၂၆.၈.၂၀၁၈၊ ရန်ကုန် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့်အတူယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးတွင် ကျင်းပပြုလုပ်သည့် ရေဘေးသင့် ဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူငွေများ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ရခိုင်ပြည်နယ်ရှိ ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး ပြန်လည်နေရာ ချထားရေး ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD)သို့ International Language & Business Center (ILBC)Co. Ltdနှင့်Care Well Medical Co. ltdတို့ပူးပေါင်းပြီး ရူပါသိဒ္ဓိ လျှပ်စစ်ကား ထုတ်လုပ်ရေး စက်ရုံတွင် ထုတ်လုပ်ထားသည့် Mobile Medical Clinic ရွေ့လျားဆေးကုသခန်း လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စက်မှုဇုန်(၁)ရူပါသိဒ္ဓိ လျှပ်စစ်ကား ထုတ်လုပ်ရေး စက်ရုံဝင်း အတွင်း၌ ကျင်းပသည်။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စု ၀န်ကြီးဒေါက်တာမြင့်ထွေး၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းရေးတွင် မြန်မာနိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ သာယာဝပြောမှုနှင့် မိတ်ဖက်ဖြစ်မှု၊ ပြည်သူနှင့် ကမ္ဘာကြီးပါဝင်သော မဏ္ဍိုင်ကြီး(၃)ခုကို အခြေခံပြီး ရည်မှန်းချက် ပန်းတိုင် (၅)ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်ဖြစ်ပါသည်။ ရည်မှန်းချက်ပန်းတိုင် (၅)ရပ်မှာ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ လုံခြုံရေးနှင့် ကောင်းမွန်သော အုပ်ချုပ်ရေး၊ စီးပွားရေး တည်ငြိမ်အားကောင်းလာရေး၊ အလုပ်အကိုင် ဖန်တီးရေးနှင့် ပုဂ္ဂလိက ကဏ္ဍဦးဆောင် သည့်ဖွံ့ဖြိုးတိုးတက်ရေး၊ (၂၁)ရာစု လူမှုအသိုက်အ၀န်းအတွက် လူသားအရင်းအမြစ်နှင့် လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝ အရင်းအမြစ်များနှင့် ပတ်ဝန်းကျင် တည်တံ့ရေးတို့ဖြစ်ပါပြီး ထိုရည်မှန်းချက်ပန်းတိုင်များ ပြည့်မီစေရန် ၀န်ကြီးဌာန အသီးသီးက တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော်ကြီးကို သွားရောက် ဖူးမျှော် ကြည်ညိုကာ ပန်း၊ ဆီမီး၊ ရေချမ်း ဆက်ကပ်ခဲ့ပြီး အလှူငွေများ ပေးအပ်လှူဒါန်း၍ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြိတ်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းသို့ ရောက်ရှိပြီး နိုင်ငံတော်က တာဝန်ယူစောင့်ရှောက်ထားသော အမျိုးသမီးများနှင့် ကလေးများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားပြောကြားကာ သင်ကြားပေးနေသည့် ပညာရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ ထို့နောက် တာဝန်ရှိသူများက ကျောင်း၏ လိုအပ်ချက်များကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အမြန် ဆောင်ရွက်နိုင်ရေးညှိနှိုင်းခြင်းနှင့် မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ ထောက်ပံ့ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သို့ ရောက်ရှိခဲ့ပါသည်။ တနင်္သာရီတိုင်း ဒေသကြီးတွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် မြိတ်မြို့၊ ပုလဲရတနာခန်းမတွင် ကျင်းပပြုလုပ်သည့် မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူများအား ထောက်ပံ့ကြေးငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားရာတွင် တနင်္သာရီတိုင်းဒေသကြီးသို့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနသည် ကလေးသူငယ်များ၏ အာဟာရအခြေအနေများ ပိုမိုတိုးတက်ကောင်းမွန်စေ ရေးဦးတည်၍ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ် အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ် (MCCT Program) အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ချင်းပြည်နယ်အစီအစဉ်သည် ပထမဆုံး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော အစီအစဉ်ဖြစ်ပါသည်။ အစီိအစဉ် အကောင်အထည်ဖော်မှု၏ တိုးတက်မှုများအား တိုင်းတာနိုင်ရန်အတွက် ကနဦးအခြေအနေ အား ဆန်းစစ်သည့် စစ်တမ်းတစ်ခုအား အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့ (LIFT) ၏ ရန်ပုံငွေထာက်ပံ့မှုဖြင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များအားလုံး၌ ၂၀၁၇ခုနှစ်အတွင်း ကောက်ယူခဲ့ပြီး အဆိုပါစစ်တမ်း၏ တွေ့ရှိချက်အစီရင်ခံစာအား ယနေ့ တွင်ထုတ်ပြန်ဖြန်ချိခဲ့ပါသည်။
ရခိုင်ပြည်နယ် အတွင်းရှိ IDPစခန်းများ ပိတ်သိမ်းနိုင်ရေး အတွက် ဦးစားပေး ဆောင်ရွက်လျက်ရှိရာ ကျောက်တော်မြို့နယ်၊ နိဒင်IDP စခန်းပိတ်သိမ်းနိုင်ရေး အတွက် နိဒင်ကျေးရွာ အနီးတွင် နေအိမ်သစ် (၈၅)လုံး ဆောက်လုပ်ပြီးဖြစ်၍ ရခိုင်ပြည်နယ် အစိုးရက စနစ်တကျ ပြောင်းရွှေ့နေရာ ချထားပေးခဲ့ရာ ယခုအခါ အိမ်ထောင်စု အားလုံး ပြောင်းရွှေ့ပြီး ဖြစ်ပါသည်။ ထိုစခန်းတွင် အိမ်ထောင်စု (၈၅)စု လူဦးရေ (၅၈၀) ကျော်ရှိပြီး၊ ၂၀၁၂ခုနှစ် ပဋိပက္ခ ဖြစ်စဉ်များ အပြီး ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။ ယခင်က ရခိုင်ပြည်နယ်တွင် IDP စခန်း (၂၁) ခုကျန်ရှိနေပြီး ၂၀၁၇ ခုနှစ်အတွင်း ကျောက်ဖြူမြို့နယ်ရှိ ကညင်တော IDP စခန်း၊ ရမ်းဗြဲမြို့နယ်ရှိ တန်းရွာ IDP စခန်းများ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့၊ ကျောက်ကြီးမြို့များသို့ ရောက်ရှိပြီး မသန်စွမ်းသူများကို အားပေးထောက်ပံ့ခြင်း အခမ်းအနားများသို့ တက်ရောက်၍ အမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီး ဌာနသည် နိုင်ငံတော်၏ ဘဏ္ဍာငွေ ရရှိမှုပေါ်မူတည်၍ ပြည်သူများ တိုက်ရိုက် အကျိုးရှိစေမည့် လူမှုကာကွယ် စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်း သူများကိုလည်း ၎င်းတို့ရရှိမည့် အခွင့်အရေး အပြည့်အ၀ရရှိရေး၊ စွမ်းဆောင်ရည် မြင့်မားရေး၊ ပါဝင် ဆောင်ရွက်နိုင်ရေး၊ အလုပ်အကိုင် ရရှိရေးများကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မသန်စွမ်းသူများကို မသန်စွမ်းအဆင့် သတ်မှတ်ထားရှိပြီး ပုံမှန်ထောက်ပံ့မှုများ ပြုနိုင်အောင်လည်း ကြိုးပမ်းလျက်ရှိပါကြောင်း၊ မသန်သော်လည်း စွမ်းကြသူများ ဖြစ်စေရန် အစိုးရ၊ ပြည်သူများ၊ လူမှုအဖွဲ့အစည်းများ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန်လည်း တိုက်တွန်းပါကြောင်းဖြင့် ပြောကြားပြီး၊
မြန်မာနိုင်ငံရှိ အလုပ်ရှင်များအတွက် မသန်စွမ်းသူများအား အလုပ်ခန့်ထားခြင်းဆိုင်ရာ လက်စွဲစာအုပ် ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို နေပြည်တော် ဇမ္ဗူသီရိဟိုတယ်၌ ယနေ့ နံနက်(၀၉:၀၀)နာရီတွင် ကျင်းပသည်။ ထိုအခမ်းအနားသို့ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် လုပ်ငန်း ကော်မတီ အဖွဲ့ဝင်များ၊
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန၏ ၀န်ထမ်းဆန္ဒ ဖော်ထုတ်ပွဲကို ယနေ့ နံနက်(၁၁)နာရီတွင် ၀န်ကြီးဌာန အစည်းအ‌ဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ၀န်ကြီးက မိမိတို့ဝန်ကြီးဌာနရှိ ဦးစီးဌာန(၃)ခုစလုံး၏ လုပ်ငန်း ဆောင်ရွက်ချက်များသည် ပြည်သူနှင့် တိုက်ရိုက် ထိတွေ့ ဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်ပြီး တာဝန်ရှိမှုအပြင် စေတနာကိုပါ ပေါင်းစပ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့၏ ဆောင်ရွက်ချက်အတိုင်း ပြည်သူများအတွင်း ပုံရိပ်အဖြစ် ပေါ်လွင်စေမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏ပုံရိပ်သည် ပြည်ထောင်စုဝန်ကြီးကစ၍ အခြေခံဝန်ထမ်းများအထိ ဝန်ထမ်းအားလုံး၏ ဆောင်ရွက်မှု အပေါ်မူတည်ကြောင်း၊ ဆောင်ရွက်ချက်နှင့်ပုံရိပ် ထပ်တူ ကျနေမည်ဖြစ်ကြောင်း၊