ရခိုင်ပြည်နယ်၊၂၀၁၇၊အောက်တိုဘာ ၁၇
ရခိုင်ပြည်နယ်တွင်းလူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ပန်လည်နေရာချထားရေး၊ဖွံ့ဖြိုးရေးများပါဝင်သောပြည်ထောင်စု စီမံကိန်း၊ (Union Enterprise For Humanitarian Assistance, Resettlement and Development in Rakhine - UEHRD)ကို အကောင်အထည်ဖော်ရေး ရှေ့ပြေးစီမံချက် အကောင်အထည်ဖော်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်တို့နှင့်အတူ မောင်တောမြို့နယ် လောင်းဒုံ၊ ဘဒကား၊ ပန်းတောပြင် ကျေးရွာများသို့သွားရောက်၍ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ အထောက်အပံ့များ ဖြစ်သည့် စားနပ်ရိက္ခာပစ္စည်းများ ပေးအပ်ခြင်း၊ ပြန်လည်နေရာချထားရေးအတွက် အိမ်ရာများ စတင် ဆောက်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ ပါသည်။