မိဘအသိပညာပေးခြင်းနှင့်မိခင်ဝိုင်းလုပ်ငန်းစဉ်များကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊၂၀၁၈ခုနှစ်၊မေလ ၇ရက် ၂၀၁၈ခုနှစ်မေလ(၄)ရက်နေ့၊နံနက်(၁၀း၀၀)နာရီတွင် ဖျာပုံခရိုင် ၊ဒေးဒရဲမြို့နယ၊် အုန်းပင်ကျေးရွာ (မြောက်ပိုင်း)ရှိ ပညာဥယျာဉ် မိခင်ဝိုင်းနှင့် ဖျာပုံမြိုအမှတ် (၁၂)ရပ်ကွက်တွင် ဖွင့်လှစ်ထားရှိသည့်မိခင်ဝိုင်းအသစ်များ ဖွင့်လှစ်ထားရှိမှုများကို ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးအေးေ ကျာ်နှင့်တာဝန်ရှိသူများက မိဘအသိပညာပေးခြင်းနှင့် မိခင်ဝိုင်းလုပ်ငန်းစဉ်များကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းဆောင်ရွက်ခဲ့

ကချင်ပြည်နယ်ရှိ တိုက်ပွဲရှောင် ပြည်သူများ ဘေးကင်းလုံခြုံမှုရှိရေးနှင့်ကူညီထောက် ပံ့ရေး ကိစ္စများ ပြည်ထောင်စုအစိုးရနှင့်ပြည်နယ်အစိုးရပူးပေါင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ၂၀၁၈ခုနှစ်၊ မေလ ၇ရက် မြစ်ကြီးနားမြို့တွင်ရောက်ရှိနေသောလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒေါက်တာ ၀င်းမြတ်အေးသည် (၆.၅.၂၀၁၈) ရက်နေ့၊နံနက်ပိုင်းက ကချင်ပြည်နယ် မိုးကောင်းမြို့နယ်နမ္မတီးမြို့ရှိ လမ်းခွကျေးရွာသို့ရောက်ရှိပြီး လယ်ဘရော့ယန်နှစ်ခြင်းဘုရားကျောင်းတွင်ယာ ယီဖွင့်လှစ်ထားသော တိုက်ပွဲရှောင် စခန်းသို့ ရောက်ရှိကြပြီးနေရပ် စွန့်ခွာလာ ရသောပြည်သူများကိုတွေ့ဆုံကာ အားပေးစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးကတိုက်ပွဲများကြောင့်နေရပ်စွန့်ခွာလာကြရသောပြည်သူများ အနေဖြင့် စားဝတ်နေရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး များတွင်လိုအပ်ချက်များ ရှိမည်ဖြစ်ကြပြီး ကူညီထောက်ပံ့ ဖြေရှင်းပေးရန်မှာလည်း အစိုးရ၏တာဝန်ဖြစ်သဖြင့်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ထာဝ ရငြိမ်းချမ်းရေးအတွက် စားပွဲဝိုင်း အဖြေရှာမှုဖြင့်ညှိနှိုင်းပြီး မျှတသော အကျိုးရလဒ်ကောင်း ရရှိရေးကိုအစိုးရ အနေဖြင့်ဆောင်ရွက် လျက်ရှိကြောင်း၊တိုက် ပွဲရှောင်ပြည်သူ များ၏ ဆန္ဒသဘောထားများကိုရယူပြီးဆောင်ရွက် ရန်ရှိသည်များကိုလည်း မဆိုင်းမတွဆောင်ရွက် လျက်ရှိပါကြောင်း၊ အစိုးရ ၏ဆောင် ရွက် ချက်များ ကိုပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် လည်း တိုက်တွန်း ပါကြောင်းဖြင့်ပြောကြား ခဲ့ပါ သည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် တာဝန်ရှိသူများ ကချင်ပြည်နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများနှင့်တွေ့ဆုံ

ကချင်ပြည်နယ်၊ ၂၀၁၈ခုနှစ်၊ မေလ ၇ရက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာ ၀င်းမြတ်အေးသည် ဒုတိယ၀န်ကြီးဦးစိုးအောင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီးဒေါက်တာ သင်းလွင်နှင့် အတူ တာဝန်ရှိသူများလိုက်ပါလျက် (၅.၅.၂၀၁၈)ရက်နေ့၊ ညနေ ပိုင်းတွင် ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တန်ဖဲရွာတွင် ယာယီဖွင့်လှစ်ထားရှိသော တိုက်ပွဲရှောင်စခန်းသို့ ရောက်ရှိ ကြပြီး နေရပ်စွန့်ခွာရောက်ရှိလာသော ပြည်သူလူထုနှင့်တွေ့ဆုံကာ ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားပါသည်။

လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲရေး(ဒုတိယအကြိမ်) အစည်းအဝေးကျင်းပခြင်း

နေပြည်တော် ၊၂၀၁၈ခုနှစ် ၊ မေလ ၄ရက် လူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာရေးဆွဲရေး(ဒုတိယအကြိမ်)အစည်းအဝေးတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးမှတက်ရောက်အမှာစကား‌ပြောကြားခဲ့ပါသည်။အစည်းအဝေးကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဝန်ကြီးရုံးစုပေါင်းခန်းမ၌ (၃.၅.၂၀၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာပြည်ထောင်စု ဝန်ကြီးမှ လူငယ်မူဝါဒ ထွက်ရှိပြီး မဟာဗျူဟာရေးဆွဲဆောင်ရွက်နေပြီဖြစ်၍ အတိုင်းအတာ တစ်ခု ထိပြီး‌မြောက်နေပြီဖြစ်သဖြင့်‌လူငယ်များ အားလုံးမှ စည်းလုံးညီ ညွတ်စွာအတူ လက်တွဲ ပူးပေါင်းဆောင်ရွက်ရန် လိုပါအပ်ကြောင်း ၊ ဌာနဆိုင်ရာ အသီးသီး ၏ဆောင်ရွက်ပြီး ၊ဆောင်ရွက်ဆဲ လုပ်ငန်းစဉ်များတွင် လူငယ် ကဏ္ဍ ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေးများ အတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊

ရခိုင်ပြည်နယ် ၊ ရသေ့တောင်မြို့နယ် ၊ အုတ်ဖိုကျေးရွာတွင် ပြုလုပ်သော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အသိပညာပေးသင်တန်းသို့ တက်ရောက်၍ သင်တန်းပို့ချပေးခြင်း

ရခိုင်ပြည်နယ်၊ ၂၀၁၈ခုနှစ်၊ မေလ ၄ ရက် ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊အုတ်ဖိုကျေးရွာတွင်(၂၈.၄.၂၀၁၈)ရက်နေ့မှ(၃၀.၄.၂၀၁၈)ရက်နေ့အထိ ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့်CFSI တို့ပူးပေါင်း ဖွင့်လှစ်သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးသင်တန်းတွင် ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူးဒေါ်ယဉ်ယဉ်ပြုံးမှ ကလေးသူငယ်အခွင့်အရေးများ၊ကလေးသူငယ်ဥပဒေ၊ MCCT ဆိုင်ရာကိစ္စရပ်များ၊ လူမှုရေးပင်စင်ပေးအပ်ခြင်း စသည့်လူမှုဝန်ထမ်း လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပို့ချခဲ့ပြီး

ရခိုင်ပြည်နယ် ၊ စစ်တွေမြို့ရှိ သဲချောင်း (ရခိုင်)ရွာနှင့် ခေါင်းဒုက္ကာကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ dignity kit များ ထောက်ပံ့ပေးအပ်ခြင်း

ရခိုင်ပြည်နယ်၊ ၂၀၁၈ခုနှစ်၊ မေလ ၄ရက် လူမှုဝန်ထမ်းဦးစီးဌာန၊ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ပြည်နယ်ဦးစီးမှူး၏ဦးဆောင်မှုဖြင့်ဝန်ထမ်းများပါဝင်သောအဖွဲ့သည်(၂၅.၄.၂၀၁၈)ရက်နေ့တွင် စစ်တွေမြို့ပေါ် သဲချောင်း (ရခိုင်) ရွာရှိ အိမ်ထောင်စုဦးရေ (၁၅၆)စုနှင့်ခေါင်း ဒုက္ကကယ်ဆယ်ရေးစခန်းရှိအမျိုးသမီး ဦးဆောင်သော အိမ်ထောင်စုဦးရေ (၈၄) စု၊ စုစုပေါင်း အိမ်ထောင်စု ဦးရေ (၂၄၀)စု တို့အား (စောင်၊ လုံချည်၊ အမျိုးသမီး အသုံးအဆောင်ပစ္စည်း များ ၊တစ်ကိုယ်ရည်သန့်ရှင်းမှုပစ္စည်းများ ၊စုစုပေါင်း ပစ္စည်း (၉)မျိုးပါ dignity kit များအား သွား ရောက်ထောက်ပံ့ပေးအပ်

မိခင်ဝိုင်းဖွင့်လှစ်နိုင်ရေးညှိနှိုင်းဆွေးနွေးအသိပညာပေးဆောင်ရွက်ခဲ့ခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊၂၀၁၈ခုနှစ်၊မေလ ၄ရက် ၂၀၁၈ခုနှစ်မေလ(၃)ရက်နေ့၊နံနက်(၀၉:၃၀)နာရီအချိန်တွင်ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှတာဝန်ရှိသူများသည်ကျိုတ်လတ်မြို့နယ် လတာကြီးကျေးရွာနှင့်ကျို တ်လတ်မြို့၊ အမှတ်(၁)ရက်ကွက်အတွင်း မိခင်ဝိုင်းဖွင့်လှစ်နိုင်ရေးအတွက် နန္ဒဝန် ဘုန်းတော်ကြီးကျောင်း၌ကြီးကြပ်မှုကော်မတီ၊ မိဘများ၊မိခင်ဝိုင်းေ ခါင်းဆောင်ရပ်မိရပ်ဖများအား မိခင်ဝိုင်းများ ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များပေါင်းစပ် ညှိနှိုင်းရမည့် အချက်များ ရရှိလာမည့် အကျိုးကျေးဇူးများဆောင်ရွက် ရ မည့် လုပ်ငန်းစဉ်များနှင့် ပံ့ပိုးကူညီပေးမည့် အခြေအနေများအား အသိပညာပေးဆွေးနွေးပွဲ များဆောင်ရွက် ခဲ့ပါသည်။

ရပ်ရွာအခြေပြုအခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်ခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊၂၀၁၈၊ဖေဖေါ်ဝါရီ ၂၃ လူမှုဝန်ထမ်းဦးစီးဌာန၊ဖျာပုံအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းနှင့်ဖျာပုံမြို့နယ်၊ ကနိပရဟိတဂေဟာ တိုပူးပေါင်း ဖွင့်လှစ်သည့် ရပ်ရွာအခြေပြုအခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားအား(၁၉.၂.၂၀၁၈၀) ရက်နေ့ တွင်ကျင်းပပြုလုပ်ခဲ့ ရာ ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကျော် တက်ရောက်၍ အဖွင့် အမှာစကားပြောကြားခဲ့ပါ သည်။

စိတ်ဓါတ် ခံယူချက်သဘောထားအမြင်များပြောင်းလဲလာစေရေးဟောပြောပွဲကျင်းပခြင်း

မန္တလေးတိုင်းဒေသကြီး၊ ၂၀၁၈၊ဖေဖေါ်ဝါရီ ၂၃ လူမှုဝန်ထမ်းဦးစီးဌာန၊ လူငယ်သင်တန်းကျောင်း ၊မန္တလေးမြို့တွင် (၂၀.၂.၂၀၁၈) ရက်နေ့၌ သင်တန်းကျောင်း သားများ စိတ်ဓါတ်ခွန်အား ရရှိနိုင်စေ ရန်အတွက် စိတ်ဓါတ် ခံယူချက် သဘော ထား အမြင်များပြောင်းလဲလာစေရေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးမြို့ ၊ရွှေဇနကအများနှင့် သက်ဆိုင်သော ကုမ္မဏီ လီမီတက်မှ ဒါရိုက် တာဒေါက်တာဖုန်းမြင့်မှ လာရောက်ဟောပြောပေးခဲ့၍

ဆိုင်ကယ်ပြင်သင်တန်း (၂ / ၂၀၁၇)သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခြင်း

ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၈၊ဖေဖေါ်ဝါရီ ၂၃ လူမှုဝန်ထမ်းဦးစီးဌာန၊ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၊ကော့မှုးမြို့၊ရန်ကုန်တိုင်းဒေသကြီးတွင် (၁၉.၂.၂၀၁၈) ရက်နေ့ ၌ ဆိုင်ကယ်ပြင်သင်တန်း (၂/၂၀၁၇) သင်တန်း ဆင်းပွဲ အား ကျင်းပပြုလုပ်ခဲ့ပြီးကျောင်းအုပ်ကြီး မှ သင်တန်းဆင်းအမှာ စကားပြော ကြားခဲ့ပါသည်။