အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဌ၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် ယမန်နေ့မွန်းလွဲပိုင်းတွင်ပဲခူးမြို့မှ မွန်ပြည်နယ်ဘီးလင်းမြို့သို့သွားရောက်ခဲ့ပြီးပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံနှင့်တာဝန်ရှိသူများလိုက်ပါ၍ ယာယီရေဘေးရှောင်စခန်းများရှိရေဘေးသင့်ပြည်သူလူထုများကိုတွေ့ဆုံကာအားပေးစကားပြောကြားပြီး
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဌ ၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒါက်တာဝင်းမြတ်အေး သည် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့်တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းက ပဲခူးမြို့ရှိ ယာယီ ရေဘေးရှောင်စခန်းများသို့ ရောက်ရှိ၍ ရေဘေးသင့်ပြည်သူများကို တွေ့ဆုံကာ အားပေးစကား ပြောကြားပြီးလိုအပ်သော စားနပ်ရိက္ခာနှင့် လူမှုရေးအကူအညီများကို ထောက်ပံ့ပေးခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တွင် (၂၃.၇.၂၀၁၈) ရက်နေ့မှ (၂၄.၇.၂၀၁၈) ရက်နေ့အထိ ကျင်းပခဲ့သည့် မသန်စွမ်းမှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။ ၎င်းထိပ်သီးဆွေးနွေးပွဲအား Department for International Development (UK) ၊ ကင်ညာနိုင်ငံ အစိုးရနှင့် International Disability Alliance တို့က ပူးပေါင်းကျင်းပခဲ့ပြီး၊ ကမ္ဘာ့နိုင်ငံ (၇၅)နိုင်ငံမှ ကိုယ်စားလှယ် (၇၅၀) ဦး ပါဝင်တက်ရောက်ခဲ့ကြပါသည်။
မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်အတွင်း ဇူလိုင် (၂၂)ရက်နေ့မှစ၍ နေ့စဉ်မိုးရေချိန်(၇) လက်မခန့် ရွာသွန်းမှုကြောင့် ဒေသကွက်၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိပြီး၊ ပြည်သူများ ရေဘေးရှောင်နေရမှုကြောင့် တွေ့ဆုံအားပေးထောက်ပံ့နိုင်ရန် အမျိုးသားသဘာဝ‌ဘေးအန္တရာယ် ဆိုင်ရာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံတွင် ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေး အသင်းဖွဲ့စည်းရန်နှင့်မြို့မိမြို့ဖလူမှုရေးအဖွဲ့အစည်းများအား တွေ့ဆုံဆွေနွေးပွဲ အခမ်းအနားကို ဇူလိုင် ၂၁ ရက်နေ့ နံနက် ၁၀ နာရီက ကျိုင်းတုံမြို့ ၊မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက အမှာစကား ပြောကြားရာ
၂၀၁၈ခုနှစ်ဇူလိုင်လ(၂၁)ရက်နေ့ နံနက်(၉:၀၀)နာရီ အချိန်တွင်ဖျာပုံမြို့/အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်ကျောင်းနှင့်ကျိုက်လတ်မြို့/အမျိုးသမီးဘဝမြင့်တင် ရေး ဂေဟာ တို့ပူးပေါင်း၍အမျိုးသမီးများ၏စွမ်း ဆောင်ရည်မြှင့် တင် ရန် နှင့်အိမ်တွင်း မှု ပညာရပ်များကို
ရင်ခွင့်မဲ့ကလေးငယ်များလျှော့ချရေး နှင့် ကာကွယ်စောင့်ရှောက်ရေး ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းများဖွဲ့စည်းရေးတွေ့ဆုံဆွေးနွေးပွဲကို
"ဝန်ဆောင်မှုပေးနေသူများအတွက်လူကုန်ကူးမှုနှင့်သက်ဆိုင်သော ဖြစ်ရပ်များစီမံဆောင်ရွက် ခြင်းနှင့် တရားစွဲဆိုရေးလုပ်ငန်းစဉ်ဆိုင်ရာနည်းပြသင်တန်း" ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း က နေပြည်တော်ဟိုတယ်ဇုံရှိ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံး ထိန်းသိမ်းမြေ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် ဒုတိယ၀န်ကြီး ဦးစိုးအောင် တက်ရောက်၍ ရတနာတန်းဝင် ကျွန်းပင်ကို စိုက်ပျိုးပေးပြီး အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင် အပင်များနှင့် အရိပ်ရပင်များဖြစ်သည့် ကျွန်း၊ ပျဉ်းကတိုး၊ မဟောဂနီပင်များကို သတ်မှတ် နေရာများတွင် စိုက်ပျိုးကြပါသည်။
ရေချိုရရှိရေး အခက်အခဲကြုံတွေ့နေရသော ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ အောင်းကြီးကျေးရွာရှိ ပြည်သူများအတွက် စက်ရေတွင်းတူးဖော်ရန် အလှူငွေ ပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။