ကလေးသူငယ်အခွင့်အရေးများနှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊၂၀၁၈ခုနှစ်၊မေ လ ၁၁ရက် ၂၀၁၈ခုနှစ်မေလ(၁၀)ရက်နေ့၊နေ့လည်(၁း၀၀)နာရီအချိန်တွင်ဖျာပုံမြို့နယ်၊ကနိစံပြကျေးရွာ၊ပရဟိတလူငယ်ဖွံဖြိုးရေးဂေဟာ၌ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံး တာဝန်ရှိသူများကလူမှုဝန်ထမ်းဦးစီးဌာန၏လုပ်ငန်းများ၊ကလေးသူငယ်များ၏အခွင့်အရေးများနှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာများရရှိကြစေရန်ရည် ရွယ်၍ လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းများ၊ UNCRC ပါ ကလေးသူငယ်အခွင့်အရေးများ၊ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် မသန်စွမ်းမှုဆိုင် ရာ အသိပညာပေးခြင်း တို့ကိုဆောင်ရွက်ခဲ့ ပါသည်။

ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပခြင်း

မကွေးတိုင်းဒေသကြီး၊၂၀၁၈ခုနှစ် ၊မေလ ၁၁ရက် လူမှုဝန်ထမ်းဦးစီးဌာနမကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှကြီးမှူးဖွင့်လှစ်သောရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းဆင်းပွဲအခမ်းအနားအား(၁၀.၅.၂၀၁၈)ရက်နေ့တွင်မကွေးမူလတန်းကြိုကျောင်း၌ကျင်းပပြုလုပ်ခဲ့ရာမကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ တိုင်းဒေသကြီးဦးစီးမှူး၊ညွှန်ကြားရေးမှူးဒေါ်နန္ဒာနွယ်ဟန်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းလက်မှတ်များချီးမြှင့်ပေးခဲ့ပါ သည်။

သာယာဝတီခရိုင်လူမှုဝန်ထမ်းရုံးဆောက်လုပ်မည့်မြေနေရာအားကြည့်ရှုစစ်ဆေးခြင်းနှင့်လက်ပံတန်းမူကြိုကျောင်းစစ်ဆေးခြင်း

ပဲခူးတိုင်းဒေသကြီး၊ ၂၀၁၈ခုနှစ်၊ မေလ ၁၀ရက် လူမှုဝန်ထမ်းဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်ကြည်သည်တာဝန်ရှိ ၀န်ထမ်းများလိုက်ပါလျက် (၁၀.၅.၂၀၁၈) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်လူမှုဝန်ထမ်းရုံးဆောက်လုပ်မည့်မြေနေရာအားကြည့်ရှုစစ်ဆေးခြင်းနှင့် လက်ပံတန်းမူလတန်းကြိုေ ကျာင်းအား စစ်ဆေးခြင်းများအားဆောင်ရွက်ခဲ့

ရပ်ရွာအခြေပြုစမော့ကင်းထိုးနည်းနှင့်ချည်ပန်းထိုးသင်တန်းဖွင့်လှစ်သင်ကြားပေးခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊၂၀၁၈ခုနှစ်၊မေလ၁၀ရက် ၂၀၁၈ခုနှစ်မေလ(၉)ရက်နေ့၊နံနက်(၁၀း၀၀)နာရီတွင်ဖျာပုံမြို့အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ လူမှုဝန်ထမ်းဦးစီးဌာန၊ ဖျာပုံမြို့၊ အိမ် တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းနှင့် Welt-hunger half (ဘိုကလေးမြို့) တို့ပူးပေါင်း ဖွင့်လှစ်လျက်ရှိသည့် ရပ်ရွာ အခြေပြု (၄/၂၀၁၈)စမော့ကင်း ထိုးနည်းနှင့် ချည်ပန်းထိုး သင်တန်းသို့ ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကျော်နှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြီးကြပ်ေ ဆာင်ရွက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားမြန်မာနိုင်ငံဆိုင်ရာသြစတြေးလျသံအမတ်ကြီး၊Centre for Humanitarian Dialogueနှင့်ကချင်ပြည်နယ်မှအမျိုးသမီးခေါင်းဆောင်များ ၊အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်များနှင့် ကျား၊တန်းတူရေးမဟာမိတ်မှကိုယ်စားလှယ်များသီခြားစီတွေ့ဆုံ

နေပြည်တော် ၊၂၀၁၈ခုနှစ်၊ မေလ၁၀ ရက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီးဒေါက်တာ ၀င်းမြတ်အေးအားမြန်မာနိုင်ငံဆိုင်ရာသြစတေး လျသံအမတ်ကြီးH.E.Mr.NicholasCoppel၊Centre for Humanitarian DialogueမှMyanmar Country Representativeဖြစ်သူ Mr.Adam Cooperနှင့် ကချင်ပြည်နယ်မှအမျိုးသမီးခေါင်းဆောင်များ၊ ကချင်ပြည်နယ် အခြေစိုက်အရပ်ဘက်အဖွဲ့အစည်း မှခေါင်းဆောင်များနှင့်ငြိမ်းချမ်းရေးအ တွက်ကျား၊မတန်းတူရေး မဟာမိတ်မှ ကိုယ်စားလှယ်များပါဝင်သောအဖွဲ့များက (၉.၅.၂၀၁၈)ရက်နေ့ ၊နေ့လည်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာ ခန်းမ၌ သီးခြားစီ လာရောက် တွေ့ဆုံပါသည်။

ကျား/မရေးရာအေ‌ခြပြုအကြမ်းဖက်မှုကိုတွေ့ကြုံခံစားခဲ့ရသူများအတွက်ဝန်ဆောင်မှုများဖိုရမ်ကျင်းပပြု လုပ်ခြင်း

နေပြည်တော်၊၂၀၁၈ခုနှစ်၊ မေလ ၉ရက် ၂၀၁၈ခုနှစ်၊မေလ(၉)ရက်နေ့၊နံနက်ပိုင်းတွင်နေပြည်တော်၊သင်္ဂဟဟိုတယ်၌”ကျား/မရေးရာအေ‌ခြပြုအကြမ်းဖက်မှုကိုတွေ့ကြုံ ခံစားခဲ့ရသူများအ တွက်ဝန်ဆောင်မှုများဖိုရမ်”ကိုလူမှုဝန်ထမ်းဦးစီးဌာနနှင့်ကျား/မတန်းတူညီမျှရေးကွန်ယက်တို့ပူးပေါင်း၍ကျင်းပခဲ့ပါသည်။ အဆိုပါဖိုရမ်တွင်လူမှုဝန် ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာစန်းစန်းအေး ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် များ၊ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်နယ်တိုင်းဒေသကြီးမှ လူမှုဝန်ထမ်းဦးစီးမှူးများ CSOs, NGOs အဖွဲ့အစည်းများမှ (၂၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။

သုံးမွှာပူးမွေးဖွားသောမိသားစုအား ထောက်ပံ့ငွေ ပေးအပ်ခဲ့ခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ၂၀၁၈၊မေလ ၉ရက် ၂၀၁၈ခုနှစ်၊မေလ(၈)ရက်နေ၊့ညနေ(၃း၀၀)နာရီအချိန်တွင်ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်၊လိပ်ကျွန်းကျေးရွာ၌အဖဦးထွန်းထွန်းလင်းနှင့်ဒေါ်နီလာနွယ်တို့မှသုံး မွှာပူးမွေးဖွားခဲ့သောကလေးမိသားစုများကိုလူမှုဝန်ထမ်းဦးစီးဌာနမှထောက်ပံ့သည့်၅၀၀၀၀၀ိ/-(ကျပ်ငါးသိန်း)နှင့်ဖျာပုံခရိုင်ရှိဌာနဆိုင်ရာများ၏စုပေါင်း လှူဒါန်းငွေ ၁၀၁၀၀၀ိ/-(ကျပ်တစ်သိန်းတစ်ထောင်)စုစုပေါင်း၆၀၁၀၀၀ိ/-(ကျပ်ခြောက်သိန်းတစ်ထောင်)အားဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကျော်နှင့် တာဝန်ရှိသူများမှ အိမ်တိုင်ရာရောက် သွားရောက်ထောက် ပံ့ပေးအပ်ခဲ့ပါသည်။

ထိုင်းနိုင်ငံသို့ လူကုန်ကူခြင်းခံရသူ မြန်မာနိုင်ငံသား အမျိုးသား (၈)ဦးအား ပြန်လည်လွှဲပြောင်း လက်ခံခြင်း

ကရင်ပြည်နယ်၊ မြ၀တီ၊ ၂၀၁၈ခုနှစ်၊ မေလ ၉ရက် ထိုင်းနိုင်ငံသို့လူကုန်ကူးခြင်းခံရသူမြန်မာနိုင်ငံသားအမျိုးသား(၈)ဦးတို့အားမြန်မာနိုင်ငံလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့်ထိုင်းနိုင်ငံလူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့်လူထုလုံခြုံရေးဝန်ကြီးဌာနတို့၏ပူးပေါင်းဆောင်ရွက်မှုဖြင့် ၂၀၁၈ခုနှစ်၊မေလ(၉)ရက်နေ့တွင်မြဝတီမြို့၊ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာ၌ထိုင်းနိုင်ငံမှမြန်မာနိုင်ငံသို့ပြန်လည်လွှဲပြောင်းလက်ခံခဲ့သည်။

မိခင်​ဝိုင်းများသို့သွား​ရောက် ကြည့်​ရှုဆောင်ရွက်ခြင်း

မကွေးတိုင်းဒေသကြီး ၊၂၀၁၈ခုနှစ်၊မေလ ၈ရက် (၈.၅.၂၀၁၈)ရက်နေ့တွင်လူမှုဝန်ထမ်းဦးစီးဌာန၊မ​ကွေးတိုင်း​ဒေသကြီးလူမှုဝန်ထမ်းရုံးလက်​​အောက်ရှိ ပခုက္ကူမူလတန်းကြို​ကျောင်းမှတာဝန်ရှိ ၀န်ထမ်း များသည်မ​ကွေးတိုင်း​ဒေသကြီး၊မြိုင်မြို့တွင်ဖွင့်​လှစ်ထား​သောမိခင်ဝိုင်းများသို့သွား​ရောက်၍ ​ကျောင်းဖွင့်​ရာသီအစ က​လေးများတက်​​ရောက်မှုအ​ခြေအေ နစာ ရင်းများထားရှိမှု နှင့်​ ​ကျွေး​မွေးမှုအ​ခြေအ​နေများအား သွား​ရောက်​ကြည့်​ရှု၍ လိုအပ်​သည်​များဖြည့်​စွက်​ အကြံ​ပေး

Gender and Decentralization သုတေသနညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခြင်း

နေပြည်တော်၊ ၂၀၁၈ခုနှစ်၊ မေလ ၈ရက် ၂၀၁၈ခုနှစ်၊မေလ(၈)ရက်နေ့တွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ အစည်းအဝေး ခန်းမ တွင် Gender and Decentralizationခေါင်းစဉ်ဖြင့်ပြုလုပ်သည့် သုတေသန ညှိနှိုင်းဆွေးနွေးပွဲ ကိုကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင်လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၊ဒေါက်တာစန်းစန်းအေးနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ သုတေသနပြုလုပ်မည့် အဖွဲ့အစည်းများ တက်ရောက် ခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။