ဟင်္သာတ၊ ၁၉-၁-၂၀၁၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး နှင့် တာဝန်ရှိသူများ လိုက်ပါလျက်ဧရာဝတီတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ကယ်ဆယ်ရေးပစ္စည်းများသိုလှောင်ရုံ နှင့် ဘေးဒဏ်ခံအဆောက်အဦများ ကြည့်ရှုခြင်း၊ ဟင်္သာတခရိုင်ရှိ မြို့နယ်များနှင့် ကျောင်းကုန်းမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်း များနှင့်မသန်စွမ်းသူများအတွက် ထောက်ပံ့ခြင်း၊ သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့ခြင်း၊ မိခင်ဝိုင်းများဖွင့်လှစ်ရန် အတွက်ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

ဇန်န၀ါရီ ၁၆၊ နေပြည်တော်

        ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းက နေပြည်တော်၊ ကလေးပြုစုရေးဌာန အဆောက်အဦ ဆောက်လုပ်မည့်ကိစ္စ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

နေပြည်တော်၊ ဇန်နဝါရီ ၁၅

        ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ကျဆုံးသွားသည့် ရဲတပ်ဖွဲ့ဝင် (၁၃)ဦး အတွက် လှူဒါန်းငွေ ကျပ်သိန်း(၁၃၀)အား House of Orchid အဖွဲ့က လာရောက် လှူဒါန်းရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သက်ဆိုင်ရာ မိသားစုဝင်များထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

ဇန်နဝါရီလ ၁၄၊ နေပြည်တော်

          လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား NBC၊ MSNBC သတင်းဌာန  မှ Mr. Benjamin Rhodes  နှင့်  Japan Heart မှ Mr. Yuta Momose တို့ ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ မေခလာခန်းမ၌ အသီးသီး လာရောက်တွေ့ဆုံခဲ့ပါသည်။

ယင်းမာပင်၊ ဇန်နဝါရီ ၁၂

          စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ်များတွင် လူမှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး သွားရောက်ဆောင်ရွက်ပေးခဲ့ ပါသည်။

ဇန်န၀ါရီ ၉ ၊ မြစ်ကြီးနား

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မေတ္တာရင်ခွင် ပရဟိတဂေဟာနှင့် လယ်ကုန်းဗက်လင် နေရပ်စွန့်ခွာပြည်သူများရှိသော စခန်းများတွင် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ကူညီ ထောက်ပံ့ခြင်းလုပ်ငန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဆောင်ရွက်ခဲ့ပါသည်။