မေလ ၁၉ ရက်၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်သည့် COVID-19 ကာလအတွင်း ထိခိုက်လွယ် အုပ်စုတွင်ပါဝင်သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များ ငွေကြေးထောက်ပံ့ခြင်း (MCCT) အစီအစဉ်ကို ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ နေရပ် စွန့်ခွာသူများနေထိုင်ရာ IDP စခန်းများတွင် (၁၈.၅.၂၀၂၀) ရက်နေ့မှစတင်ပြီး နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေမှကျခံ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ World Food Programတို့နှင့် ပူးပေါင်း၍ ထောက်ပံ့ဆောင်ရွက်လျက်ရှိပါသည်။
နေပြည်တော် ၊ ၁၃.၅.၂၀၂၀ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ပဉ္စမအကြိမ်အစည်းအဝေး ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် Video Conference ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ လုပ်ငန်းကော်မတီဝင်များဖြစ်သည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့မှတာဝန်ရှိသူများ၊ မြန်မာ နိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ တာဝန်ရှိသူများ၊ မသန်စွမ်းသူများအရေး ဆောင်ရွက်နေသော လူမှုအဖွဲ့အစည်းများမှတာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
နေပြည်တော်၊ ၇.၅.၂၀၂၀ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံလုံး ဆိုင်ရာအမျိုးသမီးကော်မတီ အစည်းအဝေး (၁/၂၀၂၀) တွင် COVID -19 တုံ့ပြန် ဆောင်ရွက်မှုများကို ယနေ့မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးရုံး၌ Video Conference ဖြင့် ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။ ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန၏ ပုံမှန်လုပ်ငန်းတာဝန် များကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရန် COVID -19 ကာလနှင့် ကိုက်ညီသော Video Conferencing စနစ်ဖြင့် အစည်းအဝေးခေါ်ယူရခြင်း ဖြစ်ကြောင်း၊
နေပြည်တော်၊ ၃.၅.၂၀၂၀ သတ်မှတ်နေရာအဆောက်အဦများတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်း Quarantine လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းများအတွက် လေ့ကျင့်သင်တန်းပေးရေး ကိစ္စများညှိနှိုင်းဆွေးနွေးခြင်းကို အမျိုးသားအဆင့်စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့၊ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းက Video Conference ဖြင့်ဆောင်ရွက်ခဲ့ပါသည်။
ဧပြီလ၊ ၂၇၊ နေပြည်တော် COVID - 19 ရောဂါတုံ့ပြန်ဆောင်ရွက်ရာတွင် စနစ်တကျပါဝင်ဆောင်ရွက်နိုင်ရန် စေတနာ့ဝန်ထမ်း (Volunteer) များကို လေ့ကျင့်သင်ကြားပေးရေးနှင့်ပတ်သက်၍ စေတနာ့ဝန်ထမ်း သင်တန်း လက်စွဲစာအုပ်ပြုစုရန် မြန်မာနိုင်ငံဆရာဝန်အသင်း အသင်းဥက္ကဌ၊ ဒုတိယဥက္ကဌများ၊ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမကြီးများနှင့် (၂၅.၄.၂၀၂၀) ရက်နေ့ ညနေပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက Video Conference ဖြင့် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
ဧပြီလ၊ ၂၇၊ နေပြည်တော် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ Quarantine နေရာများ၏ လိုအပ်ချက် များစာရင်းနှင့် စေတနာ့ဝန်ထမ်းစာရင်းများကောက်ယူခြင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက Video Conference ဖြင့်ဆောင်ရွက်ခဲ့ပါသည်။
နေပြည်တော်၊ ၂၆.၄.၂၀၂၀ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် COVID -19 ကာလအတွင်း ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း၊ ရှေးဦးအရွယ်ကလေးသူငယ်များ ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍ ယနေ့မွန်းလွဲပိုင်းက Video Conference ဖြင့် ညှိနှိုင်းဆွေးနွေး ခဲ့ပါသည်။
ဧပြီ၊ ၂၃၊ ၂၀၂၀၊ နေပြည်တော် အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကိုတားဆီးခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်ရန်ကိစ္စများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးရုံး၌ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ညွှန်ကြားရေးမှူးများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
ဧပြီလ ၁၉ ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ရှိ IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် COVID-19 ရောဂါဆိုင်ရာစီမံချက် အကောင်အထည်ဖော်ခြင်းနှင့် အခြားပြည်နယ်များတွင် ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက Video Conference ဖြင့် ညှိနှိုင်းဆွေးနွေး ခဲ့ပါသည်။