မြဝတီ၊ ဖေဖော်ဝါရီလ (၁၄) -

      လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် ဖေဖော်ဝါရီလ (၁၄)ရက်နေ့၊ နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ စုကလိမြို့၊ ဆုံဆည်းမြိုင်ကျေးရွာသို့ ကွင်းဆင်း၍ ၀န်ကြီးဌာနမှ (၂၀၀)သိန်းကျပ် ထောက်ပံ့မှုဖြင့် D.K.B.A ငြိမ်းချမ်းရေးဌာနချုပ်တွင် မူလတန်းကြိုကျောင်း ဆောက်လုပ်ရန် ပန္နက်ရိုက်အခမ်းအနားသို့ တက်ရောက်ပါသည်။

နေပြည်တော်၊ ဖေဖေါ်ဝါရီလ(၉) -

          မီးဘေးသင့်နှင့် ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေများ ပေးအပ်ပွဲ အခမ်းအနားကို ဖေဖေါ်ဝါရီလ(၉)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က မိတ်ဆက်စကားပြောကြားပြီး Kookmin Bank and Korea Disaster Relief Association မှ တာဝန်ရှိသူများက ချင်းပြည်နယ် ရေဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ(၄၀၀၀၀)၊ နမ့်ဆန်မြို့ မီးဘေးသင့် ပြည်သူများအတွက် အမေရိကန်ဒေါ်လာ(၁၅၀၀၀)နှင့် လပ္ဂတ္တာမြို့ မီးဘေးသင့် ပြည်သူများအတွက် အမေရိကန် ဒေါ်လာ(၁၅၀၀၀) စုစုပေါင်း အမေရိကန်ဒေါ်လာ(၇၀၀၀၀) ကို ပေးအပ်ရာ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်က လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်။

ဖျာပုံ၊ ဇန်နဝါရီလ (၃၁) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများ လိုက်ပါလျှက် ဇန်နဝါရီလ (၃၁) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့သို့ ရောက်ရှိပြီး (၇)ရပ်ကွက်၊ အမှတ်(၉) အခြေခံမူလတန်းကျောင်း ပင်မကျောင်းဆောင်သစ်နှင့် မူကြိုကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပါသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၂ ရက် -

        ၂၀၁၅ခုနှစ်၊ မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် ဘေးဒုက္ခ ကြုံတွေ့ခဲ့ရသည့် ပြည်သူများအတွက် နိုင်ငံတော်မှ ဦးဆောင်၍ ၀န်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များက သက်ဆိုင်ရာ ဘေးသင့်ဒေသများတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယင်းလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက်  ထိုင်ဝမ်နိုင်ငံ အခြေစိုက် E. SUN BANK မှ CEO Mr.James Chen နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက အလှူငွေ ကျပ်သိန်း(၁၀၀၀)ကို (၂-၂-၂၀၁၆)ရက်နေ့ နံနက်(၁၀း၀၀)အချိန်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၌ လာရောက်လှူဒါန်းခဲ့ရာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဘုန်းဆွေက လက်ခံရယူခဲ့ပါသည်။

ဖျာပုံ၊ ဇန်နဝါရီလ (၂၂) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ဇန်နဝါရီလ (၂၂)ရက်နေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံမြို့သို့ရောက်ရှိပြီး ဝန်ကြီးဌာနမှ (၇၀)သိန်းကျပ်ဖြင့် ထောက်ပံ့ထားသည့် ဖျာပုံမြို့၊ (၁၈)ရပ်ကွက်အဝင် ဦးအောင်မြတ်လမ်း ကွန်ကရိလမ်းသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပါသည်။

နေပြည်တော်၊ ဇန်နဝါရီ ၁၉ -

      နေပြည်တော်၊ ဇန်နဝါရီ ၁၉ ရက် ၂၀၁၅ ခုနှစ်၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုနှင့်မြေပြိုမှုများကြောင့် ဘေးဒုက္ခရောက်ခဲ့ရသည့် ပြည်သူများအတွက် နိုင်ငံတော်မှ ဦးဆောင်၍ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက သက်ဆိုင်ရာ ဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ယင်းလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် Asian Honda Co.,Ltd မှ အမေရိကန်ဒေါ်လာ ၈၀,၀၀၀ တန်ဖိုးရှိ HONDA Generator မီးစက် (၁၇၀)လုံးနှင့် NCX Co.,Ltd မှ အမေရိကန်ဒေါ်လာ ၂၀,၀၀၀ တန်ဖိုးရှိ HONDA Water Pump ရေစုပ်စက် (၁၀၀)လုံးတို့အား မြန်မာနိုင်ငံ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ လာရောက်လှူဒါန်းခဲ့ရာ ကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဘုန်းဆွေက လက်ခံရယူခဲ့ကာ အလှူရှင်များဖြစ်သော Asian Honda Co.,Ltd မှ Mr.Shinichi Noyori နှင့် NCX Co.,Ltd မှ ဦးနေမင်းဟန်တို့သို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဧရာဝတီတိုင်း၊ ဇန်နဝါရီလ (၁၅) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ဒေးဒရဲမြို့သို့ သွားရောက်၍ ဦးအောင်ဇော်မြင့် + ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင် သားသမီး၊ ‌မြေးတစ်စုမှလှူဒါန်းဆောက်လုပ်နေသည့် မြတ်စေတနာ ဘိုးဘွားရိပ်သာအား အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပါသည်။

နေပြည်တော်၊ ဇန်နဝါရီလ (၁၂) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် အား UNFPA အဖွဲ့မှ ဌာနေကိုယ်စားလှယ် ဖြစ်သူ Ms.Janet Jackson ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလ(၁၂)ရက်နေ့၊ မွန်းလွဲ (၂း၀၀) နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက် တွေ့ဆုံပါသည်။

ရန်ကုန် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှဦးဆောင်၍ သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်သူများအ‌နေဖြင့် စနစ်တကျ ပြုစုစောင့်ရှောက်မှု နည်းပညာများကို ရရှိနိုင်စေရန်နှင့် သင်တန်းတက်ရောက်သူ လူငယ်/လူရွယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ သက်ကြီးရွယ်အိုများအတွက် ပြုစုစောင့်ရှောက်သူ (Care giver) သင်တန်းအမှတ်စဉ်(၂)ကို ရန်ကုန်မြို့၊ သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၌ (၅.၁.၂၀၁၆) ရက်နေ့မှ (၂၆.၂.၂၀၁၆)ထိ အခပေးသင်တန်းအဖြစ် သင်တန်းသားတစ်ဦးလျှင် သင်တန်း ၀င်ကြေးကျပ် ၅၀၀၀၀ိ/- နှုန်းဖြင့် အဆိုပါဂေဟာတွင် ဖွင့်လှစ်လျက်ရှိပါသည်။

မြစ်ကြီးနား၊ ဇန်နဝါရီလ (၈) -

      လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် ဇန်နဝါရီလ (၈)ရက်နေ့တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းနှင့်‌အတူ မြစ်ကြီးနားမြို့နယ်၊ ငွေပျော်စံပြကျေးရွာ သို့သွားရောက်၍ ဝန်ကြီးဌာနမှ (၅၀၀)သိန်းကျပ်ဖြင့် ဆောက်လုပ်လှူဒါန်းထားသည့်‌ သဘာဝဘေးဖြစ်ပွားပါက ခိုလှုံရန်နေရာအဖြစ် အသုံးပြုရန် ငွေပျော်စံပြကျေးရွာ မူလတန်းကြိုကျောင်းကို ကြည့်‌ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။