ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား Plan International Myanmar အဖွဲ့ က လာရောက်တွေ့ဆုံ

နေပြည်တော်၊ ၃.၁၂.၂၀၁၈ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Plan International Myanmar အဖွဲ့မှ Country Director ဖြစ်သူ Mr. Kelly Stevenson ဦးဆောင်သောအဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် လမ်းပေါ်နေ ကလေးများကိစ္စနှင့်ပတ်သက်၍ ဝန်ကြီးဌာနက ကနဦး လေ့လာဆန်းစစ်ခြင်းဆောင်ရွက်ထားရှိမှု အခြေအနေ၊ ပြန်လည်ထူထောင်ရေး၊ ကျောင်းပြင်ပ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့်အသက်မွေးဝမ်းကျောင်း လုပ်ငန်းများဆိုင်ရာ ဆောင်ရွက် နေမှုများကို ရှင်းလင်းဆွေးနွေးပြီး လူငယ်များနှင့်ပတ်သက်၍

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မာန်အောင်မြို့တွင် လူမှုကာကွယ်စောင့်ရှောက်ရေးအတွက် ထောက်ပံ့ခြင်းနှင့် ဘေးဒဏ်ခံဘက်စုံသုံးအဆောက်အဦ (cyclone Shelter)များ လွှဲပြောင်းပေးအပ်ခြင်းများဆောင်ရွက်

မာန်အောင်၊ ၃၀.၁၁.၂၀၁၈ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် လူမှုကာကွယ်စောင့်ရှောက်ရေးအတွက် ထောက်ပံ့ပေးခြင်းနှင့် ဘေးဒဏ်ခံဘက်စုံသုံးအဆောက်အဦ (cyclone Shelter)များ လွှဲပြောင်းပေးအပ်ခြင်းလုပ်ငန်းများကို ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး သွားရောက် ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦလှမော်ဦး နှင့်အဖွဲ့သည်ယနေ့နံနက်ပိုင်းက ရမ်းဗြဲမြို့နယ်သို့ ရောက်ရှိခဲ့ကြပြီး ထိုမှတစ်ဆင့် စက်တပ်ရေယာဉ်ဖြင့် မာန်အောင်မြို့သို့ သွားရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး HE .Mr.Daniel Patrick Chugg မှ လာရောက်တွေ့ဆုံ

နေပြည်တော်၊ ၂၆.၁၁.၂၀၁၈ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးအား ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာဗြိတိန် သံအမတ်ကြီး HE.Mr. Daniel Patrick Chugg မှ ၀န်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

IDP စခန်းများ ပိတ်သိမ်းရာတွင် စနစ်တကျဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ၂၉.၁၁.၂၀၁၈ ကချင်၊ ရှမ်း၊ ရခိုင်၊ ကရင်ပြည်နယ်တို့တွင် ဖွင့်လှစ်ထားရှိသော IDP စခန်းများ ပိတ်သိမ်းရာတွင် စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာ ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ Horizon Lake View Resort Hotel တွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ ညှိနှိုင်း အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြည်နယ်(၄)ခုမှ အစိုးရတာဝန်ရှိသူများ၊ ဒေသခံပြည်သူ များ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ လူမှုအဖွဲ့အစည်းအများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဒုက္ခသည်စခန်းရှိ ပြည်သူတို့ပါဝင်ပြီး အားလုံး၏ အကြံဥာဏ်များကို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှသာ လုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့ မည်ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် ASEAN Confederation Women’s Organizations တို့ပူးပေါင်း၍ ၁၈ကြိမ်မြောက် အာဆီယံမိတ်ဖက် အမျိုးသမီးအဖွဲ့အစည်းများ ညီလာခံကျင်းပ

နေပြည်တော်၊ ၂၈.၁၁.၂၀၁၈ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် ASEAN Confederation Women’s Organizations တို့ ပူးပေါင်းကျင်းပသည့် Handing Over Ceremony of 18th to the 19th ACWO Presidency အခမ်းအနားကို နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ​ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်‌အမှာ စကား​ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီသည် စတုတ္ထအကြိမ် မြောက် ဘေဂျင်းကမ္ဘာ့အမျိုးသမီးညီလာခံသို့ မြန်မာကိုယ်စားလှယ် အဖွဲ့တက်ရောက်ပြီး သည့်နောက် ကြေညာစာတမ်းပါအချက်များအနက်

ဒုတိယဝန်ကြီး ဦးစိုးအောင်အား မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီးလာရောက်တွေ့ဆုံ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်အား မြန်မာနိုင်ငံဆိုင်ရာဂျပန်သံမတ်ကြီး H.E, Mr. Ichiro Maruyama က ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးရုံးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

ကရင်ပြည်နယ်တွင် သောက်သုံးရေရှားပါးမှုကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် မူးယစ်ဆေးဖြတ်ပြီးသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ညှိနှိုင်းဆောင်ရွက်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော သောက်သုံးရေလိုအပ်သော ဒေသခံတိုင်းရင်းသားများအတွက် စက်ရေတွင်း၊ အုတ်ရေကန်နှင့် ရေစက်ရုံတည်ဆောက်ရေးအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားနှင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်။

ကယန်းလူမျိုးအများစုနေထိုင်ရာ ဒက္ခိဏခရိုင်၊ အရှေ့ခြမ်းတောင်ပေါ်ဒေသရှိ ကျေးရွာများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်တို့ သွားရောက် ထောက်ပံ့

ကယန်းလူမျိုးအများစုနေထိုင်ရာ ဒက္ခိဏခရိုင်၊ အရှေ့ခြမ်းတောင်ပေါ်ဒေသရှိ ကျေးရွာများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားဝန်ကြီးဌာန က ဆန်ရိက္ခာဘိုးငွေများ၊ မိခင်ဝိုင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အလယ်ချောင်း ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင်တို့ တက်ရောက်ခဲ့ကြပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ၊ စီမံချက်များကို ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်းဒေသကြီးတို့ ပူးပေါင်းဆောင်ရွက်ရေး လိုအပ်ချက်များဆွေးနွေး

ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ၊ စီမံချက်များကို အကောင်အထည်ဖေါ်ရာတွင် ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ရန် ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်း ဒေသကြီးအသီးသီးတို့၏ လုပ်ပိုင်ခွင့်များသတ်မှတ်ရေး၊ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များဆောင်ရွက်ရာတွင် စနစ်တကျချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ လူမှုအဖွဲ့အစည်းများ၊ ဖေါင်ဒေးရှင်းများ၊ အလှူရှင်များ၊ ဒေသခံပြည်သူများနှင့် ပေါင်စပ်ညှိနှိုင်းဆောင်ရွက်ရေး၊ မူဝါဒများ၊ လုပ်ငန်းစဉ်များကို ပြည်သူများနားလည်သဘောပေါက်လာစေရန် ရှင်းလင်းဆောင်ရွက်မည့် အစီ အစဉ်များကို အချိန်အပိုင်းအခြားနှင့်တကွရေးဆွဲထားရှိရေး စသည်တို့အတွက် ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၌ ကျင်းပခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂလူဦးရေနှင့်ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ လာရောက်တွေ့ဆုံ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ကုလသမဂ္ဂ လူဦးရေနှင့်ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Janet E. Jackson ဦးဆောင်သောအဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။