ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊၂၀၁၈ခုနှစ်၊မေလ ၄ရက် ၂၀၁၈ခုနှစ်မေလ(၃)ရက်နေ့၊နံနက်(၀၉:၃၀)နာရီအချိန်တွင်ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှတာဝန်ရှိသူများသည်ကျိုတ်လတ်မြို့နယ် လတာကြီးကျေးရွာနှင့်ကျို တ်လတ်မြို့၊ အမှတ်(၁)ရက်ကွက်အတွင်း မိခင်ဝိုင်းဖွင့်လှစ်နိုင်ရေးအတွက် နန္ဒဝန် ဘုန်းတော်ကြီးကျောင်း၌ကြီးကြပ်မှုကော်မတီ၊ မိဘများ၊မိခင်ဝိုင်းေ ခါင်းဆောင်ရပ်မိရပ်ဖများအား မိခင်ဝိုင်းများ ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များပေါင်းစပ် ညှိနှိုင်းရမည့် အချက်များ ရရှိလာမည့် အကျိုးကျေးဇူးများဆောင်ရွက် ရ မည့် လုပ်ငန်းစဉ်များနှင့် ပံ့ပိုးကူညီပေးမည့် အခြေအနေများအား အသိပညာပေးဆွေးနွေးပွဲ များဆောင်ရွက် ခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ၂၀၁၈၊ဖေဖေါ်ဝါရီ ၂၃ လူမှုဝန်ထမ်းဦးစီးဌာန၊ လူငယ်သင်တန်းကျောင်း ၊မန္တလေးမြို့တွင် (၂၀.၂.၂၀၁၈) ရက်နေ့၌ သင်တန်းကျောင်း သားများ စိတ်ဓါတ်ခွန်အား ရရှိနိုင်စေ ရန်အတွက် စိတ်ဓါတ် ခံယူချက် သဘော ထား အမြင်များပြောင်းလဲလာစေရေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးမြို့ ၊ရွှေဇနကအများနှင့် သက်ဆိုင်သော ကုမ္မဏီ လီမီတက်မှ ဒါရိုက် တာဒေါက်တာဖုန်းမြင့်မှ လာရောက်ဟောပြောပေးခဲ့၍
ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၈၊ဖေဖေါ်ဝါရီ ၂၃ လူမှုဝန်ထမ်းဦးစီးဌာန၊ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၊ကော့မှုးမြို့၊ရန်ကုန်တိုင်းဒေသကြီးတွင် (၁၉.၂.၂၀၁၈) ရက်နေ့ ၌ ဆိုင်ကယ်ပြင်သင်တန်း (၂/၂၀၁၇) သင်တန်း ဆင်းပွဲ အား ကျင်းပပြုလုပ်ခဲ့ပြီးကျောင်းအုပ်ကြီး မှ သင်တန်းဆင်းအမှာ စကားပြော ကြားခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊၂၀၁၈၊ဖေဖေါ်ဝါရီ ၂၃ လူမှုဝန်ထမ်းဦးစီးဌာန၊ဖျာပုံအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းနှင့်ဖျာပုံမြို့နယ်၊ ကနိပရဟိတဂေဟာ တိုပူးပေါင်း ဖွင့်လှစ်သည့် ရပ်ရွာအခြေပြုအခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားအား(၁၉.၂.၂၀၁၈၀) ရက်နေ့ တွင်ကျင်းပပြုလုပ်ခဲ့ ရာ ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကျော် တက်ရောက်၍ အဖွင့် အမှာစကားပြောကြားခဲ့ပါ သည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀ ရက် အစိုးရသစ်၏ (၂)နှစ်တာကာလအတွင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနအနေဖြင့် မူဝါဒသစ်ချမှတ်ပြီးအကောင်အထည်ဖော်ဆောင်ရွက်ရာ၌ လူမှုဝန်ထမ်း ဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနများအနေဖြင့် လုပ်ငန်းများ တစ်ခုနှင့်တစ်ခုဆက်စပ်နေသဖြင့် အတူပူးပေါင်းဆောင်ရွက်မှသာ ရည်ရွယ်ချက် ပြည့်မြောက်အောင်မြင်မှာဖြစ်ပြီး မိမိတို့ဌာန မူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်သည့်နည်းတူ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals –SDGs) ကိုပါ ပူးတွဲ ဖော်ဆောင်ကြရမှာဖြစ်ကြောင်း၊ ပြည်သူအကျိုးရှိအောင်ဆောင်ရွက်ရာမှာ ပြည်သူများကိုယ်တိုင် သဘောပေါက်နားလည်သည်အထိ အသိပေးရန်လိုအပ်ပြီး ပြည်သူများ ပါဝင်ပူးပေါင်း ဆောင်ရွက်နိုင် ရန် လိုအပ်သဖြင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် တာဝန်ခံဝန်ထမ်းများသည် အရေးကြီးပါကြောင်း၊ ဝန်ထမ်းပိုင်း စွမ်းဆောင်ရည်မြင့်မားနေမှသာ ပြည်သူလိုအပ်ချက်ကို မဆိုင်းမတွဖြည့်ဆည်း ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မိမိတို့လုပ်ငန်းနှင့် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊လုပ်ထုံးလုပ်နည်းများ ကို မသွေဖည်ဖို့လိုကြောင်းဖြင့် ၂၀.၂.၂၀၁၈ ရက်နေ့တွင်ကျင်းပသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက သက်ဆိုင်ရာ ဌာနတာဝန်ခံ အရာထမ်းများနှင့် တိုင်းဒေသကြီး / ပြည်နယ်ဦးစီးမှူးများသို့ မှာကြားပါသည်။
၂၀-၂-၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံအမတ်ကြီး H.E Ms. Vanessa Chan က ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်အစိုးရသစ်အနေဖြင့် ပြည်သူများအခြေခံလူ့အခွင့် အရေး ပြည့်ဝစွာရရှိခံစားနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများ၊ ဝန်ကြီးဌာနအနေဖြင့် လူမှု ကာကွယ်စောင့်ရှောက်ရေးစနစ်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ တိုးတက်ရေးဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ တည်ထောင်ထားပြီး လုပ်ငန်းကော်မတီ များ ဖွဲ့စည်း၍ ၂၀၁၆ခုနှစ်၊ မေလမှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အကြံပြုချက်များဖြစ်သည့် နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာ သွားလာခွင့်များကို
နေပြည်တော် ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက် ယမန်နေ့ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား အဆိုပါဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ယူနီဆက် (မြန်မာ) လူမှုကာကွယ်စောင့်ရှောက်ရေး အကြံပေးဖြစ်သူ Mr. Michael Samson က လာရောက်တွေ့ဆုံပြီး လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ စီမံချက်ရေးဆွဲရာတွင် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အဓိကထည့်သွင်းသင့်သည့် အချက်များ၊ ထည့်သွင်းစဉ်းစားရမည့် ကုန်ကျငွေများ၊ လိုအပ်မည့် လူသားအရင်းအမြစ်များ၊ စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်ခြင်း လုပ်ငန်းများကို ကာလလတ် အစီအစဉ်ဖြင့် စီမံချက်ချ ရေးဆွဲထားမှုကို တင်ပြခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ၂၀၁၈၊ဖေဖေါ်ဝါရီ ၁၉ လူမှုဝန်ထမ်းဦးစီးဌာန၊ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှလက်ထောက်ညွှန်ကြားရေးမှူးဦးအေးကျော်သည်ဖျာပုံမြို့၊အမှတ်(၁၈) ရပ်ကွက်၊ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းသို့ (၁၉.၂.၂၀၁၈) ရက်နေ့တွင် သွားရောက်၍ လုပ် ငန်း ဆောင် ရွက် နေ မှု များ အားကြည့်ရှုစစ်ဆေးခဲ့ပြီး
ရန်ကုန်တိုင်းဒေသကြီး ၊၂၀၁၈၊ဖေဖေါ်ဝါရီ ၁၉ လူမှုဝန်ထမ်းဦးစီးဌာန၊ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းတွင်New Humanityနှင့် ပူးပေါင်း၍ လျှပ်စစ်အခြေခံသင်တန်းအား သင်တန်းကျောင်းသား(၂၆)ဦးဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိရာ CVT Myanmar မှသင်တန်းသားများအား(၁၉.၂.၂၀၁၈) ရက်နေ့တွင် လျှပ်စစ်ပိုင်းဆိုင်ရာလက်တွေ့သင်တန်းလာရောက်ပို့ချခဲ့
စစ်ကိုင်းတိုင်းဒေကြီး၊ ၂၀၁၈၊ဖေဖေါ်ဝါရီ ၁၉ လူမှုဝန်ထမ်းဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှကြီးမှူး၍စစ်ကိုင်းတိုင်းဒေသကြီး ၊မုံရွာမြို့ ၊ပုရစ်ကုန်း (မြောက်)ရွာလယ်ဓဓ္မာရုံ၌(၁၉.၂.၂၀၁၈)ရက်နေ့တွင် ရပ်ရွာအခြေပြု အခြေခံ ဇာထိုး၊ ပန်းထိုးသင်တန်းဖွင့်လှစ်ခြင်း အခမ်းအနား ကျင်း ပပြု လုပ်ခဲ့ပြီး စစ်ကိုင်း တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်ခင်သီတာအောင် တက်ရောက် ၍ အ ဖွင့်အမှာ စကားပြောကြားခဲ့