နိုဝင်ဘာ ၁၂၊ ရန်ကုန်
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမသန်စွမ်း အားကစား အဖွဲ့ချုပ်သို့ သွားရောက်ခဲ့ပါသည်။

နေပြည်တော်၊ ၆.၁၁.၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် ဦးစီးဌာနအသီးသီးမှတာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက ဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်ကြမည့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ( ရန်ကုန်၊ စစ်ကိုင်း)တို့မှ ပညာသင်ယူခဲ့သော ဘွဲ့ရတိုင်းရင်းသားလူငယ်များနှင့် တွေ့ဆုံခဲ့ပါသည်။
နေပြည်တော်၊ ၃-၁၁-၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ် ဧည့်ရိပ်သာခန်းမ၌ တောင်တန်းသာသနာပြု ဒီးမော့ဆိုမြို့မ ပရဟိတကျောင်းအတွက် အရေးပေါ် စားနပ်ရိက္ခာဖိုးငွေများထောက်ပံ့ခြင်းနှင့် ကယားပြည်နယ်အတွင်း တာဝန်ထမ်း ဆောင်နေသော ဝန်ကြီးဌာန၏ ဝန်ထမ်းများနှင့်တွေ့ဆုံခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
လွိုင်ကော်၊ ၂.၁၁.၂၀၁၉ ကယားပြည်နယ်အတွင်းရှိ မသန်စွမ်းသူများနှင့် မိခင်ဝိုင်းများအား လူမှုကာကွယ် စောင့်ရှောက်ရေး အထောက်အပံ့များပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်အစိုးရခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးအယ်ဖောင်းရှို၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ကယားပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
နေပြည်တော်၊ ၁.၁၁.၂၀၁၉ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှု များမှ ကာကွယ်တားဆီးရေးကော်မတီ၏(၃/၂၀၁၉)အစည်းအဝေးကို ယနေ့ နေ့လယ်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်း အဝေးခန်းမ၌ကျင်းပရာ ကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
ရန်ကုန်၊ ၃၁-၁-၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ဦးသူရဆန်းအောင် ဦးဆောင်သော ဟိန္ဒူလူငယ်အဖွဲ့ (Hindu Youth Society )နှင့်တွေ့ဆုံခဲ့ပါသည်။

အောက်တိုဘာ ၂၆၊ နေပြည်တော်
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံသံအမတ်ကြီး H.E Ms. Andrea Faulkner ဦးဆောင်သောအဖွဲ့က ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

အောက်တိုဘာ ၂၅၊ နေပြည်တော်
    မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ စတုတ္ထအကြိမ် (၂/၂ဝ၁၉)အစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။

မြစ်ကြီးနား၊ ၂၁-၁၀-၂၀၁၉ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs) ပြန်လည်နေရာချထားမှု အကောင် အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြစ်ကြီးနားမြို့၊ ကချင် ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ယနေ့နေ့လည်ပိုင်း၌ ကျင်းပခဲ့ရာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ကချင်ပြည်နယ်အတွင်းရှိနေရပ်စွန့်ခွာရသူများ(IDPs) ပြန်လည် နေရာချထားမှုအကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင် ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်၊ လုပ်ငန်းအဖွဲ့ ဝင်များဖြစ်ကြသော ကချင်ပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်း ၊ လူမှုရေးဝန်ကြီးဦးနေဝင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး(ဗိုလ်မှူးကြီး) ဗိုလ်မှူးကြီး ထွန်းနေလင်း ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ KHCCမှ ကိုယ်စားလှယ်များ ၊ UN Core Group နှင့် Red Cross Movement မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။