“အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ” ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

၁၅.၇.၂၀၂၁ ၊နေပြည်တော်
    “အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ”၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ Virtual ပုံစံဖြင့် ကျင်းပရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

၁၂.၆.၂၀၂၁၊ နေပြည်တော်
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁) အား ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လူကိုယ်တက်ရောက်ခြင်းနည်းလမ်းဖြင့်လည်းကောင်း Zoom  မှ တဆင့် Online နည်းလမ်းဖြင့်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ 

ကချင်ပြည်နယ်လူမှုဝန်ထမ်းရုံးမှအခြေခံစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

၁၀.၇.၂၀၂၁  မြစ်ကြီးနားမြို့
ကချင်ပြည်နယ်လူမှုဝန်ထမ်းရုံးမှအခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို (၁၀.၇.၂၀၂၁)ရက်နေ့ မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက် မင်္ဂလာသုခကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရွှေဘိုခရိုင်လူမှုဝန်ထမ်းရုံးမှ Gender / CEDAW / NSPAW အသိပညာပေးသင်တန်းကျင်းပ

၉.၇.၂၀၂၁    ရွှေဘိုမြို့
(၉.၇.၂၀၂၁)ရက်နေ့တွင် Gender / CEDAW / NSPAW အသိပညာပေး သင်တန်းအားခရိုင်အမျိုးသမီးကော်မတီဝင်ဌာနဆိုင်ရာများ ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းမှ မူကြိုဆရာမများ ၊ မိခင်ဝိုင်းခေါင်းဆောင်များ ပါဝင်သည့် သင်တန်းသား(၃၀)ဦးဖြင့် ရွှေဘိုခရိုင်လူမှုဝန်ထမ်းရုံး၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ရွှေဘိုခရိုင်လူမှုဝန်ထမ်းရုံးမှစေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားကျင်းပ

၅.၇.၂၀၂၁   ရွှေဘိုမြို့
၂၀၂၀-၂၀၂၁ ၊ ဘဏ္ဍာရေးနှစ်အတွင်း စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားကို (၅.၇.၂၀၂၁)ရက်နေ့တွင် ရွှေဘိုခရိုင်လူမှုဝန်ထမ်းရုံး၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ အခမ်းအနားတွင် ရွှေဘိုခရိုင်အတွင်းရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ(၄)ခုနှင့် ဘိုးဘွားရိပ်သာ (၁)ခုသို့ ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။

မကွေးတိုင်းဒေသကြီးအမျိုးသမီးကော်မတီအစည်းအဝေး (၁/၂၀၂၁) ကျင်းပ

၂၉.၆.၂၀၂၁   မကွေးမြို့
မကွေးတိုင်းဒေသကြီးအတွင်း အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးအတွင်းရှိ အမျိုးသမီး ကော်မတီများနှင့်တွေ့ဆုံကာ ရှေ့ဆက်ဆောင်ရွက်သွားမည့်လုပ်ငန်းများ ဆွေးနွေးညှိနှိုင်းသည့် မကွေးတိုင်းဒေသကြီးအမျိုးသမီးကော်မတီအစည်းအဝေး(၁/၂၀၂၁)အား (၂၉.၆.၂၀၂၁)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် မကွေးမူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

မကွေးတိုင်းဒေသကြီး၌ အမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

၎.၇.၂၀၂၁  မကွေးမြို့
၂၀၂၁ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်သည့် မြန်မာအမျိုးသမီးများ နေ့ အထိမ်းအမှတ်အခမ်းအနားအား မကွေးတိုင်းဒေသကြီးအမျိုးသမီးကော်မတီက ကြီးမှူး၍ (၄.၇.၂၀၂၁)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်၌ မကွေးမူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရွှေဘိုခရိုင်လူမှုဝန်ထမ်းရုံး၌ မြန်မာ့ရိုးရာမုန့်လုပ်နည်းသင်တန်းနှင့် ပန်းအလှပြင်သင်တန်းများကျင်းပဆောင်ရွက်

ရွှေဘိုမြို့
(၆.၇.၂၀၂၁)ရက်နေ့တွင် မြန်မာ့ရိုးရာမုန့်လုပ်နည်းသင်တန်းအား သင်တန်း သား (၂၀)ဦးဖြင့် ရွှေဘိုခရိုင်လူမှုဝန်ထမ်းရုံး၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

(၇.၇.၂၀၂၁)ရက်နေ့တွင် ပန်းအလှပြင်သင်တန်းအား သင်တန်းသူ(၂၀)ဦးဖြင့် ရွှေဘိုခရိုင်လူမှုဝန်ထမ်းရုံး၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ကယားပြည်နယ်လူမှုဝန်ထမ်းရုံးမှ အခြေခံလူမှုဝန်ထမ်းသင်တန်းနှင့် COVID-19 ကြိုတင်ကာကွယ်ရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

၇.၇.၂၀၂၁      ကယားပြည်နယ်၊ လွိုင်ကော်မြို့
အခြေခံလူမှုဝန်ထမ်းသင်တန်းကို(၇.၇.၂၀၂၁)ရက်နေ့မှ(၈.၇.၂၀၂၁)ရက်နေ့ထိကယားပြည်နယ်လူမှုဝန်ထမ်းရုံးတွင်ဖွင့်လှစ်ခဲ့ရာသင်တန်းသား(၂၁)ဦးတက်ရောက်ခဲ့ကြပါသည်။သင်တန်း တွင် လူမှုဝန်ထမ်းလုပ်ငန်း (၇)ရပ်နှင့် ချိတ်ဆက်ဆောင်ရွက်ရသောလုပ်ငန်းများအကြောင်း သင်ကြား ခဲ့ပါသည်။

၈.၇.၂၀၂၁  ကယားပြည်နယ်၊ လွိုင်ကော်မြို့
(၈.၇.၂၀၂၁)ရက်နေ့တွင် ကယားပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၌ COVID-19 ကြိုတင်ကာကွယ်ရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ပရဟိတဂေဟာများမှ ပြုစုစောင့်ရှောက်သူ (၂၁)ဦး တက်ရောက်ခဲ့ကြပါသည်။