ခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ညနေ (၃) နာရီအချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်များနှင့်တွေ့ဆုံခဲ့ပြီး(UEHRD)စီမံကိန်း၏ ဆောင်ရွက်နေသောကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုအကူအညီအထောက်အပံ့များဆောင်ရွက်ပေးနေမှုအခြေအနေများ၊ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုအခြေအနေများ၊ ပြန်လည်လက်ခံရေးနှင့်
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီနှင့် ကော်မတီ၏အကြံပေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို Hilton Hotel နေပြည်တော်၌ ယနေ့မနက် (၁၀)နာရီခွဲတွင် ကျင်းပရာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေး ကော်မတီ ဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကော်မတီပူးတွဲဥက္ကဌ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုနှင့် ကော်မတီ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ ဥက္ကဌ H.E . Professor Dr.Surakiart Sathirathaiနှင့် အကြံပေးအဖွဲ့ အဖွဲ့ဝင်များ တက်ရောက် ကြပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးနှင့်အဖွဲ့သည် ချင်းတွင်းမြစ် မြစ်ရေလျှံခြင်း ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဖြစ်သော မုံရွာမြို့ ချင်းတွင်းမြစ် ရေဘေး ကာကွယ်ရေး တာတမံ ပိုမို အဆင့်မြှင့်တင်ရန် လိုအပ်မှု အခြေအနေများကို လိုက်လံကြည့်ရှုခြင်းနှင့် သဘာဝ ဘေးကြိုတင် ပြင်ဆင်ရေး လုပ်ငန်းများ ဆွေးနွေးခြင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ အကြံပြုချက်များ အကောင်အထည် ဖော်ရာတွင် ကုလသမဂ္ဂ၏ ပူးပေါင်း ပါဝင်မှုနှင့် ပတ်သက်သော အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် Hilton Hotel ၌ ကျင်းပခဲ့ရာ ကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာန အသီးသီးက အဆင့်မြင့်အရာရှိများ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က တာဝန်ရှိသူများ၊ ကုလသမဂ္ဂ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြပါသည်။
အမျိုးသား သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးအောင် နှင့်အတူ ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးတွင် ကျင်းပပြုလုပ်သည့် ရေဘေးသင့် ဒေသများ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် အလှူငွေများ ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Abul Hassan Mahmood Ali နှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) မှ တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံ ပါသည်။
လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်တွင် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေး အသင်းမှလည်း ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ၊ နံနက်(၉)နာရီမှ ညနေ(၅)နာရီအထိ မန္တလေး တက္ကသိုလ်ဝင်း အတွင်း၌ ရင်ခွင်မဲ့ ကလေးငယ်များနှင့် အမျိုးသမီးထုများအား ကာကွယ်စောင့်ရှောက်ရေး တေးသီချင်းများ၊ ပဟေဠိ ဥာဏ်စမ်း အစီအစဉ်များ၊ အသိပညာပေး တေးသရုပ်ဖော် ပြဇာတ်များ၊ စကားဝိုင်းများ၊ ပြခန်းများကို စည်ကားသိုက်မြိုက်စွာ ပါဝင်ကျင်းပ
နေပြည်တော်၊ ၉.၈.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E. Mr. Daniel Patrick Chugg ဦးဆောင်သောအဖွဲ့တို့က ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာ ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
၈-၈-၂၀၁၈၊ နေပြည်တော် နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့်ပြန်လည်နေရာချထားရေးကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက်(၁၀)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပြန်လည်နေရာချထားရေးကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး အစီအစဉ် (UN- Habitat) မှ Country Programme Manager ဖြစ်သူ Mr. BijayKarmacharya နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E. Mr. Scot Marciel ဦးဆောင်သော အဖွဲ့တို့က ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပါသည်။