြုလုပ်ခြင်း ပြိုင်ပွဲကျင်းပ

ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံး၊ ၂၀.၆.၂၀၁၇           လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံးနှင့် world vision (တာချီလိတ်) တို့ပူး ပေါင်း၍ တာချီလိတ်မြို့အတွင်းရှိ  ရပ်ရွာအခြေပြု မူကြိုကျောင်းများအတွက်  မူကြိုကစားစရာပစ္စည်း သင်ထောက်ကူများ လက်တွေ့ပြုလုပ်ခြင်း၊ ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကို (၂၀.၆.၂၀၁၇ မှ ၂၂.၆.၂၀၁၇) ထိ တာချီလိတ်မြို့ ရန်ကုန်ရွာတွင် ကျင်းပ ရာ ကျေးရွာ(၁)ရွာလျင် မူကြိုဆရာမ (၁)ဦးနှင့် မူကြိုကော်မတီဝင် (၃)ဦီး စုစုပေါင်း (၄)ဦး ဖြင့် ကျေးရွာပေါင်း(၁၃)ရွာမှ စုစုပေါင်း (၅၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ဒုတိယ၊တတိယ ဆုရရှိသည့် ကျေးရွာများကို ဆုများချီးမြင့်သွားမည်ဖြစ်ပါသည်။

လက်တွေ့ကျပြီး အကျိုးဖြစ်ထွန်းသည့် လူငယ်မူဝါဒဖြစ်စေရေး ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးမှာကြား

နေပြည်တော်၊ ၁၉-၆-၂၀၁၇         မြန်မာနိုင်ငံလူငယ်မူဝါဒ ရေးဆွဲရေးဆိုင်ရာကော်မတီက ရေးဆွဲခဲ့သော မူဝါဒအကြမ်း ပေါ်ပေါက်ရေး လုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ Hotel Max ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားပါသည်။         ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံလူငယ်ထု ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းရည်မြှင့်တင်ရေးနှင့် ပါဝင်နိုင်မှုကဏ္ဍ တိုးမြှင့်ရေးအတွက် လူငယ်မူဝါဒအမြန်ဆုံးပေါ်ထွက်ရန် လိုအပ်ပါကြောင်း၊ မူဝါဒရေးဆွဲရာတွင် အခက်အခဲများ၊ စိန်ခေါ်မှုများ ကြုံတွေ့ရမည်ဖြစ်သော်လည်း လူငယ်များ အပါအဝင် အားလုံးဒေသအဖွဲ့ဝင်များ စည်းလုံးညီညွတ်စွာဖြင့်အတူအကွ

မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်အကြောင်း ဆွေးနွေးဟောပြောခြင်း

ရှမ်းပြည်နယ်(အရှေ့)၊ တာချီလိတ်၊ ၁၉.၆.၂၀၁၇           တာချီလိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ပြုလုပ်သည့်အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နယ်လှည့်စာကြည့်တိုက် နံရံစာစောင်ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲကို (၁၉.၆.၂၀၁၇)ရက်နေ့တွင် အ.ထ.က (တာချီလိတ်)တွင် ကျင်းပရာ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ တာချီလိတ် ပြန်လည် ထူထောင်ရေးစခန်း မှဦးသိန်းဝင်း စခန်းမန်နေဂျာက မူးယစ်ဆေးဖြတ်ပြီးသူများအား စိတ်ပိုင်းရုပ်ပိုင်း ပြန်လည်ထူထောင်ပေး ရေးလုပ်ငန်းစဉ်အကြောင်းရှင်းလင်းဟောပြောခြင်း ရပ်ရွာနှင့်စခန်း အခြေပြု ပြန်လည်ထူထောင်ရေး လှုပ်ရှားမှုများအား မှတ်တမ်းဓာတ်ပုံ ပါဝင်ပြသခြင်းများဆောင်ရွက်ခဲ့ပါသည်။

လူမှုရေးပင်စင်ပေးအပ်ပွဲများကျင်းပခြင်း

ကျိုင်းတုံ၊ ၁၆.၆.၂၀၁၇       ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်(၉)မြို့နယ်တွင် (၁၅.၆.၂၀၁၇)ရက်နေ့ ၌ အသက်(၉၀) နှစ်အထက် အဘိုး/အဘွားများအား လူမှုရေးပင်စင်ပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုင်းတုံလူမှုဝန်ထမ်းရုံးလက်အောက်ရှိ ဌာနငယ်၊ သင်တန်းကျောင်း၊ မူကြိုကျောင်းတာဝန်ခံများက လူမှုရေးပင်စင်ပေးအပ်ရခြင်း အကြောင်းများရှင်းလင်းပြောကြားကာ လူမှုရေးပင်စင်ထောက်ပံ့ငွေများအား ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသက်(၉ဝ)နှစ်နှင့်အထက် အဘိုး/အဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်း

မန္တလေးတိုင်းဒေသကြီး၊ ၁၆.၆.၂၀၁၇                 မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး၊ တိုင်းဒေသကြီးဦးစီးမှူးမှ ချမ်းမြသာစည်မြို့နယ်၊ အောင်မြေ သာစံမြို့နယ်၊ အမရပူရမြို့နယ်တို့တွင် အသက်(၉၅)အရွယ်ရှိ အဘိုး/အဘွားများ၏နေအိမ်များသို့ ကိုယ်တိုင်သွားရောက် ၍ လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ကျား / မ အခြေပြု အကြမ်းဖက်ခြင်း ဆန်းစစ်မှု အစီရင်ခံစာတင်ပြခြင်းနှင့် ဆွေးနွေးညှိနှိုင်း အစည်းအဝေး ကျင်းပခြင်း

  (၁၆.၆.၂၀၁၇) ရက်နေ့ မော်လမြိုင်မြို့ ၊ ရွှေမြင့်မိုရ်ထွန်းဟိုတယ် တွင် မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန နှင့် UNFPA , FXB တို့ ပူးပေါင်းပြီး ကျား / မ အခြေပြု အကြမ်းဖက်ခြင်း ဆန်းစစ်မှု အစီရင်ခံစာ တင်ပြခြင်း နှင့် ဆွေးနွေးညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းမှ အဖွင့်အမှာစကား ပြောကြားပြီး ၊ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဦးကိုကိုနိုင် မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပါသည်။ ထို့နောက် UNFPA မှ Programe Analyst ဒေါက်တာ စုမွန်လတ် မှ အစီရင်ခံစာအား ဖတ်ကြားရှင်းလင်းပါသည်။ ထို့နောက် မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးပြီး အစီရင်ခံစာအရ UNFPA ၏ အကြံပြုချက်အပေါ် အုပ်စုလိုက်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ နေ့လည်ပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာန ( ရုံးချုပ် ) အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ ညွှန်ကြားရေးမှူးး ဒေါ နော်သ၀ါးမှ NSPAW အကြောင်း ၊ UNFPA မှ Ms.Janneke Bienert  က Women and Girls First Initiative အကြောင်း ရှင်းလင်းပြောကြားခဲု့ပုါသည်။ ထို့နောက် တက်ရောက်လာကြသူများမှ အုပ်စုလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး အစည်းအဝေးကို မွန်းလွဲ ( ၄း၃၀) နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။ အစည်းအဝေးသို့ မွန်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ၊ UN, INGOs , NGos အဖွဲ့အစည်းများ ၊ လူမှုရေးအသင်းအဖွဲ့များ ၊ မော်လမြိုင်မြို့ပေါ် ရှိ ရပ်ကွက်အုပ်ချုပရေးမှူး များ စုစုပေါင်း အင်အား ( ၆၅ ) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

တိုင်းဒေသကြီးအမျိုးသမီးရေးရာကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ၁၆.၆.၁၇         မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား (၁၆.၆.၂၀၁၇) ရက်နေ့တွင် တိုင်းလူမှုဝန်ထမ်းဦးစီးမှူးရုံး၌ ကျင်းပခဲ့ပြီး တိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ ဝန်ကြီး ဦးမျိုးသစ် နှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။       အဆိုပါအစည်းအဝေး၌ ဇူလိုင်လ(၃)ရက်နေ့တွင် ကျင်းပမည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနား ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

ရခိုင်ပြည်နယ်အတွင်း အမျိုးသားလူမှုရေးပင်စင်ပေးအပ်

ရခိုင်ပြည်နယ်၊ ၁၅.၆.၂၀၁၇ အမျိုးသားလူမှုရေးပင်စင် ပထမသုံးလစာအတွက် ငွေကျပ် (၃၀၀၀၀ိ/-)စီအား (၁၅.၆.၂၀၁၇) ရက်   နေ့တွင် ရခိုင်ပြည်နယ်  စစ်တွေမြို့နယ်တွင် ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး  ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ ကျောင်းကြီးလမ်း ရပ်ကွက်၊ ကျောင်းတက်လမ်းရပ်ကွက်၊ ရွာကြီးတောင်ရပ်ကွက်၊ ရွာကြီးမြောက်ရပ်ကွက်၊ အုန်းတပင်ရပ်ကွက်၊ လမ်းမတော်မြောက်ရပ်ကွက်၊ မိဇံရပ်ကွက်၊ အိုးတန်းရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်တို့မှ အသက် (၉၀)နှစ်နှင့်အထက် အဘိုး၊အဘွား (၂၈)ဦးအား အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ ပါသည်။             ရခိုင်ပြည်နယ်အတွင်းမြို့နယ် (၁၇) မြို့နယ်၌ အမျိုးသားလူမှုရေးပင်စင် အကျိုးခံစားထိုက်သူ အသက် (၉၀)နှစ်နှင့်အထက် အဘိုး(၄၁၁)ဦး၊ အဘွား (၈၄၅) ဦး၊ စုစုပေါင်း (၁၂၅၆)ဦးတို့အား ပြည်နယ်လူမှုဝန်ထမ်းရုံးမှ အရာထမ်း၊ အမှုထမ်းများသည် သက်ဆိုင်ရာမြို့နယ်များအရောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများနှင့် ပူးပေါင်း၍ (၁၅.၆.၂၀၁၇) ရက်နေ့တွင် တပြိုင်နက်တည်း  အမျိုးသားလူမှုရေးပင်စင်များကို သွားရောက် ပေးအပ်လျှက်ရှိနေကြောင်းသတင်းရရှိပါသည်။