ရခိုင်ပြည်နယ်၊ ၂၀၁၈ခုနှစ်၊ ဇွန်လ ၂၈ရက် ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့်IOM အဖွဲ့တို့ ပူးပေါင်း၍ ရခိုင်ပြည်နယ်အတွင်းရှိ တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံသို့လူကုန်ကူးခြင်းခံရပြီး မိဘရပ်ထံအပ်နှံခြင်း ပထမအကြိမ်နောက်ဆက်တွဲစောင့်ရှောက်ခြင်းများဆောင်ရွက်ခဲ့ပြီးသော စစ်တွေမြို့နယ်မှ အမျိုးသမီး(၁)ဦး၊ပေါက်တောမြို့နယ်မှအမျိုးသား(၂)ဦး ၊မြောက်ဦး ခရိုင်၊မြောက်ဦးမြို့နယ်မှ အမျိုးသား(၂)ဦးမြေပုံမြို့နယ်မှ အမျိုးသား(၁)ဦး၊ကျောက်တောမြို့နယ်မှအမျိုးသား(၆)ဦး၊ကျောက်ဖြူခရိုင်ကျောက်ဖြူ မြို့နယ်မှ အမျိုးသား(၁)ဦးနှင့် အမ်းမြို့နယ်မှ အမျိုးသမီး(၁)ဦး၊ သံတွဲခရိုင်၊ဂွမြို့နယ်မှအမျိုးသမီး(၂)ဦး၊ စုစုပေါင်း (၁၆)ဦးတို့ အားပြန်လည် ထူထောင်ရေး လုပ်ငန်းအ နေဖြင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့မှု ပေးအပ်
ရှမ်းပြည်နယ်၊ ၂၀၁၈ခုနှစ်၊ ဇွန်လ ၂၈ရက် ၂၀၁၈-၂၀၁၉ Mini-Budget ( ဧပြီ ၊ မေ ၊ ဇွန်)ပထမသုံးလပတ်အတွက်ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးခရိုင်၊ဟိုပုံးမြို့နယ်အတွင်းအသက်(၉၀)နှစ် နှင့်အထက်ဘိုးဘွားများအား (၂၆.၆.၂၀၁၈) ရက်နေ့တွင် ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိဝန်ထမ်းများနှင့်နှင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ သည် အိမ်တိုင်ရာရောက်သွားရောက်၍ လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခဲ့
ရခိုင်ပြည်နယ်၊ ၂၀၁၈ခုနှစ်၊ ဇွန်လ ၂၇ရက် ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံးမှညွှန်ကြားရေးမှူးနှင့်အဖွဲ့ဝင်များသည်(၂၆.၅.၂၀၁၈)ရက်နေ့တွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှမိမိသဘောဆန္ဒ အလျောက်ရောက်ရှိ လာသူ (၆၂)ဦးအနက်မှစစ်တွေမြို့နယ်၊ အုန်းတောကြီးရပ်ကွက်တွင် ရောက်ရှိနေသော နေရပ်စွန့်ခွာသူ (၁)ဦးအား သွားရောက်တွေ့ဆုံ၍ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးကာ လိုအပ်ချက်များစာရင်းကောက်ယူခဲ့
ရခိုင်ပြည်နယ်၊ ၂၀၁၈ခုနှစ်၊ဇွန် လ၂၇ရက် ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံးမှဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူနိုင် ဦးဆောင်၍ အဖွဲ့ဝင်(၃)ဦးနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ငါးခူရ ကယ်ဆယ်ရေးစခန်း တွင် တာဝန်ချထားပေးသောဝန်ထမ်း(၂)ဦးတို့သည်(၁၃.၆.၂၀၁၈)ရက်နေ့မှ (၁၆.၆.၂၀၁၈)ရက်နေ့အထိ ငါးခူရကယ်ဆယ်ရေးပြန်လည်လက်ခံရေးစခန်း တွင်ေ ရာက်ရှိလာသောလှေစီး ဒုက္ခသည်အမျိုးသား(၂၇)ဦး၊အမျိုးသမီး(၂၈)ဦး ၊ကလေး(၁၇)ဦး၊စုစုပေါင်း(၁၀၄)ဦးအားတစ်ဦးချင်းတွေ့ဆုံ၍လူမှုရေးလို အပ်ချက်များအား အချက်အလက်ကောက်ယူခြင်း ၊ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးဆောင် ၍မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ အသုံးအဆောင်ပစ္စည်းများ၊ အဝတ်အထည်များပေးအပ်မှု တွင်ဝိုင်းဝန်းဆောင်ရွက်ပေးခြင်းနှင့်ပြန်လည် ဝင်ရောက်လာ သူများ၏ ယခင်နေထိုင်ခဲ့သည့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူး များနှင့် တွေ့ဆုံဆွေးနွေးပွဲအား တက်ရောက်ခြင်းတို့အား ဆောင်ရွက်
မန္တလေးမြို့၊၂၀၁၈ခုနှစ်၊ဇွန်လ ၂၆ရက် (၂၅.၆.၂၀၁၈)ရက်နေ့၊ညနေပိုင်းတွင်သူနာပြုသင်တန်းကျောင်း၊မန္တလေးမြို့မှနောက်ဆုံးနှစ် သင်တန်းသား/သူ(၈၄)ဦးတို့သည် အုပ်ချုပ်သူဆရာမ(၃)ဦး လိုက်ပါ၍ လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း၊ မန္တလေးမြို့၊တွင်တက်ရောက်လျှက်ရှိသော ကလေးငယ်များအားလေ့ကျင့် သင်ကြားပေးနေမှုများကို ရင်းရင်းနှီးနှီး လာရောက်လေ့လာ
ဧရာဝတီတိုင်းဒေသကြီး၊ ၂၀၁၈ခုနှစ်၊ ဇွန်လ ၂၅ရက် (၂၂.၆.၂၀၁၈)ရက်နေ့တွင်ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်၊အောင်သာယာကျေးရွာအုပ်စု၊အချာကြီးကျေးရွာရှိခေတ်သစ်ရောင်ခြည်ကိုယ့်အားကိုယ်ကိုးမူလ တန်းကြိုကျောင်း၌ကျေးရွာအုပ်ချုပ်ရေးမှူး၊ရပ်မိရပ်ဖများနှင့်ပြည်သူများစုစုပေါင်း(၅၀)ဦးတို့အားဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှဒေါ်သင်းသင်းဆွေ (ဒုဦးစီးမှူး)နှင့်ဒေါ်ယုဇာလင်း(အကြီးတန်းစာရေး)တို့သည် ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှဒုခရိုင်ရဲမှူးဦးဘချစ်နှင့်ခရိုင်မိခင်နှင့်ကလေးမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကလေးသူငယ် အခွင့်အရေးများနှင့်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေး
နေပြည်တော်၊ ၂၀၁၈ခုနှစ်၊ဇွန် ၂၅ရက် မြန်မာနိုင်ငံတွင်ပထမဆုံးစတင်ဖွင့်လှစ်ခြင်းဖြစ်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ဂျပန် နိုင်ငံအခြေစိုက် နိပွန်ဖောင်ဒေးရှင်းတို့ ပူးပေါင်း ဆောင်ရွက်သည့် မသန်စွမ်းသူများအတွက် Information, Communication & Technology Training Center ဖွင့်လှစ်ခြင်းအခမ်းအနားကို (၂၄.၆.၂၀၁၈)ရက်နေ့၊နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ကျင်း ပပြုလုပ်ရာ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာအမျိုးသား ကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ကာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ၀န်ကြီး၊ နိပွန်ဖောင်ဒေးရှင်း Executive Director Mr. Yuji Mori နှင့် တာဝန်ရှိသူတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးအဆောက်အဦဆိုင်းဘုတ် အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ကာ အဆောက်အဦအတွင်း လှည့်လည်ကြည့်ရှုခဲ့ပါသည်။ ထို့နောက်အခမ်းအနားကိုဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် ထူးခြားသော နေ့တစ်နေ့ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၊ ၀န်ကြီးဌာနအနေဖြင့် လူတိုင်းအခြေခံ လူ့အခွင့်အရေး ရရှိရေးနှင့် လူ့ဂုဏ်သိက္ခာနှင့် ပြည့်ဝရေးကို အခြေခံမူဝါဒအဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိရာ ပဋိသန္ဓေတည်ချိန်မှစ၍ သက်ကြီးရွယ်အိုအချိန်အထိ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး၊ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများအား အထူးအရေးပေး ကူညီစောင့်ရှောက်လျက်ရှိပါကြောင်း၊
နေပြည်တော်၊ ၂၀၁၈ခုနှစ်၊ဇွန်လ ၂၅ရက် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်မြန်မာအိန္ဒ္ဒိယနှစ်နိုင်ငံအစိုးရအကြားနားလည်မှုစာချွန်လွှာပါသက်ဆိုင်ရာလုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်ရေး အတွက်ညှိနှိုင်းအစည်းအ‌ဝေးကို ၂၀၁၈ ခုနှစ်၊ ဇွန်လ(၂၂)ရက်နေ့ နေ့လည်(၁၃း၀၀)နာရီအချိန် လူမှုဝန်ထမ်း ၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊အစည်းအ‌ဝေးခန်းမတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာဝင်းမြတ်အေးကဦးဆောင်၍ကျင်းပခဲ့ပါသည်။အစည်းအဝေးတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယ၀န်ကြီးဦးစိုးအောင်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၅)ဦး၊ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၂)ဦး ၊ပြည်ထဲရေးဝန်ကြီးဌာန၊နယ်စပ်ရေးရာဝန်ကြီးဌာန၊သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ပညာရေး ၀န်ကြီးဌာန၊ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ဆောက်လုပ်ရေးဝန်ကြီးဌာနတာဝန်ရှိသူများတက်ရောက် ခဲ့ပါသည်။
နေပြည်တော်၊၂၀၁၈ခုနှစ်၊ဇွန်လ ၂၅ရက် (၂၂.၆.၂၀၁၈)ရက်နေ့၊နေ့လည်(၁၃း၀၀)နာရီမှညနေ(၅း၀၀)နာရီအထိလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဝန်ကြီး ရုံး စုပေါင်းအစည်းအဝေးခန်းမ၌ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၁၃-၂၀၂၂) နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့(၄)ဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ
နေပြည်တော်၊ ၂၀၁၈ခုနှစ်၊ ဇွန်လ ၂၅ရက် ၂၂.၆.၂၀၁၈ရက်နေ့၊နံနက်(၀၉း၃၀)နာရီမှ(၁၁း၃၀)နာရီအထိလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌၂၀၁၈ခုနှစ်၊ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်မည့်မြန်မာအမျိုးသမီးများနေ့အခမ်းအနားကျင်းပပြုလုပ်ရန်အတွက် အကြိုညှိနှိုင်းအစည်းအဝေးကိုကျင်းပပြုလုပ်ခဲ့ရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးမှ ဆွေးနွေးပြောကြားရာတွင်၁၉၉၅ခုနှစ်၊တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ပေကျင်းမြို့တွင်ကျင်းပခဲ့သောစတုတ္ထအကြိမ်မြောက်ကမ္ဘာ့အမျိုးသမီးညီလာခံ သို့ မြန်မာကိုယ်စားလှယ်များသည်အဖွဲ့ဝင်အဖြစ် တက်ရောက်ခဲ့ပါကြောင်း၊