နေပြည်တော်၊ ၂၆.၂.၂၀၂၀ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ရေပန်းဥယျာဉ်နှင့် မြို့မဈေးတို့၌ မသန်စွမ်းသူများ အတွက် အတားအဆီးကင်းမဲ့သော ပတ်ဝန်းကျင် စံနမူနာပြ တည်ဆောက်ထားသည့် အခြေအနေ များကို ယနေ့နံနက်ပိုင်းက မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဌ (၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သွားရောက်ကြည့်ရှုခဲ့ပါသည်။
မုံရွာ၊ ၂၇.၂.၂၀၂၀ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အတူ ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မူလတန်းကြိုကျောင်းသို့ရောက်ရှိကြပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသော လုပ်ငန်း များကို ပြည်သူလူထု ထိရောက်စွာအကျိုးခံစားရရှိစေရေး ဆက်စပ်ဌာနဆိုင်ရာများနှင့်ချိတ်ဆက်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့ အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းဆောင် ရွက်နိုင်ရေးကိစ္စများကို ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။
နေပြည်တော်၊ ၂၃.၂.၂၀၂၀ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အဖွဲ့ဝင်များသည် မော်လမြိုင်မြို့ရှိ ကျိုက်သလ္လံစေတီသို့ ယနေ့နံနက်ပိုင်းက သွားရောက်ဖူးမျှော်ကြည်ညိုကာ အလှူငွေများ လှူဒါန်းခဲ့ပြီး ၂၀၁၈ ခုနှစ် မိုးရာသီကာလအတွင်း မိုးကြီးမှုကြောင့် စေတီရင်ပြင်တော် မြေသားနိမ့်ကျပျက်စီးခဲ့မှုအတွက် ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို စေတီဂေါပကအဖွဲ့က လိုက်လံရှင်းလင်းပြသကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်လူငယ်သင်တန်းကျောင်းသို့ သွားရောက်ခဲ့ရာ သင်တန်းကျောင်းအုပ်ကြီးက သင်တန်းကျောင်း၏ အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းကျောင်းတွင် ဆံပင်ညှပ်၊ ဝရိန် လုပ်ငန်း၊ကွန်ပျူတာနှင့် စိုက်ပျိုးရေးဆိုင်ရာသင်တန်းများ လေ့ကျင့်ဆောင်ရွက်နေမှုအခြေအနေများ၊ ကိုယ်ကာယကျန်းမာသန်စွမ်းရေးအတွက် မြန်မာ့သိုင်းပညာသင်ကြားလေ့ကျင့်နေမှု၊ ဘက်စုံသုံး အားကစားကွင်းတည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုလေ့လာပြီး သင်တန်းသား အိပ်ဆောင်များကို လှည့်လည်စစ်ဆေးခဲ့ကာ သင်တန်းသားများနှင့် တွေ့ဆုံ၍ ဆုံးမစကားပြောကြားခဲ့ပါသည်။
ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြေနေရာ လှူဒါန်းခြင်း အခမ်းအနားကို ပေါင်မြို့နယ်၊ အလှပ်ကျေးရွာတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဒေသခံများ၊ ရှေးဦးအရွယ်ကလေးငယ်များနှင့် မိဘများတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ရှေးဦးအရွယ်ကလေးများ ဖွံ့ဖြိုးတိုးတက်မှုသည် မိသားစုအတွက်သာမက မိမိတို့နေထိုင်ရာပတ်ဝန်းကျင်နှင့် အနာဂတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်ပါ အရေးပါပါကြောင်း၊ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်မှုဆိုရာ၌ ဦးနှောက်ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်မှု၊ ကိုယ်ခန္ဓာသန်စွမ်းကျန်းမာမှုနှင့် လူမှုဆက်ဆံရေးကောင်းမွန်မှုကို ဆိုလိုပါ ကြောင်း၊ အနာဂတ်မှာ နိုင်ငံ့တာဝန်များကို လက်ဆင့်ကမ်းထမ်းဆောင်ကြမည့် ယခုရှေးဦးအရွယ် ကလေးသူငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအနေဖြင့် ရေရှည်မျှော်မှန်းလျက် စီမံချက်များ ချမှတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ရန် လိုအပ်ပါကြောင်း၊
ဘူးသီးတောင်၊ ၁၉.၂.၂၀၂၀ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အတွင်းရှိ ဒဏ်ရာရ ကျောင်းသူ၊ ကျောင်းသားများနှင့် တိုက်ပွဲရှောင် တိုင်းရင်းသားပြည်သူများအား သွားရောက် တွေ့ဆုံ၍ နှစ်သိမ့်အားပေး ထောက်ပံ့ခြင်းများကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဆောင်ရွက်ခဲ့ပါသည်။
နေပြည်တော်၊ ၁၇.၂.၂၀၂၀ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ (မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်၊ Horizon Lake View Hotel ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော်၊ ဒုတိယနာယက ဦးထွန်းထွန်းဟိန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတို့ တက်ရောက်ခဲ့ကြပါသည်။
ရွှေဘို၊ ၁၅.၂.၂၀၂၀ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်းရှိ မေတ္တာရိပ် အမျိုးသမီး စောင့်ရှောက်ရေးဂေဟာနှင့် အသက်မွေးသင်တန်းကျောင်းသို့ ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသွားရောက် ကြည့်ရှုခဲ့ပါသည်။
နေပြည်တော်၊ ၁၃.၂.၂၀၂၀ ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် အသင်းအဖွဲ့ စိတ်ဓါတ် ပိုမိုရရှိစေရန်ရည်ရွယ်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဒုတိယအကြိမ်ထမနဲထိုးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ စည်ကား သိုက်မြိုက်စွာကျင်းပရာ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှဝန်ထမ်းမိသားစုများ ပါဝင်သည့် ပြိုင်ပွဲဝင် အဖွဲ့(၄)ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
နတ်မောက်၊ ၁၁.၂.၂၀၂၀ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ကျင်းပသော (၁၀၅)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က နတ်မောက်မြို့၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
ဖေဖော်ဝါရီ ၁၀ ၊ နေပြည်တော် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ၏ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတို့ တက်ရောက်ခဲ့ကြ ပါသည်။