ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

      (၁၉.၈.၂၀၁၆)ရက်နေ့ မနက်(၁၀း၀၀)နာရီ စစ်တွေမူလတန်းကြိုကျောင်း အစည်းအဝေးခန်းမတွင် ရခိုင်ပြည်နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ ၂/၂၀၁၆ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့၊ ပြည်နယ်CRC ဥက္ကဌ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာမှ အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများအား ဆွေးနွေးတင်ပြပြီး တက်ရောက်လာသော ဌာနဆိုင်ရာများ UN , INGO များမှ ကိုယ်စားလှယ်များက အထွေထွေဆွေးနွေး တင်ပြလာပါသည်။

အိမ်တွင်းအကြမ်းဖက်မှုနှင့် အကြမ်းဖက်မှု အမျိုးမျိုးခံစားနေရသော အမျိုးသမီးများအတွက် ပြဿသ နာများအား တစ်နေရာတည်းတွင် ကူညီ‌ဖြေ ရှင်းပေးနိုင်မည့်စင်တာဖွင့်လှစ်နိုင်ရေးဒုတိယအကြိမ် ညှိနှိုင်းအစည်း အဝေးကျင်းပ

နေပြည်တော်၊ ၂၀၁၆ခုနှစ်၊နိုဝင်ဘာလ ၈ ရက် -

      အိမ်တွင်းအကြမ်းဖက်မှုနှင့် အကြမ်းဖက်မှုအမျိုးမျိုးခံစားနေရသောအမျိုးသမီးများအတွက် ပြဿနာများအား တစ်နေရာ တည်းတွင် ကူညီ‌ဖြေရှင်းပေးနိုင်မည့် စင်တာ(One Stop women Support Center _ OSWSC)ဖွင့်လှစ်နိုင်ရေး ဒုတိယ အကြိမ် ညှိနှိုင်းအစည်းအဝေးယနေ့နံနက် (၉း၃၀)တွင် နေပြည်တော်ဟိုတယ်ဇုံရှိ Helton Hotel ၌ ကျင်းပရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်ကအဖွင့်အမှာစကား‌ပြောကြားခဲ့ ပါသည်။

လူမှုအဖွဲ့အစည်းများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရပ်ရွာဒေသတွင်း တစ်ဦးခြင်း၊ မိသားစုလူမှုရေး ပြဿနာများအပြင် ရပ်ရွာလူထုအရေး ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်

၁။ ပြည်သူအားလုံး လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိရာတွင် အစိုးရအဖွဲ့တစ်ဖွဲ့တည်းက ဆောင်ရွက်နေခြင်းထက် လူမှုရေးအဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများကပါ စနစ်တကျ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ပြည်သူများတိုက်ရိုက်အကျိုးခံစားမှု ပိုမိုရရှိမည်ဖြစ်ကြောင်း ယနေ့နံနံက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ Hotel Mandalay ၌ ကျင်းပပြုလုပ်သည့် အထက်မြန်မာပြည်ရှိ လူမှုရေးအဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဆဌမ အကြိမ်မြောက် ဖွံ့ဖြိုးရေးလူငယ်များနှီးနှောဖလှယ်ပွဲ တက်ရောက်

      ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်နေ့တွှင် နေပြည်တော်၊ မင်္ဂလာသီရိ ဟိုတယ်၌ ဆဌမ အကြိမ်မြောက် ဖွံ့ဖြိုးရေးလူငယ်များ နှီးနှောဖလှယ်ပွဲ (6th National Fellow's Ference) ကို ကျင်းပပြုလုပ်ခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်းကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြား ခဲ့ပါသည်။

ရေဘေးသင့်ဒေသများသို့ ကွင်းဆင်းလုပ်ငန်းဆောင်ရွက်မှုသတင်း

နေပြည်တော်၊ သြဂုတ် (၂၇) -

၁။ မမျှော်မှန်းနိုင်သော သဘာဝဘေးဒဏ် ကျရောက်လာလျှင် ဘေးသင့်ပြည်သူများအား အလျှင်အမြန် ကူညီထောက်ပံ့မှု ပြုနိုင်ရန် နိုင်ငံတော် အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးနေကြောင်း ၂၆-၈-၂၀၁၆ နေ့ နံနက်(၀၃း၀၀)နာရီတွင် ဆင်သေချောင်းရေ ရုတ်တရက် မြင့်တက်စီးဆင်းမှုကြောင့် တပ်ကုန်းမြို့နယ်၊ သံပုရာကုန်း ကျေးရွာနှင့် လက်ပံအိုင် ကျေးရွာတွင်အိမ်(၂၂)လုံး ရေမျောပါပျက်စီးခဲ့ ပြီး (၂၁၂)အိမ် ရေ၀င်ပျက်စီးကာ(၁၀၃၈)ဦး ရေဘေးသင့်‌ခဲ့ကြောင်း ရမည်းသင်းမြို့နယ်၊ ဆက်ထိုးပေါက် ကျေးရွာနှင့် အောင်ချမ်းသာ ကျေးရွာတွင် အိမ်(၁၃)လုံး ရေမျောပါပျက်စီးကာ (၅၀)ဦး ရေဘေးသင့်ခဲ့ကြောင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေး အား Korea Disabled People’s Development Institute အဖွဲ့အစည်း နှင့် United Nations Development Programme(UNDP) အဖွဲ့အစည်း တို့မှ သီးခြားစီ လာရောက်တွေ့ဆုံခြင်း

နေပြည်တော်၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာ ခန်းမတွင် နိုဝင်ဘာလ ၁၆ ရက်နေ့၊   နေ့လည် (၁၂း၀၀)နာရီ အချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား   Korea Disabled People’s Development Institute အဖွဲ့ အစည်း မှ Program Specialist   ဖြစ်သူ Mr. Kim Kwang- hee ဦးဆောင်သော အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရေဘေးအလှူငွေ လက်ခံခြင်းနှင့် လမ်းပေါ်နေကလေးများ အတွက် ယာယီစောင့်ရှောက်ရေးစခန်း ပိုမိုကောင်းမွန်စွာ ထားရှိရေးကြည့်ရှု

ရန်ကုန်၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အောင်စကြာမိုးကုတ် ဝိပဿနာဓမ္မရိပ်သာ၌ ကျင်းပသော အလှူရှင် ဒေါ်ရွှေပု၏ ရေဘေးသင့်သာသနိက အဆောက်အဦများ၊ ငလျင်ဒဏ်ကြောင့် ပျက်စီး သွားသော ပုဂံဘုရားစေတီပုထိုးများ ပြုပြင်ရန်နှင့်ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ်သိန်း(၈၀)ကို လက်ခံရယူကာ ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ပါသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပဋိပက္ခဘေးရှောင် ပြန်လည်နေရာချထားခဲ့သော ရပ်ကွက်၊ ကျေးရွာများမှ ရခိုင်အမျိုးသမီးများအတွက် သက်မွေးဝမ်းကျောင်း ပညာများပို့ချပေးနိုင်ခဲ့မှု

      ရခိုင်ပြည်နယ် လူမှုဝန်ထမ်းရုံး၏ ဦးဆောင်မှုဖြင့် စစ်တွေအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်းမှ စစ်တွေမြို့ ပဋိပက္ခဘေးရှောင်၍ ပြန်လည်နေရာချထားပေးခဲ့သော ရပ်ကွက်၊ ကျေးရွာများထဲမှ ရခိုင်အမျိုးသမီးငယ်ရွယ်များအား ၂၀၁၆ခုနှစ်၊ ဇွန်လတွင် ရပ်ရွာအခြေပြု သက်မွေးပညာဖြစ်သော စက်ချုပ်သင်တန်းအား ၄င်းတို့နေရာသို့ ပို့ချခဲ့ပြီး ယခုစစ်တွေအိမ်တွင်းမှုများတွင် ( ၂၇-၆-၂၀၁၆ ) ရက်နေ့မှ ( ၄-၈-၂၀၁၆)ရက်နေ့အထိ စက်ချုပ်သင်တန်း(အဆင့်မြင့်)ကို ရခိုင်အမျိုးသမီးငယ်ရွယ်(၃၄)ဦးအား တတ်မြောက်အောင် သင်ကြားပို့ချပေးနိုင်ခဲ့ပြီး ( ၄-၈-၂၀၁၆ )ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်နိုင်ခဲ့ပါသည်။

မန္တလေးမြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက ဦးဆောင် ကျင်းပသော လူမှုကာကွယ် စောင့်ရှောက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ နှင့် ရန်ကုန်မြို့တွင် ကျင်းပသော မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန် စွမ်းသူများ အသင်း(၁၄)နှစ်‌မြောက် အခမ်းအနားများသို့

မန္တလေး၊ အောက်တိုဘာလ ၁၀ -

      လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုကာကွယ်စောင့်ရှောက်ရေး အခန်းကဏ္ဍသည် အရေးကြီးကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် ရေးဆွဲ ထားပြီးဖြစ်သော မြန်မာနိုင်ငံ၏ အမျိုသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာ ဗျူဟာစီမံချက်ကို တစ်ဆင့်ပြီးတစ်ဆင့် အကောက်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မန္တလေးမြို့၊ ဟိုတယ်မန္တလေးတွင် ယနေ့နံနက် ကျင်းပသော လူမှုကာကွယ်စောင့်ရှောက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ‌ပြောကြားခဲ့ပါသည်။

ရေဘေးသင့် ပြည်သူများအတွက် အလှူငွေများ ပေးအပ်ခြင်းနှင့် မိုင်းအန္တရာယ် အသိပညာပေးနှင့် မိုင်းရှင်းလင်းခြင်းဆိုင်ရာ သရုပ်ပြပွဲ ကျင်းပပြုလုပ်မှုသတင်း

နေပြည်တော်၊ သြဂုတ်လ (၂၄) -

      မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ရေဘေးသင့် ပြည်သူများအတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းမိသားစုများက လှူဒါန်းငွေကျပ်(၂၀)သန်းအား သံအမတ်ကြီး Mr.Hong Liang ကလည်းကောင်း၊ State Power Investment Corporation က လှူဒါန်းငွေကျပ်(၁၀)သန်းနှင့် Huawei Myanmar က လှူဒါန်းငွေကျပ်(၁၀)သန်းအား တာဝန်ရှိသူများကလည်းကောင်း ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ၀န်ကြီးရုံးအစည်းအ‌ဝေးခန်းမ၌ လာရောက်လှူဒါန်းရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပါသည်။