နေပြည်တော်၊ ၂၈.၃.၂၀၂၀ Coronavirus Disease 2019 (COVID-19) ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန်ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်ပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ ယာယီခိုလှုံရာစခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူ (IDP) များအား ရောဂါ ကြိုတင်ကာကွယ်ရေး၊ လိုက်နာ ပူးပေါင်းဆောင်ရွက်ရေးအတွက် အသိပညာပေး ရှင်းလင်းခြင်းနှင့် လက်ဆေးဆပ်ပြာများ ထောက်ပံ့ပေးဝေခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ဆက်စပ်ဌာနများ၊ လူမှုအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။
နေပြည်တော်၊ ၂၅.၃.၂၀၂၀ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၌ ကျင်းပရာ အမျိုးသားအဆင့်ကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ ပါသည်။
နေပြည်တော်၊ ၂၄.၃.၂၀၂၀ ပြည်တွင်းနေရပ်စွန့်ခွာသူများ ယာယီခိုလှုံရာစခန်းများ (IDP စခန်းများ)တွင် COVID-19 ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန်ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လုပ်ငန်းစီမံချက် ရေးဆွဲဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နေ့လယ်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
နေပြည်တော်၊ ၂၂.၃.၂၀၂၀ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးနှင့် တာဝန် ရှိသူများနှင့်အတူ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ပရဟိတ ဂေဟာများဖြစ်သော အေးမေတ္တာစံ ပရဟိတ တောင်နီလေးကျောင်းတိုက်ရှိ အေးမေတ္တာစံ လူငယ် ဖွံ့ဖြိုးရေးပရဟိတဂေဟာနှင့် ပြင်ကြီး သာသနာ့ ဝေပုလ္လ သီလရှင်စာသင်တိုက်များသို့သွားရောက်၍ ယခုလတ်တလော ကမ္ဘာ့နေရာအနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိသည့် အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါ (COVID-19) နှင့် ပတ်သက်၍ သီလရှင်များ၊ ဂေဟာမှူးများ၊ ကြီးကြပ်သူဆရာ၊ ဆရာမများအား ကျန်းမာရေးအသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ဒုတိယဝန်ကြီးက (COVID-19) ရောဂါသည် ယခုအခါ ကမ္ဘာ့နိုင်ငံ(၁၇၇)နိုင်ငံတွင် ကူးစက်ပြန့်ပွားလျက်ရှိပါကြောင်း၊
နေပြည်တော်၊ ၁၅.၃.၂၀၂၀ Corona virus disease (COVID-19) ကူးစက်ရောဂါနှင့် ပတ်သက်၍ နေပြည်တော်ကောင်စီ အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ တာဝန်ခံညွှန်ကြားရေးမှူးများနှင့် ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ဆွေးနွေးပြောကြားခဲ့ပါသည်။
နေပြည်တော်၊ ၁၃.၃.၂၀၂၀ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည် ယနေ့ နေ့လယ်ပိုင်းက Myanmar Blue Sky Rescue Development Council အဖွဲ့အစည်းနှင့်တွေ့ဆုံရာတွင် ကမ္ဘာ့ကပ်ရောဂါဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ကြေငြာထားသည့် COVID-19 ရောဂါနှင့်စပ်လျဉ်းသော အသိပေးခြင်းဆိုင်ရာ လက်ကမ်း စာစောင်များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနအောက်ရှိ မူကြိုကျောင်းများ၊ ကိုယ်ထူကိုယ်ထ မူကြိုကျောင်းများနှင့် မိခင်ဝိုင်းများသို့ ဖြန့်ဝေပေးနိုင်ရေး အတွက် သက်ဆိုင်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ပုံနှိပ်ထုတ်ဝေရေး ဆောင်ရွက်သွားနိုင်မည့်အခြေအနေနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
ရန်ကုန်မြို့ရှိ ဌာနငယ်သင်တန်းကျောင်းများနှင့် မူလတန်းကြိုကျောင်းများတွင် ကလေးများ၊ မိဘများနှင့် ဝန်ထမ်းများအား Corona virus disease(COVID-19) လတ်တလော အသက်ရှူ လမ်းကြောင်း ဆိုင်ရာရောဂါ အသိပညာပေး ရန်ကုန်တိုင်းဒေသကြီး၊ ၁၁.၃.၂၀၂၀ (၁၁.၃.၂၀၂၀)ရက်နေ့တွင် ရန်ကုန်မြို့ရှိ နားမကြားသော ကလေးများကျောင်း၊ မသန်စွမ်း သက်ကြီးသင်တန်းကျောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ အမျိုးသမီး ကလေးများ သင်တန်းကျောင်းများနှင့် မူလတန်းကြိုကျောင်းများရှိ ကလေးများ၊ မိဘများနှင့် ဝန်ထမ်းများ အား Corona virus disease (COVID-19) လတ်တလော အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါဆိုင်ရာ အခြေအနေအား ရှင်းလင်းခြင်း၊ ရောဂါပိုးကူးစက်မှုမရှိစေရေးအတွက် မိမိကိုယ်ကို ကာကွယ်ရမည့်နည်းလမ်းများအား ရှင်းလင်းခြင်းနှင့် သရုပ်ပြသခြင်းတို့အား ဒေါက်တာ နေခြည်သက်နိုင်၊ဒုတိယညွှန်ကြားရေးမှူး၊ ဒေါက်တာရဲမြတ်ဦး၊ လက်ထောက် ညွှန်ကြားရေးမှူး တို့ ဦးဆောင်သော အဖွဲ့(၂)ဖွဲ့ ခွဲ၍ ဆောင်ရွက်ခဲ့ကြပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ၁၁.၃.၂၀၂၀ (၁၁.၃.၂၀၂၀)ရက်နေ့တွင် မန္တလေးမြို့ရှိ နားမကြားသော ကလေးများကျောင်း၊ မူလတန်း ကြိုကျောင်းများရှိ ကလေးများ၊ မိဘများနှင့် ဝန်ထမ်းများအား Corona virus disease (COVID-19) လတ်တလော အသက်ရှူ လမ်းကြောင်း ဆိုင်ရာရောဂါဆိုင်ရာ အခြေအနေအား ရှင်းလင်းခြင်း၊ ရောဂါပိုးကူးစက်မှုမရှိစေရေးအတွက် မိမိကိုယ်ကို ကာကွယ်ရမည့် နည်းလမ်းများအား ရှင်းလင်းခြင်းနှင့် သရုပ်ပြသခြင်းနှင့် တက်ရောက်လာသော ကလေးများနှင့် မိဘများအား ဆပ်ပြာများ ဖြန့်ဝေပေးခြင်းတို့အား ဒေါက်တာဥမ္မာအောင်၊ ဒုတိယညွှန်ကြားရေးမှူး နှင့် ဒေါက်တာပြည့်ဖြိုးအောင်၊ ဦးစီးအရာရှိတို့မှ ဆောင်ရွက်ခဲ့ပါသည်။

    (၁၁.၃.၂၀၂၀)ရက်နေ့တွင် ရန်ကုန်မြို့ရှိ ရွှေဂုံတိုင်ကလေးပြုစုရေးဌာနတွင် Corona virus disease (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါ အသိပညာ ပေးခြင်းအား လူမှုဝန်ထမ်းဦးစီးဌာနမှ ဒေါက်တာနေခြည်သက်နိုင်၊ ဒုတိယညွှန်ကြားရေးမှူးမှ ဦးဆောင်၍ ပြုလုပ်ခဲ့ပြီး ကလေးများအား လက်သန့်ရှင်းရေးနှင့် ပတ်သက်၍ စနစ်တကျ ဆေးကြောရန် နှင့် နှာစေးချောင်းဆိုးပါက ဆောင်ရွက်ရမည့် နည်းလမ်းများအား သရုပ်ပြ ခြင်းများဖြင့် ရှင်းလင်းပြောကြားတက်ရောက်ခဲ့ပါသည်။