ဖျာပုံ၊ နိုဝင်ဘာလ (၂၁) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး လူမှုရေး ကာကွယ်စောင့်‌ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများ လိုက်ပါလျှက် နိုဝင်ဘာလ (၂၁) ရက်နေ့၊ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျင်းပသော ဖျာပုံခရိုင်အတွင်း လူမှုစီးပွား ဘဝမြင့်မားရေး အတွက် အလှူငွေနှင့်ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားပြီး ဖျာပုံမြို့နယ်နှင့် ဒေးဒရဲမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအတွက် ၇ ပေသွပ်များနှင့် အလှူငွေများ၊ ရပ်ကွက်တွင်းနှင့် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းများ၊ ဝန်ကြီးဌာနအသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၈)ကျောင်းအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေ (၆) သိန်းကျပ်စီနှင့် သင်ထောက်ကူ ပစ္စည်းများ ၊ မသန်စွမ်းသူများအတွက် ဝှီးချဲများ၊ ရွာလုံးကျွတ်မီးလင်းရေး ကျေးရွာ(၄)ရွာ အတွက် အင်ဂျင်မီးစက် (၁)လုံးစီ၊ ဖျာပုံမြို့နယ်၊ ကဇောင်းကျေးရွာ၊ မူကြိုကျောင်းဆောက်လုပ်ရန် အတွက် (၂၀၀) သိန်း၊ စုစုပေါင်းငွေသား (၃၇၅)သိန်း နှင့် (၃၁၈)သိန်းခန့် တန်ဖိုးရှိသော လူမှုစီးပွားဘဝ မြင့်မားရေး အထောက်အကူပြု ပစ္စည်းများကို သက်ဆိုင်သူများ ထံ ထောက်ပံ့ပေးပါသည်။

      ၂၀၁၅ခုနှစ် ဇွန်လ မှ အောက်တိုဘာလထိ ရေကြီးရေလျှံ မှုများနှင့် မြေပြိုမှုများကြောင့် ဘေးသင့် ပြည်သူများအတွက် အလှူငွေများ ဆက်လက် လှူဒါန်းလျက်ရှိရာ နိုဝင်ဘာ လ (၁၈)ရက်နေ့၊ နံနက်(၁၀)နာရီ အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ နေပြည်တော် ၌ ကျင်းပပြုလုပ်ရာ Myanmar Land and Development Col. Ltd. မှ (၁၀၀) သိန်း၊ အမှတ်(၁)ကာကွယ်ရေးပစ္စည်းစက်ရုံ၊

နေပြည်တော်၊ နိုဝင်ဘာ (၁၆) -

      ပတ်ဝန်းကျင်ထိန်းသိန်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနကဦးစီးပြီး ချင်းပြည်နယ် ရေဘေးသင့်ဒေသများမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် တန်ဖိုးသင့်နေအိမ်များ၊ ငွေသားနှင့်အဝတ်အထည်များ  လှူဒါန်းခြင်း အခမ်းအနားကို နိုဝင်ဘာလ(၁၆)ရက်နေ့၊ နေ့လည်(၁)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပရာ  အလှူရှင် မိသားစုများနှင့် ပြည်တွင်း/ပြည်ပကုမ္ပဏီစေတနာရှင်များမှ အလှူငွေများကို ပေးအပ်ရာ အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ၊ဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင် နှင့် ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်တို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားပါသည်။

နေပြည်တော်၊ နိုဝင်ဘာ ၁၆ -

      ကျား/မအခြေပြု အကြမ်းဖက်မှု ဖြစ်ရပ်စီမံခန့်ခွဲခြင်း သင်တန်းကို ယနေ့နံနက် (၉း၃၀) နာရီတွင် နေပြည်တော်၊ ရုံးအမှတ် (၂၃)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာ ချထား ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတွင် ဖွင့်လှစ်ကျင်းပရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးက အဖွင့်အမှာစကား‌ပြောကြားခဲ့ပါသည်။

ရန်ကုန် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးဆောင်၍ သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်သူများ အ‌နေဖြင့် စနစ်တကျပြုစု စောင့်ရှောက်မှု နည်းပညာများကို ရရှိနိုင်စေရန်နှင့် သင်တန်းတက်ရောက်သူ လူငယ်/လူရွယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ သက်ကြီးရွယ်အိုများအတွက် ပြုစုစောင့်ရှောက်သူ (Care giver)သင်တန်း အမှတ်စဉ် (၁/၂၀၁၅)ကို ရန်ကုန်မြို့၊ သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာ၌ (၁.၉.၂၀၁၅)ရက်နေ့မှ (၂၂.၁၀.၂၀၁၅)ထိ ဖွင့်လှစ်ခဲ့ပါသည်။

နေပြည်တော်၊ နိုဝင်ဘာ ၃ -

      လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လက်စွဲစာအုပ်မိတ်ဆက်ခြင်း အခမ်းအနားအား ယနေ့နံနက် (၉)နာရီတွင် နေပြည်တော် ဟိုတယ်ဇုံရှိ အမရာဟိုတယ်၌ ကျင်းပရာ လူကုန်ကူး ခံရသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့ အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးကြည်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

၁။ ၂၀၁၅ ခုနှစ် ဇွန်၊ ဇူလိုင်လများ အတွင်း မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှု များကြောင့် ထိခိုက်ပျက်စီးမှု ပမာဏ ကြီးမားပြီး သဘာဝ ဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် ကြေညာခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် များတွင် ရေဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့ ခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာသူများ၊ စိတ်ဖိစီးမှု၊ စိတ်ဒဏ်ရာ ရရှိသူများနှင့် ထိခိုက်လွယ်သော၊ အန္တရာယ် ကျရောက်လွယ်သော အုပ်စုများအတွက် ခံစားနေရမှုများ

ဖျာပုံ၊ အောက်တိုဘာလ(၃၁)ရက် -

      ကန်တော်မင်္ဂလာဘိုးဘွားရိပ်သာ၊ အဘိုးဆောင် (ဗလဆောင်) အဆောက်အဦသစ် ဖွင့်ပွဲကျင်းပ ဖျာပုံမြို့၊ (၁၈)ရပ်ကွက်၊ ကန်တော်မင်္ဂလာ ဘိုးဘွားရိပ်သာ၊ အဘိုးဆောင် (ဗလဆောင်) အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ(၃၁)ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါ ဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ ဒေါက်တာမြတ်မြတ်အုန်းခင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးနိုင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကား ‌ပြောကြားရာတွင် မြန်မာနိုင်ငံ လူမှုကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် မှာ သက်ကြီးရွယ်အိုများ အတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးခြင်းနှင့် သက်ကြီးသူချင်းကူညီ စောင့်ရှောက်ရေး အဖွဲ့များ အား ထောက်ပံ့ပေးခြင်း လုပ်ငန်းများ အပါအဝင် လူမှုရေး အရ ကာကွယ်စောင့်ရှောက်ရန် လိုအပ်တဲ့ အုပ်စုများကို သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ် အလိုက် တဆင့်ပြီးတဆင့် ထောက်ပံ့ဆောင်ရွက် သွားမှာ ဖြစ်ပါကြောင်း၊

နေပြည်တော်၊ အောက်တိုဘာ  ၁ -

      ဘိုးဘွားအားလုံး ပါဝင်ဖို့၊ ရေရှည်တည်အောင် ကြိုးပမ်းစို့ ဟူသော ဆောင်ပုဒ်ဖြင့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို များနေ့ အခမ်းအနားကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပသည်။

နေပြည်တော် -

      နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနား မြို့နယ် သူဌေးကုန်းကျေးရွာမှ ကလေးသုံးမွှာပူး မွေးဖွားသည့်   ဦးနိုင်စိုး၏  ဇနီးဒေါ်မြင့်မြင့်အေးအား လူမှုဝန်ထမ်း ဦးစီးဌာန၏  မိခင်နှင့်‌ကလေး ဆုကြေး ထောက်ပံ့ငွေ ၅၀၀၀၀၀ိ/-(ကျပ်ငါးသိန်းတိတိ) ပေးအပ်ပွဲကို  စက်တင်ဘာလ(၂၁)ရက်နေ့ နေပြည်တော် ကောင်စီနယ်မြေ၊ ကုတင်(၁၀၀၀)ဆံ့ အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် ကျင်းပခဲ့သည်။