ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံအမတ်ကြီးမှ လာရောက်တွေ့ဆုံ

၂၀-၂-၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံအမတ်ကြီး H.E Ms. Vanessa Chan က ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်အစိုးရသစ်အနေဖြင့် ပြည်သူများအခြေခံလူ့အခွင့် အရေး ပြည့်ဝစွာရရှိခံစားနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများ၊ ဝန်ကြီးဌာနအနေဖြင့် လူမှု ကာကွယ်စောင့်ရှောက်ရေးစနစ်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ တိုးတက်ရေးဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ တည်ထောင်ထားပြီး လုပ်ငန်းကော်မတီ များ ဖွဲ့စည်း၍ ၂၀၁၆ခုနှစ်၊ မေလမှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အကြံပြုချက်များဖြစ်သည့် နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာ သွားလာခွင့်များကို

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြည်သူ့အတွက် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး ယူနီဆက် (မြန်မာ)နှင့် ဆွေးနွေး

နေပြည်တော် ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက် ယမန်နေ့ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား အဆိုပါဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ယူနီဆက် (မြန်မာ) လူမှုကာကွယ်စောင့်ရှောက်ရေး အကြံပေးဖြစ်သူ Mr. Michael Samson က လာရောက်တွေ့ဆုံပြီး လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ စီမံချက်ရေးဆွဲရာတွင် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အဓိကထည့်သွင်းသင့်သည့် အချက်များ၊ ထည့်သွင်းစဉ်းစားရမည့် ကုန်ကျငွေများ၊ လိုအပ်မည့် လူသားအရင်းအမြစ်များ၊ စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်ခြင်း လုပ်ငန်းများကို ကာလလတ် အစီအစဉ်ဖြင့် စီမံချက်ချ ရေးဆွဲထားမှုကို တင်ပြခဲ့ပါသည်။

ကိုယ့်အားကိုယ်ကိုးမူလတန်ကြိုကျောင်းသို့ကြည့်ရှုစစ်ဆေးခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ၂၀၁၈၊ဖေဖေါ်ဝါရီ ၁၉ လူမှုဝန်ထမ်းဦးစီးဌာန၊ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှလက်ထောက်ညွှန်ကြားရေးမှူးဦးအေးကျော်သည်ဖျာပုံမြို့၊အမှတ်(၁၈) ရပ်ကွက်၊ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းသို့ (၁၉.၂.၂၀၁၈) ရက်နေ့တွင် သွားရောက်၍ လုပ် ငန်း ဆောင် ရွက် နေ မှု များ အားကြည့်ရှုစစ်ဆေးခဲ့ပြီး

လက်တွေ့သင်တန်းပို့ချခြင်း

ရန်ကုန်တိုင်းဒေသကြီး ၊၂၀၁၈၊ဖေဖေါ်ဝါရီ ၁၉ လူမှုဝန်ထမ်းဦးစီးဌာန၊ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းတွင်New Humanityနှင့် ပူးပေါင်း၍ လျှပ်စစ်အခြေခံသင်တန်းအား သင်တန်းကျောင်းသား(၂၆)ဦးဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိရာ CVT Myanmar မှသင်တန်းသားများအား(၁၉.၂.၂၀၁၈) ရက်နေ့တွင် လျှပ်စစ်ပိုင်းဆိုင်ရာလက်တွေ့သင်တန်းလာရောက်ပို့ချခဲ့

အခြေခံဇာထိုး၊ ပန်းထိုးသင်တန်းဖွင့်လှစ်ခြင်း

စစ်ကိုင်းတိုင်းဒေကြီး၊ ၂၀၁၈၊ဖေဖေါ်ဝါရီ ၁၉ လူမှုဝန်ထမ်းဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှကြီးမှူး၍စစ်ကိုင်းတိုင်းဒေသကြီး ၊မုံရွာမြို့ ၊ပုရစ်ကုန်း (မြောက်)ရွာလယ်ဓဓ္မာရုံ၌(၁၉.၂.၂၀၁၈)ရက်နေ့တွင် ရပ်ရွာအခြေပြု အခြေခံ ဇာထိုး၊ ပန်းထိုးသင်တန်းဖွင့်လှစ်ခြင်း အခမ်းအနား ကျင်း ပပြု လုပ်ခဲ့ပြီး စစ်ကိုင်း တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်ခင်သီတာအောင် တက်ရောက် ၍ အ ဖွင့်အမှာ စကားပြောကြားခဲ့

သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်သူသင်တန်း အမှတ်စဉ်(၆)သို့ကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၈၊ဖေဖေါ်ဝါရီ ၁၉ လူမှုဝန်ထမ်းဦးစီးဌာန၊သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၊ရန်ကုန်မြို့တွင် (၁၉.၂.၂၀၁၈) ရက်နေ့မှစတင် ၍ ဖွင့်လှစ်သင်ကြားလျက်ရှိသော သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်သူ သင်တန်းအမှတ်စဉ် (၆) သို့ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး မှညွှန်ကြားရေးမှူးဒေါက်တာကေသီကျော် မှလာရောက်ပြီး သင်တန်းသူ/သင်တန်းသားများအား တစ်ဦးချင်း မိတ် ဆက်၍ အားပေး စကားပြောကြားခဲ့

မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင် အထူးပြုစုစောင့်ရှောက်ရန်လိုအပ်သော ကလေးငယ်များအတွက် သင်တန်းကျောင်းဖွင့်လှစ်ခြင်းနှင့် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များကို ကျင်းပပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်၊၂၀၁၈၊ဖေဖေါ်ဝါရီ ၁၉ မွန်ပြည်နယ်၊မော်လမြိုင်မြို့၊လူငယ်သင်တန်းကျောင်းဝင်းအတွင်းတွင်(၁၇.၂.၂၀၁၈) ရက်နေတွင် ကျင်းပပြုလုပ်သော အ ထူးပြုစုစောင့်ရှောက်ရေးရန် လိုအပ်သော ကလေးများလေ့ကျင့် သင်ကြားရေးကျောင်း ဖွင့်ပွဲ အခမ်းအနားသို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနပြည်ထောင်စု ၀န်ကြီးဒေါက် တာ ၀င်းမြတ်အေး တက်ရောက် အမှာ စကားပြောကြားရာ အစိုးရအနေဖြင့်ပြည်သူ များ၏ လိုအပ်ချက်များကို အလေးထား လျက်ပြည်သူများ တိုက်ရိုက် အကျိုးဖြစ် ထွန်းစေသော လုပ်ငန်းများကို အကောင် အထည်ဖေါ်ဆောင်ရွက်နေပါကြောင်း၊ ယနေ့ဖွင့်လှစ်သောသင် တန်းကျောင်း အဆောက်အဦးသည်ပြည်သူ အတွက် တိုက်ရိုက်အကျိုးရှိမည့် လုပ်ငန်းကိုပြည်သူ ၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖေါ်နိုင်ခြင်း ကိုပြသခြင်းဖြစ်ပါကြောင်း ၊မိမိတို့ ၀န်ကြီးဌာန အနေဖြင့် ကလေးသူငယ်များကို ကလေး သူငယ်များ၏ အခွင့်အရေးများဖြစ်သော အသက်ရှင်သန်ခွင့်၊ဖွံ့ဖြိုးတိုးတက်ခွင့်၊စောင့်ရှောက်ခံပိုင်ခွင့်နှင့်ပါဝင်ခွင့်များကို အပြည့်အ၀ပေးနိုင်ရန် မူဝါဒ၊ ဥပဒေ၊နည်း ဥပဒေများကိုဆောင်ရွက်လျက်ရှိရာ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးဥပဒေ မကြာမီပေါ်ပေါက်တော့မည်ဖြစ်ရာပိုမို၍ထိရောက်စွာဆောင်ရွက်ပေးနိုင် မည်ဖြစ်ကြောင်း၊ မသန်စွမ်းကလေးသူငယ်များ တွင်အကျုံးဝင်သည့် ဥာဏ်ရည် မသန်ကလေးငယ်များအတွက် အထူးပြုစုစောင့်ရှောက်ရန် လိုအပ်ချက်ကိုဖြည့်ဆည်းေ ပးခြင်းဖြစ်ကြောင်း၊ မသန်စွမ်းဥပဒေ၊ နည်းဥပဒေနှင့် အမျိုးသားကော်မတီကိုဖွဲ့စည်းပြီးဖြစ်ရာ မသန်စွမ်းများအခွင့်အရေး ကို အပြည့်အ၀ဆောင်ရွက်ပေးရန် ဘဏ္ဍာငွေတစ်ရပ်ထူထောင်ထားရှိရန်ဆောင်ရွက်လျက်ရှိကြောင်း ၊ မွန်ပြည်နယ် ၊မော်လမြိုင်မြို့တွင် ယနေ့ဖွင့်လှစ်သည့် အထူးပြုစုစောင့်ရှောက်ရန် လိုအပ်သော ကလေးငယ်များ သင်တန်းကျောင်းတွင် ဥာဏ်ရည် မသန်သောကလေးငယ်များ အားလေ့ကျင့်ပေးခြင်း၊ မိဘများ အားပညာပေးခြင်း ၊ကလေးများ ၏ဖွံဖြိုး တိုးတက် မှုနှင့် ပါဝင်ဆောင်ရွက်ခွင့်များရရှိအောင်ဆောင်ရွက်နိုင်ရန်ကူညီပံ့ပိုးလျက်ရှိသောNew Life Foundationနှင့်New Worldမှ သင်တန်းဆရာ၊ဆရာမများ ၊ ဤကျပ်သိန်း (၂၉၀၀)ကျော် တန်ဖိုးရှိ အဆောက် အဦဖြစ်မြောက်အောင် လှူ ဒါန်းငွေ ထည့်ဝင်ကြသောစေတ နာ ရှင်ပြည်သူများ၊ပြည်နယ် အစိုးရနှင့်ပြည်နယ် ကျန်းမာရေး ၀န် ထမ်းများ၊ ပံ့ပိုးဆောင်ရွက်ပေးကြ သူများအားလုံးကျေးဇူးတင်ရှိပါကြောင်း ၊ဤကဲ့သို့ သောကျောင်းများ ကိုနိုင်ငံအနှံ့အပြား တွင်ဖြစ်ပေါ်လာစေ ရန်အတွက် အတူတကွ ဆက်လက် ကြိုးပမ်းသွားကြရန် တိုက် တွန်း ပါကြောင်းဖြင့်ပြောကြားခဲ့ ပါသည်။

အသိပညာပေးဆွေးနွေးခြင်း

ဧရာဝတီတိုင်းဒေသကြီး၊၂၀၁၈၊ဖေဖေါ်ဝါရီ ၁၆ လူမှုဝန်ထမ်းဦးစီးဌာန၊ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှလက်ထောက်ညွှန်ကြားရေးမှူးဦးအေးကျော်သည်(၁၅.၂.၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီတွင်ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်း၌မြို့နယ်အတွင်းရှိရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူး မျာအားCRC/ကလေးသူငယ်အခွင့်အရေးဆိုင်ရာများအသိပညာပေးခြင်း၊အမျိုးသမီးအကြမ်းဖက်မှုနှင့်သက်ငယ်မုဒိမ်း မှုလျော့ချရေးဆောင်ရန်/ရှောင်ရန်များနှင့်ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအားအသိပညာပေးဆွေးနွေး

မြန်မာနိုင်ငံ ကလေးများနေ့၊ ဗိုလ်ချုပ်အောင်ဆန်း၏(၁၀၃)နှစ်မြောက်မွေးနေ့ဂုဏ်ပြုသောအားဖြင့် မူလတန်းကြိုကျောင်းပေါင်းစုံကလေးငယ်များ၏ပုံပြင်၊ကဗျာ၊သီချင်းသီဆိုရွတ်ပြိုင်ပွဲနှင့်ဆုပေးပွဲ အခမ်းအနား ကျင်းပခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊၂၀၁၈၊ဖေဖေါ်ဝါရီ ၁၄ လူမှုဝန်ထမ်းဦးစီးဌာန၊ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးနှင့်ဌာနဆိုင်ရာများINGOs၊NGOsတို့ပူးပေါင်း၍မြန်မာနိုင်ငံကလေးများနေ့၊ ဗိုလ်ချုပ်အောင်ဆန်း၏(၁၀၃)နှစ်မြောက်မွေးနေ့ဂုဏ်ပြုသောအားဖြင့်မူလတန်းကြိုကျောင်းပေါင်းစုံမှကလေးငယ်များ၏ပုံပြင်၊ ကဗျာ၊သီချင်းသီဆိုရွတ်ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားအား(၁၃.၂.၂၀၁၈)ရက်နေ့တွင်ဖျာပုံအိမ်တွင်းမှုသက်မွေးလုပ်ငန်းပ ညာသင်ကျောင်း၌ကျင်းပဆောင်ရွက်ခဲ့ပါသည်။အခမ်းအနားတွင်ဒုတိယခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးမှတက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပြီးဖျာပုံခရိုင်အတွင်းရှိမူလတန်းကြိုကျောင်းပေါင်းစုံမှကလေးငယ်များမှကဗျာ/ပုံပြင်၊သီချင်း ဆိုပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီးနောက် ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများမှ ဆုများ အသီးသီးချီးမြှင့်ပေး အပ်ခဲ့ကြပါသည်။

ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်း ဖွင့်လှစ်ခြင်း

ရှမ်းပြည်နယ်၊၂၀၁၈၊ဖေဖော်ဝါရီ ၁၆ လူမှုဝန်ထမ်းဦးစီးဌာန၊ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးမှကြီးမှူး၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ သ၊ဟိုပုံးမြို့နယ် ၊ဖာလွိုင်ဗွေလွန်းဘုန်းတော်ကြီးကျောင်း ၊စာသင်ဆောင်၌မြို့နယ် အုပ်ချုပ်ရေးမှူးမှ အနီးကပ်စီစဉ်ပြီးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဆေးကုသပေးသည့် ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့်ပြန်လည်ထူထောင်ရေး သင်တန်း (၁ /၂၀၁၈)အား (၁၄.၂.၂၀၁၈) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။