အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး (၁၆)ရက်တာလှုပ်ရှားမှု အဖြစ် လူထုစုပေါင်းလမ်းလျှောက်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခြင်း

မကွေးတိုင်းဒေသကြီး ၊ ၅.၁၂.၂၀၁၈ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး (၁၆)ရက်တာလှုပ်ရှားမှုအဖြစ် လူထုစုပေါင်းလမ်းလျှေက်ပွဲကို မကွေးတိုင်းဒေသကြီးအမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့် မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ “#Hear Me Too; အကြမ်းဖက်မှုရပ်တန့်ရေး အမျိုးသမီးများအသံနားထောင်ပေး ” ဆောင်ပုဒ်နှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်း

၃.၁၂.၂၀၁၈၊ မကွေးတိုင်းဒေသကြီး ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ(၃)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို မကွေးမူလတန်းကြိုကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ၊ ဒေါက်တာခင်မောင်အေးမှ အဖွင့်အမှာစကား ပြောကြားပါသည်။

အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်း

ရှမ်းပြည်နယ်၊ ၇.၁၂.၂၀၁၈ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ၂၀၁၈ခုနှစ်၊ဒီဇင်ဘာလ(၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ၊ ဘုရာဖြူရပ်ကွက်ရှိ သူငယ်တော်ယေဇူးမသန်စွမ်းနှင့် မိဘမဲ့ဂေဟာ၌ကျင်းပခဲ့သည်။ ထို့နောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ဗမာတိုင်းရင်းသားရေးရာ ၀န်ကြီး ဒေါက်တာအောင်သန်းမောင်မှ ဂုဏ်ပြုအမှာစကားပြောကြားခြင်း၊ ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများနှင့် Morning Star ဉာဏ်ရည်မသန်စွမ်း အသင်းအဖွဲ့၊ ဥက္ကဌ ဒေါ်သန်းနွယ်အောင်မှ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သ၀ဏ်လွှာအားဖတ်ကြား တင်ပြခဲ့ပါသည်။

အမျိုးသမီးနှင့်ကလေးသူငယ်များအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် ၁၆ရက်တာ လှုပ်ရှားမှုအသိပညာပေး‌ဟောပြောပွဲ

နေပြည်တော်၊ ၆.၁၂.၂၀၁၈ နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ သုခစိုး Ballroom ခန်းမ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဗဟိုနှင့် နေပြည်တော် ပြည်ထောင်စုနယ်မြေ အမျိုးသမီးကော်မတီတို့မှ ဦးဆောင်၍ ရင်ခွင်မဲ့ကလေးများ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ၊နေပြည်တော် အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ နေပြည်တော်မိခင်နှင့် ကလေးစောင့်‌ရှောက်ရေး အသင်းများအပါအ၀င် အမျိုးသမီးအဖွဲ့များ ပူးပေါင်း၍ အမျိုးသမီး နှင့်‌မိန်းကလေးငယ်များ အပေါ်နည်းမျိုးစုံနှင့်‌ အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ် ၁၆ရက်တာ လှုပ်ရှားမှု အသိပညာပေး ဟောပြောပွဲအား ကျင်းပခဲ့ပါသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ် (၁၆)ရက်တာလှုပ်ရှားမှု လူထုလမ်းလျှောက်ပွဲ

နေပြည်တော်၊ ၅.၁၂.၂၀၁၈ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီဗဟိုတို့မှ ဦးဆောင်၍ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် (၁၆)ရက်တာလှုပ်ရှားမှုလူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် (၆:၀၀)တွင် နေပြည်တော်၊ ပရဆေးဥယျာဉ်မှ ရေပန်းဥယျာဉ် အမှတ်(၃)ဂိတ်အထိ ချီတက်လမ်းလျှောက် ခဲ့ပါသည်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၄.၁၂.၂၀၁၈ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲ ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ၊ ရုံးအမှတ်(၂၃)၊ အစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်ရာ ရခိုင်ပြည်နယ်ဆိုင်ရာအကြံချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ ညှိနှိုင်းဆွေးနွေး အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ လုပ်ငန်းခွင်ဝင် မိခင်များ၏ ကလေးသူငယ်များအား စနစ်တကျစောင့်ရှောက်ရေး ဆွေးနွေးဆောင်ရွက်

ရန်ကုန်၊ ၁.၁၂.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် အတူ ကျောက်ဖြူမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသောကလေး အသက်(၂)နှစ်အထိ ငွေကြေး ထောက်ပံ့ခြင်း နှင့် ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်အတွင်း မိခင်ဝိုင်းများဖွင့်လှစ်နိုင်ရေး ဆွေးနွေး ညှိနှိုင်းထောက်ပံ့ခြင်းများဆောင်ရွက်ခဲ့ပါသည်။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင်ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ယပ်လှဲကျောင်းတိုက်သို့သွားရောက်၍ နိုင်ငံတော် သံဃ မဟာနာယကအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဆရာတော်ကြီးကို သွားရောက်ဖူးမျှော်ကြည်ညိုပြီး

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် (၁၆)ရက်တာ လှုပ်ရှားမှု အသိပညာပေး‌ဟော‌‌ပြော

နေပြည်တော်၊ ၄.၁၂.၂၀၁၈ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဗဟို မှ ဦးဆောင်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ် (၁၆)ရက်တာ လှုပ်ရှားမှု အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မြို့မဈေး ဓမ္မာရုံ၌ ကျင်းပခဲ့ပါသည်။ ဟောပြောပွဲအခမ်းအနားတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများမှ တားဆီး ကာကွယ်စောင့်‌ရှောက်ရေး၊ အကြမ်းဖက်မှု၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် မလိုလား အပ်သော ကိုယ်ဝန်ဆောင်ရခြင်းတို့မှ ကာကွယ်နိုင်ရေး၊ အကြမ်းဖက်ခံရသော အမျိုးသမီး များအား ကျန်းမာရေးစောင့်‌ရှောက်မှုပေးခြင်း ဆောင်ရွက်နေမှုများ၊ သက်ငယ်မုဒိမ်းမှုများ ကာကွယ်နိုင်ရေးနှင့်‌

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား Plan International Myanmar အဖွဲ့ က လာရောက်တွေ့ဆုံ

နေပြည်တော်၊ ၃.၁၂.၂၀၁၈ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Plan International Myanmar အဖွဲ့မှ Country Director ဖြစ်သူ Mr. Kelly Stevenson ဦးဆောင်သောအဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် လမ်းပေါ်နေ ကလေးများကိစ္စနှင့်ပတ်သက်၍ ဝန်ကြီးဌာနက ကနဦး လေ့လာဆန်းစစ်ခြင်းဆောင်ရွက်ထားရှိမှု အခြေအနေ၊ ပြန်လည်ထူထောင်ရေး၊ ကျောင်းပြင်ပ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့်အသက်မွေးဝမ်းကျောင်း လုပ်ငန်းများဆိုင်ရာ ဆောင်ရွက် နေမှုများကို ရှင်းလင်းဆွေးနွေးပြီး လူငယ်များနှင့်ပတ်သက်၍

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မာန်အောင်မြို့တွင် လူမှုကာကွယ်စောင့်ရှောက်ရေးအတွက် ထောက်ပံ့ခြင်းနှင့် ဘေးဒဏ်ခံဘက်စုံသုံးအဆောက်အဦ (cyclone Shelter)များ လွှဲပြောင်းပေးအပ်ခြင်းများဆောင်ရွက်

မာန်အောင်၊ ၃၀.၁၁.၂၀၁၈ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် လူမှုကာကွယ်စောင့်ရှောက်ရေးအတွက် ထောက်ပံ့ပေးခြင်းနှင့် ဘေးဒဏ်ခံဘက်စုံသုံးအဆောက်အဦ (cyclone Shelter)များ လွှဲပြောင်းပေးအပ်ခြင်းလုပ်ငန်းများကို ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး သွားရောက် ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦလှမော်ဦး နှင့်အဖွဲ့သည်ယနေ့နံနက်ပိုင်းက ရမ်းဗြဲမြို့နယ်သို့ ရောက်ရှိခဲ့ကြပြီး ထိုမှတစ်ဆင့် စက်တပ်ရေယာဉ်ဖြင့် မာန်အောင်မြို့သို့ သွားရောက်ခဲ့ကြပါသည်။