ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊၂၀၁၈၊ဖေဖေါ်ဝါရီ ၁၄ မြန်မာနိုင်ငံက​လေးများ​နေ့အထိမ်းအမှတ်​​ပျော်ပွဲရွှင်ပွဲအခမ်းအနားကိုဗန်း​မော်ခရိုင်အား/ကာ ​ဘောလုံးကွင်း၌ (၁၃.၂.၂၀၁၈)ရက်နေ့၊ နံနက်(ဝ၈း၀၀) နာရီ တွင်စတင် ကျင်းပရာ ဗန်း​မော်မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်ရေးဦးစီးဌာန ၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်လှိုင်မှ ဖဲကြိုးဖြတ် ဖွင်လှစ်ပြီး အဖွင်အမှာစ ကားပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဗန်း​မော်မြို့နယ်​ ​ရေရှင်လူငယ်ဖွံ့ဖြိုး​ရေးပရဟိတဂေဟာ ၊ ​ညောင်ပင်သာလူငယ် ဖွံ့ဖြိုး​ရေးပရဟိတ​ဂေ ဟာ၊ ဗန်း​မော်မြို့နယ်မူလတန်းကြို​ကျောင်း၊ ကိုယ့်​အားကိုယ်ကိုးမူလတန်းကြို​ကျောင်း ၊မိုး​မောက်မြို့နယ် ကိုယ့်အားကိုယ်ကိုးမူလတန်းကြို​ကျောင်းမှ သားငယ်​ ၊ သမီးငယ်​​ပေါင်း (၂၂၅)ဦးမှ တက်ရောက် ပါဝင်ခဲ့ပြီ်း ​တေးသီချင်းများ သီဆိုခြင်း ၊ကဗျာရွတ်ဆိုခြင်း၊ ​တေးသရုပ်​​ဖော်များ ကပြခြင်း၊အကပ​ဒေ သာများ ကပြခြင်​၊ စု​ပေါင်းကစားခြင်း ၊ အ​ပြေးပြိုင်​ခြင်း ၊ အိတ်​စွတ်​​ပြေးပွဲ၊အာလူးကောက်​ပြိုင်​ပွဲ၊ဝိုင်းကြီးပတ်​ပတ်​ဒူ​ဝေ​ဝေ၊ မီးရထားကြီးစသည်​ဖြင့်​ ပျော်​ရွှင်​လွတ်​လပ်​စွာကစားပြီး နံနက်​(၁၀း၀၀)နာရီတွင် ​​အောင်​မြင်​စွာ ရပ်​နားခဲ့ပါသည်​။
ရှမ်းပြည်နယ်၊ကျိုင်းတုံခရိုင်၊၂၀၁၈၊ဖေဖေါ်ဝါရီ ၁၃ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ်အခမ်းအနားအား လူမှုဝန်ထမ်းဦးစီးဌာန ၊ကျိုင်းတုံမူကြိုလတန်းကြိုကျောင်း၌ (၁၃.၂.၂၀၁၈)ရက်နေ့တွင် ကျင်း ပရာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်မြင့်မှ အဖွင့်အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ် ခင်ခင်မြင့် မှ ကလေးသူငယ်အကြောင်းအရာများရှင်းလင်းပြောကြားခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊၂၀၁၈၊ဖေဖေါ်ဝါရီ ၁၃ လူမှုဝန်ထမ်းဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှလက်ထောက်ညွှန်ကြားရေးမှူးဦးအေးကျော်သည်(၁၀.၂.၂၀၁၈)ရက်နေ တွင်ကျိုတ် လတ်မြို့ ၊ရောင်နီဦး အမျိုးသမီးအဖွဲ့မှကြီးမှူးကျင်းပသော အမျိုးသမီး အကြမ်းဖက်မှုလျော့ချရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး လူမှု ဝန်ထမ်းဦးစီးဌာန၏ မှဆောင်ရွက်နေသည့် လုပ်ငန်းများ၊ဖြစ်ရပ် စီမံခန့်ခွဲမှုလုပ်ငန်းများ ၊သက်ငယ်မုဒိမ်းနှင့် အမျိုးသမီးအကြမ်းဖက်မှုလျော့ချရေး အတွက်ဆောင် ရွက်ပေး လျက်ရှိသည့် အစီအစဉ်များဆွေးနွေးခဲ့ပါသည်
နေပြည်တော် ၊၂၀၁၈၊ဖေဖေါ်ဝါရီ ၁၃ ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင်ကျရောက်မည့်အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း ၏မွေးနေ့၊ မြန်မာနိုင်ငံကလေးများနေ့အဖြစ် အကြိုလှုပ်ရှားမှုအစီအစဉ်များကိုနေပြည်တော်ကောင်စီအပါအဝင်တိုင်းဒေသကြီး/ပြည်နယ်များတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထား ရေးဝန်ကြီးဌာနက ဦးဆောင်၍ ကျင်းပလျက်ရှိသည်။
ရှမ်းပြည်နယ်၊၂၀၁၈၊ဖေဖေါ်ဝါရီ ၁၃ မြန်မာနိုင်ငံကလေးများနေ့ဗိုလ်ချုပ်အောင်ဆန်း၏(၁၀၃)နှစ်မြောက်မွေးနေ့ဂုဏ်ပြု အထိမ်းအမှတ်လှုပ်ရှားမှု ကလေးငယ်များ၏ ပဒေသာကပွဲအခမ်း အနားအား (၁၃.၂.၂၀၁၈) ရက်နေ့ တွင်တောင်ကြီးမြို့၊မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး မူလတန်းကြိုကျောင်းများ ၊မသန်စွမ်းကျောင်းများနှင့် ပရဟိ တဂေဟာ များ မှ ရင်သွေးငယ်လေး (၂၃၀) ဦးပါဝင်ဖျော်ဖြေခဲ့
ရှမ်းပြည်နယ်၊၂၀၁၈၊ဖေဖေါ်ဝါရီ ၁၃ ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးလက်အောက်ရှိတောင်ကြီး၊ရပ်စောက်နှင့်အောင်ပန်းမူလတန်းကြိုကျောင်းများမှရင်သွေး ငယ်လေးများ၏ဆေးရောင်ခြယ်၊ကဗျာ၊သီချင်း၊ပဒေသာကပွဲများနှင့်ဒေသထွက် အစားအစာ များကျွေးမွေးခြင်းဖြင့်မြန်မာ နိုင်ငံကလေးများနေ့၊ ဗိုလ် ချုပ်အောင်ဆန်း၏ (၁၀၃)နှစ်မြောက်မွေးနေ့ အကြိုဂုဏ်ပြုအခမ်းအနား အစီအစဉ်ကို (၉.၂.၂၀၁၈) ရက်နေ့တွင် ပြုလုပ် ကျင်းပခဲ့ပါသည်။
ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ၂၀၁၈၊ဖေဖေါ်ဝါရီ ၉ မြန်မာကလေးများနေ့အထိမ်းအမှတ်အဖြစ်လူမှုဝန်ထမ်းဦးစီးဌာန၊မူလတန်းကြိုကျောင်း၊ကျိုင်းတုံမြို့မှကျောင်းသား/ကျောင်းသူ ကလေးငယ်များ အားပြင်ပလေ့လာရေး ခရီးအဖြစ်(၉.၂.၂၀၁၈)ရက်နေ့၌ ကျိုင်းတုံမြို့ရှိ ဘုရားများ၊ သမိုင်းပြခန်းနှင့် ပန်းဥယျာဉ်များ သို့ကျောင်းအုပ်နှင့်ကြီးကြပ်သူဆရာမ များ လိုက်ပါစောင့်ရှောက် ၍ ပို့ ဆောင်ပေးခဲ့
မန္တလေးတိုင်းဒေသကြီး၊၂၀၁၈၊ ဖေဖေါ်ဝါရီ ၉ လူမှုဝန်ထမ်းဦးစီးဌာန၊မသန်စွမ်းသက်ငယ်သင်တန်းကျောင်း၊မန္တလေးမြို့တွင်(၁၃.၂.၂၀၁၈)ရက်နေ့တွင်ကျရောက်မည့်မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အဖြစ်ကလေးများနေ့ဆေးရောင်ခြယ်ပန်းချီပြိုင်ပွဲအား(၉.၂.၂၀၁၈)ရက်နေ့၌ကျင်းပပြုလုပ်ခဲ့ပြီးယင်းသင်တန်းကျောင်းမှမသန်စွမ်း ကလေး ငယ်များ ပါဝင် ယှဉ်ပြိုင်
ကချင်ပြည်နယ်၊၂၀၁၈၊ဖေဖေါ်ဝါရီ ၉ လူမှုဝန်ထမ်းဦးစီးဌာန၊ဗန်းမော်ခရိုင်လူမှုဝန်ထမ်းရုံးမှကြီးမှူး၍ဗန်းမော်မြို့နယ်၊ညောင်ပင်သာကျေးရွာအုပ်စုတွင်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသော မိခင်ဝိုင်း(၁)၊(၂)များသို့ထောက်ပံ့ကြေးပစ္စည်းများပေးအပ်ခြင်းအခမ်းအနားအား(၈.၂.၂၀၁၈)ရက်နေ့တွင်ညောင်ပင်သာကျေးရွာအုပ်စု၊အုပ်ချုပ်ရေးမှူး ရုံး၌ကျင်းပခဲ့ပြီးဗန်းမော်ခရိုင်လူမှုဝန်ထမ်းရုံး၊လက်ထောက်ညွှန်ကြားရေးမှူးမှမိခင်ဝိုင်းများသို့ထောက်ပံ့ပစ္စည်းများအားအသီးသီးပေး အပ်ခဲ့
နေပြည်တော်၊၂၀၁၈၊ဖေဖေါ်ဝါရီ ၉ Danishnstitute for Partiesand Democracy (DIPD) မှ ဦးဆောင်၍ ပါတီစုံဒီမိုကရေစီ အစီအစဉ်တွင် ပါဝင်သောနိုင်ငံရေး ပါတီပေါင်းစုံမှ လူ ငယ် (၄၀)ဦးတို့ အား လူငယ်ရေးရာမူဝါဒ လုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက် မှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပွဲကို (၈.၂.၂၀၁၈) ရက်နေ့၊ နံနက်က ဝန်ကြီးရုံးရှိ လူမှုဝန်ထမ်းဦးစီးဌာန အစည်းအေဝေး ခန်းမတွင် ကျင်းပခဲ့ပါသည်။