မြစ်ကြီးနား၊ ၂၁-၁၀-၂၀၁၉ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs) ပြန်လည်နေရာချထားမှု အကောင် အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြစ်ကြီးနားမြို့၊ ကချင် ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ယနေ့နေ့လည်ပိုင်း၌ ကျင်းပခဲ့ရာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ကချင်ပြည်နယ်အတွင်းရှိနေရပ်စွန့်ခွာရသူများ(IDPs) ပြန်လည် နေရာချထားမှုအကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင် ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်၊ လုပ်ငန်းအဖွဲ့ ဝင်များဖြစ်ကြသော ကချင်ပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်း ၊ လူမှုရေးဝန်ကြီးဦးနေဝင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး(ဗိုလ်မှူးကြီး) ဗိုလ်မှူးကြီး ထွန်းနေလင်း ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ KHCCမှ ကိုယ်စားလှယ်များ ၊ UN Core Group နှင့် Red Cross Movement မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။
မြစ်ကြီးနားမြို့၊ ၁၉/၂၀ -၁၀-၂၀၁၉ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs)ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ခေါင်းဆောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးစိုးအောင် အဖွဲ့ဝင်များဖြစ်ကြသော ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး နေလင်းထွန်း၊ လူမှုရေးဝန်ကြီး၊ ဦးနေဝင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီးထွန်းနေလင်း၊ လုပ်ငန်းအဖွဲ့အတွင်းရေးမှူး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဝင်းနိုင်ထွန်း နှင့် တာဝန်ရှိသူများသည် အောက်တိုဘာ (၁၉)ရက်နေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ မြို့သစ်ကြီး ရပ်ကွက်ရှိ ဂျာမိုင်ကောင်း RC စခန်းသို့ ရောက်ရှိပြီး တိုက်ပွဲရှောင်ပြည်သူများနှင့်တွေ့ဆုံကာ ၎င်းတို့၏ မူလနေရပ်များတွင် ပြန်လည်နေရာချထားရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
မြန်မာနိုင်ငံဉာဏ်ရည်မသန်စွမ်းသူများဆိုင်ရာ ပညာရေးညီလာခံ ဒုတိယပိုင်းကျင်းပ နေပြည်တော်၊ ၁၇.၁၀.၂၀၁၉ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီနှင့် မြန်မာနိုင်ငံ အထူးပညာရေးအသင်းတို့ ပူးပေါင်းကျင်းပသော မြန်မာနိုင်ငံဉာဏ်ရည်မသန်စွမ်းသူများဆိုင်ရာ ပညာရေးညီလာခံ ဒုတိယပိုင်းအစီအစဉ်အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန၌ ကျင်းပရာပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့်ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့ တက်ရောက်ခဲ့ကြပါသည်။
ဂျီနီဗာ၊ ၁၁.၁၀.၂၀၁၉ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် အကြိမ်(၇၀)မြောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၏ အမှုဆောင်ကော်မတီအစည်းအဝေး တက်ရောက်နေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးသည် UNHCR ၏ အာရှနှင့်ပစိဖိတ်ဒေသညွှန်ကြားရေးမှူး Mr. Indrika Ratwatte နှင့် (၁၀.၁၀.၂၀၁၉)ရက်နေ့ နံနက်ပိုင်းတွင် ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂအဖွဲ့ရုံး၌ တွေ့ဆုံခဲ့ပါသည်။
မြင်းခြံ၊ ၁၀.၁၀.၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာမူလတန်းကြိုကျောင်းသို့ ရောက်ရှိပြီး မိဘဆရာအသင်း တာဝန်ရှိသူများ၊ မူလတန်းကြိုကျောင်းအုပ်နှင့်ဝန်ထမ်းများအား တွေ့ဆုံကာ ဝန်ထမ်းများအနေဖြင့် ကလေးများ ပြုစုစောင့်ရှောက်ရာတွင် ဘက်စုံဖွံ့ဖြိုးအောင်ပြုစုစောင့်ရှောက်သွားကြရန်၊ သင်ကြား နည်းစနစ်များကိုလည်း ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးနည်းစနစ်များနှင့် အညီပြုစုစောင့်ရှောက်သွားရန်၊ သင်ကြားမှုနည်းစနစ်များကိုလည်း ခေတ်နှင့်လျော်ညီမှုရှိစေရန် စဉ်ဆက်မပြတ်လေ့လာသင်ယူသွားကြရန် ကလေးများ၏ တစ်နေ့တာအာဟာရ ကျွေးမွေးမှုနှုန်းထားမှာ ယခင် ၃၅၀-ကျပ် သာနိုင်ငံတော်မှ သတ်မှတ်ခဲ့သော်လည်း ယခုဘဏ္ဍာနှစ် ၂၀၁၉-၂၀၂၀ တွင် ၅၀၀-ကျပ် သို့ တိုးမြှင့်သတ်မှတ်ထားသဖြင့်
ဂျီနီဗာ၊ ၁၀.၁၀.၂၀၁၉ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် အောက်တိုဘာလ (၇)ရက်မှ (၁၁)ရက်နေ့အထိ ကျင်းပ‌ နေသော အကြိမ်(၇၀)မြောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ အမှုဆောင် ကော်မတီအစည်းအဝေးတွင် ပါဝင်တက်ရောက်နေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အစည်းအဝေး တက်ရောက်စဉ်ကာလအတွင်း ကုလသမဂ္ဂအဖွဲ့အစည်းများမှ အကြီးအကဲများနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီဥက္ကဌတို့နှင့်တွေ့ဆုံခဲ့ပါသည်။
နေပြည်တော်၊ ၉.၁၀.၂၀၁၉ (၇၀)ကြိမ်မြောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ အမှုဆောင်ကော်မတီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ အဆောက်အဦး Assembly Hallတွင် (၇.၁၀.၂၀၁၉)ရက်နေ့၊ နံနက်(၁၀)နာရီတွင် ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။
နေပြည်တော်၊ ၈.၁၀.၂၀၁၉ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည် ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကြက်ခြေနီ လှုပ်ရှားမှု Red Cross Movement (RCM) မှ တာဝန်ရှိသူများဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Stephan Sakalian၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) ဥက္ကဌ ဒေါက်တာဒေါ်မြသူ၊ အပြည်ပြည် ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC)မှ Head of Country Office Mr. Joy Singhal နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၍ RCM အနေဖြင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများ၊ ကျန်းမာရေး၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ ထူထောင်ပေးရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ဆွေးနွေးခဲ့ရာ
ရန်ကုန်၊ ၅.၁၀.၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဦးဆောင်သော မြန်မာကိုစားလှယ်အဖွဲ့သည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် အောက်တိုဘာလ(၇)ရက်နေ့မှ (၁၁)ရက်နေ့အထိကျင်းပပြုလုပ်မည့် (၇၀) ကြိမ်မြောက် ကုလမသဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အမှုဆောင်ကော်မတီ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတက်ရောက်ရန် ယနေ့ညနေပိုင်းက ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
နေပြည်တော်၊ ၁.၁၀.၂၀၁၉ ၂၀၁၉ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၂ (MICC-2) ၌ ကျင်းပသည်။ အခမ်းအနားတွင် အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ယခင်နှစ်များနည်းတူ မိမိတို့မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမိသားစုဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ သက်ကြီးရွယ်အိုများ၏ လူမှုအဖွဲ့အစည်းအပေါ် အကျိုးပြုခဲ့ခြင်းများကို ကျေးဇူးပြုသောအားဖြင့်လည်းကောင်း၊