ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ၂၀၁၈ခုနှစ်၊ဇွန်လ ၁၉ရက် (၁၅.၆.၂၀၁၈)ရက်နေ့၊ရက်ညနေ(၄း၀၀)နာရီအချိန်ကျောက်ဖြူခရိုင်လူမှုဝန်ထမ်းရုံး၌ဒုတိယညွှန်ကြားရေးမှူးဒေါ်ခင်နွယ်ထွန်းနှင့်တာဝန်ရှိသူများ သည်မိခင်ဝိုင်း​ခေါင်း​ဆောင်များနှင့်​​တွေ့ဆုံ၍က​လေးများအတွက်အဟာရ​ထောက်ပံ့​ကြေးမျာ ​ပေးအပ်​ခြင်းနှင့်​က​လေးပြုစု​စောင့်​ရှောက်ခြင်းဆိုင်ရာ​ရှေ့ လုပ်​ငန်းစဉ်များလမ်းညွှန်ဆွေးနွေး ဆောင်ရွက်ခဲ့
နေပြည်တော်၊ ၂၀၁၈ခုနှစ်၊ ဇွန်လ ၁၅ ရက် (၁၂.၆.၂၀၁၈)ရက်နေ့တွင်လူမှုဝန်ထမ်းဦးစီးဌာန၊အစည်းအဝေးခန်းမ၌အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း) ရေးဆွဲရေးညှိနှိုင်းအစည်းအဝေးကိုတက်ရောက်သူ(၂၀) ဦးဖြင့်လည်းကောင်း၊ ၁၃.၆.၂၀၁၈ ရက်နေ့တွင်နေပြည်တော် ၊ Hotel Max ၌သက်ဆိုင်ရာ ဦးစီးဌာနများ မှတာဝန်ရှိသူများ ၊ UNFPAနှင့်အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း(၄၀)ဦးဖြင့်လည်းကောင်း၊ကျင်းပပြုလုပ် ခဲ့ပြီး ဥပဒေအမြန်ဆုံး အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး
မကွေးတိုင်းဒေသကြီး၊ ၂၀၁၈ခုနှစ်၊ ဇွန်လ ၁၅ ရက် မကွေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီအစည်းအဝေးကို(၁၄.၆.၂၀၁၈)ရက်နေ့၊မွန်းလွဲ(၁၄း၀၀)နာရီတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ မကွေးမူလတန်း ကြိုကျောင်းခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊လူမှုရေးဝန်ကြီး၊ လူငယ်ရေးရာကော်မတီဥက္ကဌ ၊ဒေါက်တာခင်မောင်အေး၊တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
နေပြည်တော် ၊ ၂၀၁၈ခုနှစ်၊ ဇွန်လ ၁၅ရက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒေါက်တာဝင်းမြတ်အေးအားကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံ ဆိုင်ရာအထူးကိုယ်စားလှယ် Ms.Christine Schraner Burgener ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့၊ တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အမျိုးသားလုံခြုံရေးကောင်စီ၊ ၀ါရင့်ဝန်ကြီး H.E. Mr. Jose Ramos Horta နှင့် ရန်ကုန်မြို့ဂျပန်နိုင်ငံသံရုံးမှ သံမတ်ကြီး H.E. Mr. Ichio MARUYAMA တို့က(၁၄.၆.၂၀၁၈)ရက်နေ့၊ မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ သီးခြားစီ လာရောက်တွေ့ခဲ့ကြပါသည်။
ရခိုင်ပြည်နယ်၊စစ်တွေ၊ ၂၀၁၈ခုနှစ်၊ဇွန်လ ၁၄ရက် ရခိုင်ပြည်နယ်သည်မြစ်ချောင်းများပေါများပြီးရေလမ်းခရီးကိုအားထားရသောပြည်နယ်ဖြစ်ပါသည်။ရခိုင်ပြည်နယ်တွင်ရေလမ်းခရီးကိုအသုံးပြု၍ ကျောင်းတက်ကျောင်းဆင်းပြုရသောကျောင်းသားကျောင်းသူများဘေးအန္တရာယ်ကင်းစွာကျောင်းတက်ကျောင်းဆင်းပြုလုပ်နိုင်ရန်အတွက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကအသက်ကယ်အင်္ကျီများထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကိုရခိုင်ပြည်နယ်၊ စစ်တွေမြို့ဦးဥတ္တမခန်းမ၌(၁၃.၆.၂၀၁၈)ရက်နေ့၊ညနေပိုင်းတွင်ကျင်းပရာပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက်အမှာ စကားပြောကြား ခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၈ခုနှစ်၊ ဇွန်လ၁၄ရက် ၂၀၁၇-၂၀၁၈ပညာသင်နှစ်၊တက္ကသိုလ်ဝင်တန်းကိုထူးချွန်စွာအောင်မြင်ခဲ့ကြသောလူမှုဝန်ထမ်းဦးစီးဌာန၊ကြည့်မြင်တိုင်မျက်မမြင်ကျောင်း၊ရန်ကုန် မြို့မှကျောင်းသား/သူများအား(၁၃.၆.၂၀၁၈)ရက်နေ့တွင်ကြည့်မြင်တိုင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး တို့မှဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့
ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၁၈ခုနှစ်၊ဇွန် လ ၁၄ရက် လူမှုဝန်ထမ်းဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ညွှန်ကြားရေးမှူးဒေါက်တာကေသီကျော်နှင့်တာဝန်ရှိသူများသည်(၁၃.၆.၂၀၁၈)ရက် နေ့တွင်ပုဂ္ဂလိကမူကြိုများတည်ထောင်ခွင့်ပြုမိန့်ထုတ်ပေးရေးအတွက်သင်္ဃန်းကျွန်း၊တာမွေ၊မင်္ဂလာတောင်ညွန့်မြို့နယ်များရှိပုဂ္ဂလိကမူကြိုကျောင်း များသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့
ရခိုင်ပြည်နယ်၊မောင်တော၂၀၁၈ခုနှစ်၊ဇွန်လ ၁၄ရက် မောင်တောမြို့တွင်ရောက်ရှိနေသောလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယ၀န်ကြီးဦးစိုးအောင်၊နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ၊ညွှန်ကြားရေးမှူးချုပ်ဦးဝင်းကျော်အောင်နှင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများလိုက်ပါလျက်( ၁၃.၆.၂၀၁၈) ရက်နေ့၊ နံနက်ပိုင်း တွင် မောင်တောမြို့မှမော်တော်ယာဉ်များဖြင့်ထွက်ခွာခဲ့ရာ ငါးခူရပြန်လည်လက်ခံရေးစခန်းသို့(၁၁း၀၀)နာရီခန့်တွင်ရောက်ရှိပြီး စခန်း တွင်ခေတ္တထိန်း သိမ်းစောင့်ရှောက်ထားသောလှေစီးဒုက္ခသည်များကိုတွေ့ဆုံ ၍ ဥပဒေနှင့် အညီ စိစစ်ဆောင်ရွက်ခြင်း လုပ်ငန်းများဆောင်ရွက်နေ မှုများကို ကြည့်ရှုပြီး စခန်းရှိ ဌာနပေါင်းစုံပါဝင်သော ကြီးကြပ်ရေးအဖွဲ့များနှင့် လုပ်ငန်းများ အဆင်ပြေစေရန်ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။ထို့အပြင်စောင့်ရှောက်ထားသူများ ကို ကျွေးမွေးစားသောက်မှု အခြေအနေများ ကြည့်ရှု ခဲ့ပါသည်။
ရခိုင်ပြည်နယ်၊ ၂၀၁၈ခုနှစ်၊ ဇွန်လ ၁၃ရက် (၁၁.၆.၂၀၁၈)ရက်နေ့နံနက်ပိုင်းတွင်ရသေ့တောင်မြို့နယ်၊အောင်ဗလချောင်းဝ၊သာစည်ကျေးရွာအနီးပင်လယ်ကမ်းစပ်၌ပျက်စီးနေသောစက်လှေ တစ်စီးနှင့်အမျိုးသား၄၄ဦး၊အမျိုးသမီး၆၀စုစုပေါင်း၁၀၄ဦးတို့အားစိစစ်တွေ့ရှိခဲ့ပြီးတာဝန်ရှိသူများကငါးခူရပြန်လည်လက်ခံရေးစခန်းသို့ပို့ဆောင် ပေးခဲ့ရာညနေ၅နာရီ၃၅မိနစ်တွင်ရောက်ရှိခဲ့ပါသည်။ထို့နောက်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှတာဝန်ရှိသူများကစိစစ်မှု များပြုလုပ်ခဲ့ပြီးလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကလူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ် ခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၈ခုနှစ်၊ဇွန်လ ၁၃ရက် လူမှုဝန်ထမ်းဦးစီးဌာန၊သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၊ရန်ကုန်မြို့သိုJapan Heart မှ တာဝန်ရှိသူများ သည်(၁၂.၆.၂၀၁၈) ရက်နေ့ တွင် လာရောက်လေ့လာခြင်းအား ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူးဒေါက်တာကေသီကျော် မှဘိုး/ဘွား များပြုစုစောင့်ရှောက်ခြင်း လုပ် ငန်းဆောင်ရွက်နေမှုများအား လိုက်လံပြသ ရှင်းလင်းပြောကြားခဲ့