ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပခြင်းနှင့် ဂုဏ်ပြုခြင်းများ ဆောင်ရွက်

မြန်မာ့ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာ မိတ်ဆက်ဖြန့်ချိခြင်းအခမ်းအနားနှင့် အမျိုးသားအဆင့်ဆွေးနွေးပွဲ အခမ်းအနား ကျင်းပနိုင်ရေးအတွက် ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးကြသော အဖွဲ့များ အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းအဖွဲ့ (ECCDG Working Group) အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နေ့လည်ပိုင်းတွင် နေပြည်တော် Hotel Max ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။

“မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းခြင်းဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ် အသုံးပြုနည်းသင်တန်း” ဖွင့်လှစ်ဆောင်ရွက်ခြင်း

ကော့သောင်းမြို့၊ ၂၀.၁၂.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနနှင့် IOM (Myanmar) တို့ ပူးပေါင်း၍ “မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူး ခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းခြင်းဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ် အသုံးပြုနည်းသင်တန်း”ကို တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ Victoria Cliff Hotel ၌ ၂၀၁၈ခုနှစ်၊ဒီဇင်ဘာလ(၂၀)ရက်နေ့မှ(၂၂)ရက်နေ့အထိကျင်းပပြုလုပ်ခဲ့သည်။

နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးတွင် အာဆီယံက ပူးပေါင်း ဆောင်ရွက်ရန် အတွက် အဆင့်မြင့်အရာရှိကြီးများ ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

နေပြည်တော်၊ ၁၈-၁၂-၂၀၁၈ ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် အာဆီယံမှပူပေါင်းဆောင်ရွက်နိုင်ရေးအတွက် အာဆီယံအတွင်းရေးမှူး ချုပ်ရုံးနှင့် မြန်မာနိုင်ငံအစိုးရ အကြား အဆင့်မြင့်အရာရှိကြီးများ ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အမျိုးသားအဆင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ ဒုတိယအကြိမ် အစည်းအဝေး ကျင်းပ

နေပြည်တော်၊ ၁၇-၁၂-၂၀၁၈ အမျိုးသားအဆင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေး ကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ရာ ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

ကျား/မအခြေပြု အကြမ်းဖက်မှုအပေါ်တုံ့ပြန်မှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ၁၇-၁၂-၂၀၁၈ လူမှုဝန်ထမ်းဦးစီးဌာနနှင့် NGO Gender Groupတို့ပူးပေါင်း၍ “ ကျား/မအခြေပြု အကြမ်းဖက်မှုအပေါ်တုံ့ပြန်မှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ” ကို (၁၄.၁၂.၂၀၁၈)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ရူပါမြ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဌာနဆိုင်ရာအဖွဲ့အစည်းများ ၊ အရပ်ဖက်အဖွဲ့ အစည်းများနှင့် ရန်ကုန်(လှိုင်သာယာမြို့နယ်)အုပ်ချုပ်ရေးမှူးများ၊ Case Managerများဖြင့် စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး နှင့် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်တို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် တိုင်းရင်းသားများဖွံ့ဖြိုးရေး ဆောင်ရွက်

ကလေးမြို့၊ ၁၅.၁၂.၂၀၁၈ စစ်ကိုင်းတိုင်းဒေသကြီးတွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ကလေးဝမြို့သို့သွားရောက်ပြီး လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး စစ်ကိုင်းတိုင်းဒေသကြီး အတွင်း လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်

ကလေးမြို့၊ ၁၄.၁၂.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနိုင်သက်လွင်နှင့် အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ မြို့တော်ခန်းမ၌ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက မိမိတို့အစိုးရက တရားဥပဒေစိုးမိုးရေနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိုအစဉ်တစိုက် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လူမှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များကို

မိုင်းအန္တရာယ်အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ၁၄.၁၂.၂၀၁၈ မိုင်းအန္တရာယ်အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက အဖွင့် အမှာစကားပြောကြားခဲ့ပါသည်။

AAR Japan သက်မွေးပညာသင်ကျောင်း၏ ၂၀၁၈ခုနှစ် တတိယအပတ်စဉ် သင်တန်းဆင်းပွဲကျင်းပ

လူမှုဝန်ထမ်းဦးစီးဌာနနှင့် AAR Japan သက်မွေးပညာသင်ကျောင်းတို့ ပူးပေါင်း ဖွင့်လှစ်သည့် ကိုယ်အင်္ဂါမသန်စွမ်းသူများနှင့် အကြားအာရုံအားနည်းသူများအတွက် စက်ချုပ်သင်တန်း၊ ဆံသသင်တန်းနှင့် ကွန်ပျူတာသင်တန်းတို့ကို ဖွင့်လှစ်လျက်ရှိရာ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ကုလသမဂ္ဂလက်ထောက် အတွင်းရေးမှူးချုပ်ဦးဆောင်သောအဖွဲ့နှင့် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး တို့က အသီးသီးလာရောက်တွေ့ဆုံ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေး အား ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ်၊ UNDP ၏ လက်ထောက်အုပ်ချုပ်ရေးမှူးနှင့် အာရှ-ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး ဖြစ်သူ Mr. Haoliang Xu ဦးဆောင်သောအဖွဲ့နှင့် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးနှင့် အထက်လွှတ်တော်အမတ် The Honourable Marise Payne တို့က ယနေ့ နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ အသီးသီးလာရောက် တွေ့ဆုံ ခဲ့ပါသည်။